spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

တရားမဝင်ယမ်း လက်ဝယ်ထားရှိသူများကို ၂ လအတွင်း ဖေါ်ထုတ် တရားစွဲဆို

Author

Date

Category

နော်ဒွေးအယ်ခူ

ကယားပြည်နယ်၊ လွိုင်ကော်မြို့ နွားလဝိုးကျေးရွာ စက်မှုဇုန်ရှိ ယာဉ်ကြီးရပ်နားစခန်းသိုလှောင်ရုံအတွင်း တရားမဝင်ယမ်းနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိခဲ့ရမှုနှင့် ပတ်သက်၍ ကွင်းဆက်တရားခံများကို အမှုဖွင့်တရားစွဲဆိုထားကြောင်း လွိုင်ကော်မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်တွင်တရားခံဖြစ်သူ ဒေါ်မြမြစိမ်း(ခ)အားတုံအား လက်နက်ဥပဒေ ပုဒ်မ ၁၈(ဂ)/ ၁၉(စ)၊ လျူကြင်းအား လက်နက်ဥပဒေ ပုဒ်မ ၁၉(စ) ဖြင့်လည်းကောင်း၊ ယာဉ်မောင်း ခင်မောင်ဝင်းနှင့် ယာဉ်နောက်လိုက် သန်းထွေးအောင်တို့အား လက်နက်ဥပဒေ ပုဒ်မ ၁၉(ဃ) ဖြင့်လည်းကောင်း ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားသည်။

လွိုင်ကော်စက်မှုဇုန်၌ ဇွန်လ(၃)ရက်နေ့တွင် တွေ့ရှိခဲ့ရသော တရားမဝင်ယမ်းနှင့်ဆက်စပ်ပစ္စည်းများနှင့် ပတ်သက်၍ ပါဝင်ပတ်သက်သည့် ကွင်းဆက်တရားခံများအား (၂)ပတ်အတွင်း ဖော်ထုတ်နိုင်ခဲ့သည်။

ဖမ်းဆီးရမိသည့် တရားမဝင်ယမ်းနှင့်ဆက်စပ်ပစ္စည်းများကို တရားခံ ဒေါ်မြမြစိမ်း(ခ)အားတုံသည် Online မှတဆင့် ဂိုဒေါင်အရောက် ဝန်ဆောင်မှုဖြင့် မှာယူခဲ့ခြင်းဖြစ်ပြီး မူဆယ်-လာရှိုး-မန္တလေး လမ်ကြောင်းမှ လွိုင်ကော်သို့ သယ်ယူခဲ့ခြင်းဖြစ်သည်။

အဆိုပါယမ်းနှင့် ဆက်စပ်ပစ္စည်းတန်ဖိုးမှာ ယွမ်(၁၀၀၀၀)ဖြစ်ပြီး ဂိုဒေါင်အရောက်ဝန်ဆောင်ခမှာ ယွမ်(၂၀၀၀၀)ဖြစ်ကာ မြန်မာငွေခန့်မှန်းတန်ဖိုးမှာ သိန်း(၆၀)ခန့်ဖြစ်သည်ဟု အာဏာပိုင်က သတင်းထုတ်ပြန်သည်။

ယမ်းနှင့်ဆက်စပ်ပစ္စည်းများကို တရုတ်နိုင်ငံသားများနှင့် လုပ်ငန်းစပ်တူ လုပ်ကိုင်ရန်အတွက် မယ်စဲ့မြို့ရှိ ကျောက်မိုင်းခွဲခြင်းလုပ်ငန်းတွင် သုံးရန် လိုအပ်သောယမ်းများကို Online မှတဆင့် တရုတ်နိုင်ငံတွင် မှာယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းယမ်းပစ္စည်းများဖြင့် ကျောက်ခွဲခြင်းလုပ်ငန်းတွင် အသုံးပြုရန် တရားခံ မအားတုံသည် ဖားဆောင်းမြို့နယ်ရှိ ကလလတဥက္ကဌ ဦးထွန်းကျော်နှင့်တွေ့ဆုံခဲ့ပြီး ကျောက်ခွဲခြင်းလုပ်ငန်းလုပ်ကိုင်နိုင်ရန် လုပ်ကွက်တောင်းခံခဲ့ကြောင်း အာဏာပိုင်များက စုံစမ်းဖေါ်ထုတ်သည်။

ကယားပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းကြည်မှ “ဦးထွန်းကျော်က လုပ်ကွက်လျှောက်ထားလို့ရလို့ တစ်နှစ်အတွင်းလုပ်မယ်ဆိုရင် အကျိုးအမြတ်ကိုမယူဘူး၊ တစ်နှစ်ကျော်ရင်တော့ အကျိုးအမြတ်ကို ခွဲပေးရမယ်ဆိုတာကို သဘောတူခဲ့ပါတယ်။” ဟု ရှင်းလင်းတင်ပြခဲ့သည်။

ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ စက်မှုဇုန်အတွင်း ဝင်ရောက်တွေ့ရှိခဲ့မှုအပေါ် စိစစ်ဖော်ထုတ်တွေ့ရှိချက်များအား ထုတ်ပြန်ဆောင်ရွက်နိုင်ရန်ရေးအတွက် ရှင်းလင်းဆွေးနွေးပွဲအား ဇွန်လ (၁၈)ရက်နေ့၊ ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ cabinet အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ်ထံ အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။

နွားလဝိုးကျေးရွာအနီးရှိ လွိုင်ကော်စက်မှုဇုန်တွင် ဒေါ်မြမြစိမ်း(ခ)အားတုံ ဌားရမ်းထားသော သိုလှောင်ရုံအခန်းအမှတ် (၉/၁၀)အား ၂၀၁၈ခုနှစ် ဇွန်လ(၃)ရက်နေ့တွင် ကယားပြည်နယ်သတ္တုတွင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးဆောင်သည့်အဖွဲ့က ကယားပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် ဝင်ရောက်စစ်ဆေးရာမှ တရားမဝင်သိုလှောင်ထားသော ပစ္စည်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

စက္ကူဖာဖြင့်ထည့်ထားသော အရှည်(၉)လက်မ၊ လုံးပတ်(၃)လက်မခန့်ရှိ ယမ်းချောင်း (၄၈၀၀) ချောင်း၊ အရှည်(၁၂)ပေခန့်ရှိ အဖြူရောင်စနက်တံကြိုးနှင့် တွဲလျက် အရှည် (၂)လက်မခန့်ရှိ အနက်ရောင် ဒီတိုနေတာ (၄၀၀၀)ချောင်းတို့အား သိမ်းဆည်းရမိခဲ့သည်။

spot_img
spot_img

Recent posts