spot_imgspot_imgspot_imgspot_img
Tuesday, March 19, 2024
spot_imgspot_imgspot_imgspot_img

တရားမဝင်သေနတ် သယ်ဆောင်မှု ၅ ဦး​မြောက်​ တရားခံnလွိုင်ကော်တွင် ထပ်မံဖမ်းမိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

သာစည်မြို့နယ်တွင် လွိုင်ကော်မှ မန္တလေးသို့ တရားမဝင်သေနတ်သယ်ဆောင်မှု၏ ကွင်းဆက်တရားခံတစ်ဦးကို ဇူလိုင်လ ၂၁ ရက်နေ့ နေ့လည် ၂ နာရိခွဲအချိန်က သက်သေခံပစ္စည်းများနှင့်တကွ ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရသည်။

သာစည်မြို့မရဲစခန်း (ပ) ၁၆၇/၁၇၊၁၉၅၁ လက်နတ်ယာယီပြင်ဆင်ချက် အက်ဥပဒေပုဒ်မ ၁၉/က အမှု၏ ကွင်းဆက်တရားခံဖြစ်သော ဗိုင်းလျန်ဟရန်း(ခ)ကိုဆလိုင်း ငှားရမ်းနေထိုင်သော လွိုင်ကော်မြို့နယ်၊ ထေးသမရပ်ကွက်၊ အမှတ် (၂၁၀) နေအိမ်အား ဝရမ်းအမှတ်(၂၅/၂၀၁၇)ဖြင့် ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှ အဆိုပါနေအိမ်သို့ ဝင်ရောက်ရှာဖွေရာတွင် ဗိုင်းလျန်ဟရန်း(ခ)ကိုဆလိုင်းအား မတွေ့ရှိရဘဲ ခေတ္တစောင့်ဆိုင်းနေစဉ် ဗိုင်းလျန်ဟရန်း(ခ)ကိုဆလိုင်းသည် ၂၁ယ/၃၃၄၆၉ ဟွန်ဒါတီနာအမျိုးအစား ဆိုင်ကယ်ဖြင့် နေအိမ်ခြံဝန်းအတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ဗိုင်းလျန်ဟရန်း(ခ)ကိုဆလိုင်းကို တာဝန်ရှိသူများမှ အသိသက်သေနှင့်အတူ ရှာဖွေရာတွင် နေအိမ်အတွင်းရှိ အနောက်ဖက်နံရံဘေးအခြေတွင် အနက်ရောင် လက်ကိုင်ပါ အပြာရောင် ပလပ်စတစ်ခြင်းအတွင်း ပလပ်စတစ်အကြည်ရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ပိုးထားသော အဖြူရောင် ကော်ဘူးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြာဟု ယူဆရသော 88 နှင့် 1 စာတန်းတစ်ဖက်စီပါ ပန်းရောင်ဆေးပြား (၁၄၅)ပြား၊ အလေးချိန်(၁၃.၀၅) ဂရမ်တွေ့ရှိခဲ့သည်။

ထို့အပြင် အဆိုပါ နေအိမ်၏ အရှေ့ဘက်နံရံအခြေ(အိမ်အတွင်း)မှ မောင်ဗိုင်းလျန်ဟရန်းအမည်ပါ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁ ခု၊ ဗိုင်းလျန်ဟရန်း(ခ)ကိုဆလိုင်း စီးနင်လာသော ဆိုင်ကယ် ဖင်ထိုင်ခံအောက်​မှ သက်သေခံလက်မှတ် ဗိုင်းလျန်ဟရန်းအမည်ပါ ဆိုင်ကယ်ငွေရပြေစာနှင့် မော်တော်ဆိုင်ကယ် မှတ်ပုံတင်စာအုပ်များပါ မော်တော်ဆိုင်ကယ်အာမခံစာအုပ်(၁)အုပ်တို့ကိုလည်း ရှာဖွေတွေ့ရှိကာ သက်သေခံပစ္စည်းအဖြင့် သိမ်းဆည်းခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

စစ်ဆေးချက်အရ အဆိုပါဖမ်းဆီးရရှိခဲ့သော စိတ်ကြွရူးသွပ်ဆေးပြားများမှာ လွန်ခဲ့သော ၃ နှစ်ခန့်က နေစိုးထွေးမင်း(ခ) နေစိုးထံမှ ရောင်းချပေးရန်အတွက် နမူနာပေးအပ်ခဲ့သော ဆေးပြားများဖြစ်ကာ ၎င်းကိုယ်တိုင် မသုံးစွဲတတ်/ရောင်းချခြင်းလည်း မပြုလုပ်တတ်သဖြင့် ကျန်ရှိနေသည့် ဆေးပြားများဖြစ်ကြောင်း သိရသည်။

ဗိုင်းလျန်ဟရန်း(ခ)ကိုဆလိုင်းနှင့် ရောင်းချရန်ပေးအပ်ထားသူ နေစိုးထွေးမင်း(ခ)နေစိုး(သာစည်မြို့မရဲစခန်း (ပ) ၁၆၇/၁၇၊၁၉၅၁ လက်နတ်ယာယီပြင်ဆင်ချက် အက်ဥပဒေပုဒ်မ ၁၉/ကဖြင့် အရေးယူထားသူ) တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူပေရန် မူးယစ်တပ်ဖွဲ့စု(၂၀)လွိုင်ကော်၏ ရဲအုပ် မင်းဟန်မှ တရားလိုပြုလုပ်ပြီး တိုင်တန်းထားကြောင်း သိရသည်။

ယခုဖြစ်ပွားခဲ့သော အမှုအပါအဝင် သာစည်မြို့မရဲစခန်း (ပ) ၁၆၇/၁၇၊၁၉၅၁ လက်နတ်ယာယီပြင်ဆင်ချက် အက်ဥပဒေပုဒ်မ ၁၉/က ဖြင့် နောက်ဆက်တွဲ ကွင်းဆက်တရားခံစုံစမ်းဖေါ်ထုတ်ပြီး ဖမ်းဆီးခဲ့သော တရားခံစုစုပေါင်းမှာ ငါးဦးအထိ ရှိသွားပြီ ဖြစ်သည်။

spot_img
spot_img

Recent posts