spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

တိုက်ပွဲတွေကြား တနိုင်တပိုင်နွားမွေးမြူသူတွေအခက်အခဲဖြစ်၊ လက်နက်ကြီးတွေကြောင့် နွားသေဆုံးမှုတွေလည်းရှိနေ

Author

Date

Category

ကေးဒူ ( ကန္တာရဝတီ တိုင်း(မ်))

ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ တစ်နိုင်တစ်ပိုင် နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေကြတဲ့ ပြည်သူတွေဟာ စစ်ရှောင်ရင်း နွားမွေးမြူရေး ကို ဆက်လက်လုပ်ကိုင်နေရ ပေမယ့် တိုက်ပွဲဖြစ်နေတာတွေ၊ လက်နက်ကြီး ကျရောက်မှုတွေကြောင့် မွေးမြူရေးမှာခက်ခဲနေကြတယ်လို့ဆိုပါတယ်။

စစ်ရှောင်ကာလ တစ်နှစ်ကျော်လာပြီ ဖြစ်တဲ့အတွက် စားဝတ်နေရေး အတွက် အဆင်မပြေသလို ကျွဲ၊နွားတွေအတွက် အစာရေစာ အခက်အခဲတွေရှိနေတယ်လို့ စစ်ရှောင်ရင်း တစ်နိုင်တစ်ပိုင် နွားမွေးမြူရေး လုပ်နေတဲ့သူတစ်ဦး ဖြစ်တဲ့ ဒေါ်တီမိုးက ပြောပါတယ်။

” ဒီတောထဲမှာဆို နေရထိုင်ရလည်း စားဖို့သောက်ဖို့လည်း ဆင်မပြေဘူး။ နေဖို့ထိုင်ဖို့လည်း ဆင်မပြေဘူး။နောက်မိုးရွာလို့ရှိရင် ပိုဆိုးသေး။ မိုးကာကမလုံတော့ တခါတလေ လည်း မိုးမရွာဘူးဆိုနေပျော်ပါတယ်။ မိုးရွာလို့ရှိရင် နွားအတွက်လည်းလို ကျွဲအတွက်လည်း ဗွက်တွေလည်း ထူခါကျတော့အဆင်မပြေဘူးပေါ့ “လို့ ဒေါ်တီမိုးက ပြောပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေကြားထွက်ပြေးပုန်းရှောင်နေကြရတာတွေအပြင် စစ်ကောင်စီရဲ့ လက်နက်ကြီးဒဏ်ကြောင့်လည်း တစ်နိုင်တစ်ပိုင်မွေးမြူထားတဲ့ နွားတွေ ထိခိုက် သေဆုံးတာတွေ၊ စစ်ရှောင်ရင်း ပျောက်ဆုံးသွားတာတွေလည်း ရှိနေတယ်လို့ နို့စားနွား အကောင် ၄၀ ကို တစ်နိုင်တစ်ပိုင် မွေးနေတဲ့ ဦးဖိုးရယ်က ပြောပါတယ်။

“သေသွားတဲ့နွားတွေလည်း ကျနော်တို့ ထားခဲ့လိုက်ရတယ်ပေါ့နော်။ အရင်ကဆို ချက်ချင်း ပြေးနေတဲ့အချိန်ပေါ့။ အဲ့ပြေးတဲ့အချိန်ဆို တူလေး တစ်ယောက်ဟာဆို ၃ ကောင်လောက်သေသွားတယ်ပေါ့။ အကြီးတွေပေါ့။ အကြီး ၃ ကောင်လောက်တော့ပါသွားတယ်။နောက်ရွာထဲကဟာဆို အများကြီးပဲ သေသွားတာတော့ မမှတ်မိတော့ဘူး။ ဘယ်လိုမျိူးပြောမယ်ဆို လွတ်သွားတဲ့အကောင်တွေလည်း အများကြီး ပဲ။နောက်ပိုင်း နောက်တခေါက်ထွက်ပြေးရတဲ့အချိန်ကျတော့လည်း အများကြီး ကျန်ရစ်ခဲ့တယ်။သေတယ်။သေသွားတဲ့ဟာလည်း သေတယ်။ ပြန်ဖမ်းလို့ ရတဲ့ဟာလည်း ဖမ်းရတယ်။အများကြီးပဲပေါ့။ နောက်ဒီအခု ကျနော့်တို့ လောလောဆယ် ကျောင်းတဲ့ဟာတွေကတော့ ကျန်တဲ့နွားတွေပဲပေါ့ “ လို့ တစ်နိုင်တစ်ပိုင် နွားမွေးမြူရေး လုပ်နေတဲ့ ဦးဖိုးရယ်က ပြောပါတယ်။

လက်ရှိမှာလည်း မွေးမြူထားတဲ့ ကျွဲ၊ နွားတွေ ခွာနာ လျှာနာ တွေဖြစ်ပွားနေလို့ သိကျွမ်းနားလည်တဲ့ တိရိစ္ဆာန် ဆရာဝန် မရှိတဲ့အတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေကြရတယ်လို့ သိရပါတယ်။

ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ကျေးရွာတွေမှာဆိုရင် တောင်ယာလုပ်ငန်းတွေမှာ အသုံးပြုဖို့ နွားတွေ မွေးမြူထားတာရှိသလို အသားစားနွား တွေကို အများစုက တစ်နိုင်တစ်ပိုင် မွေးမြူထားကြတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts