တိုက်ပွဲအတွင်းဒဏ်ရာပြင်းထန်ရရှိခဲ့တဲ့ KNDF ရဲဘော် မောင်ဂျူးဒစ် ဆေးကုသမှုခံယူရင်း ကျဆုံး

0
4613

ကန္တာရဝတီတိုင်း( မ် )

တိုက်ပွဲအတွင်း ဒဏ်ရာပြင်းထန်ရရှိခဲ့တဲ့ KNDF B-09 ရဲဘော် မောင်ဂျူးဒစ် ဆေးကုသမှုခံယူရင် ဇွန်လ ၁၉ရက်နေ့မှာ ကျဆုံးသွားခဲ့တယ်လို့ KNDF -09 က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက်နေ့ ဒီးမော့ဆိုမြို့ ၆မိုင်ကျေးရွာအုပ်စုမှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီနဲ့ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး မောင်ဂျူးဒစ်အပါအဝင် ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အသက် ၁၈နှစ်အရွယ်ရှိပြီဖြစ်တဲ့ မောင်ဂျူးဒစ်ဟာ ၂၀၂၁ခုနှစ် ဇွန်လ ၂၅ရက်နေ့မှာ KNDF ထဲ ဝင်ရောက်ခဲ့ပြီး ၂၀၂၂ခုနှစ် ဇွန်လ ၁၉ရက်နေ့မှာ ကျဆုံးသွားတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ကရင်နီဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားနေပြီး တစ်နှစ်ကျော်ကာလအတွင်း ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ၁၂၈ဦး ကျဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု ( PKPF ) က ၂၀၂၂ခုနှစ် ဇွန်လ ၁ရက်နေ့ မှာ ထုတ်ပြန်ထားပါတယ်။