spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံနေရတဲ့ ကရင်နီပြည်ကို စစ်ကောင်စီက ငြိမ်းချမ်းရေးကမ်းလှမ်း

ကန္တာရဝတီတိုင်း(မ်)

စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေနဲ့ အင်အားအလုံးအရင်း ပစ်ခတ်တိုက်ခိုက်ခံနေရတဲ့ ကရင်နီပြည်ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ စစ်ကောင်စီက နှစ်(၇၀)ပြည့် ကယားပြည်နယ်နေ့ အခမ်းအနား သဝဏ်လွှာမှာ ထည့်သွင်း ကမ်းလှမ်းလိုက်ပါတယ်။

တိုင်းရင်းသားတွေ လိုလားတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို တပ်မတော်နဲ့အတူ နိုင်ငံ့ဝန်ထမ်းအားလုံး၊ အရပ်ဘက် အဖွဲ့အစည်းအားလုံး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှ အချိန်တိုအတွင်း ရရှိနိုင်မယ်လို့ သဝဏ်လွှာမှာပါရှိပါတယ်။

စစ်ကောင်စီရဲ့ သဝဏ်လွှာနဲ့ ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) အနေနဲ့ ဆွေးနွေးဖို့မရှိဘူးလို့ အတွင်းရေးမှူး ( ၁ ) ခူဒယ်နီယာယ်က ပြောပါတယ်။

“ တိုင်းရင်းသား ပြည်သူက အဓိကဘဲ ကျနော်တို့ တိုင်းရင်းသားပြည်သူက သူ့ကို လက်မှမခံဘဲကို ဆိုတော့ ကျန်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက လက်ခံရခက်တယ်ပေါ့။ ဆိုတော့ သူပြောတာက တိုင်းရင်းသားပြည်သူ အဖွဲ့အစည်းတွေကလည်း ပြည်သူလူထုတွေအတွက် အလုပ်လုပ်တယ်။ ဆိုတာက နဂိုကတည်းက ရည်ရွယ်ချက်ရှိပြီးသားဘဲပေါ့နော။ ဆိုတော့ ဒီပြည်သူလူထုက သူ့ကို လက်မခံဘူး။ ပြည်သူလူထုကိုယ်၌က သူ့ကို တိုက်နေတယ်။ အဲ့လိုမျိုး သွားဖြစ်နေတော့ အဲ့လိုသွားဖြစ်နေတော့ လူထုက လက်မခံတဲ့ အလုပ်တစ်ခုကို အဖွဲ့အစည်းတွေကလည်း လက်ခံနိုင်တဲ့ အကြောင်းမရှိဘူး။” လို့ပြောပါတယ်။

ကယား(ကရင်နီ)ပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း KA ၊ KNDF PDF နဲ့ စစ်ကောင်စီတို့ နေ့စဉ် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းပါ အသုံးပြုပြီး တိုက်ခိုက်နေပါတယ်။
ယခုရက်ပိုင်းအတွင်း လွိုင်ကော်မြို့ပေါ်မှာပါလည်း ဆက်တိုက်ပွဲဖြစ်ပွားပြီး ကရင်နီပြည်ရဲ့ လူဦးရေ ထက်ဝက်ကျော်က စစ်ဘေးဒုက္ခသည်ဖြစ်နေကြရပါတယ်။

နှစ် (၇၀) ပြည့် ကယားပြည်နယ်နေ့ အခမ်းအနားကို ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ခန်းမမှာ ကျင်းပခဲ့ပြီး ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး အပါအဝင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးစောဒယ်နီယာယ် ဦးရွှေကျင်း ဦးထွန်းထွန်းနောင် စတဲ့ ပြည်နယ် အစိုးရ အဖွဲ့ဝင်ဝန်ကြီးတွေ ဌာနဆိုင်ရာ ဝန်ကြီးတွေနဲ့ ဒေသခံ တိုင်းရင်းသား၊ တိုင်းရင်းသူတွေ တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီပိုင်မီဒီယာမှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img