spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

တိုင်းရင်းသားရေးရာဝန်ကြီးဌာနတွက် ဘတ်ဂျက် ၁ ရာခိုင်နှုန်းအောက်တွင်သာရရှိ

Author

Date

Category

မူအက်စတာ

ငြိမ်းချမ်းရေး နှင့် တိုင်းရင်းသားအရေးကို ဦးစားပေးဆောင်ရွက်မည် ဆိုသည့် အစိုးသစ်လက်ထက်တွင် ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်းဒေသကြီးတွင်ပါ တိုင်းရင်းသားရေးရာဝန်ကြီးဌာနသည် ဘတ်ဂျက် အနည်းဆုံး ရရှိသည့် စာရင်းတွင် ပါဝင်နေသည်။

တိုင်းရင်းသားရေးရာဝန်ကြီးဌာန၏ လုပ်ငန်းလုပ်ပိုင်ခွင့်များမှာ တိုင်းရင်းသားများ၏ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့များ၊ စာပေသင်ရိုးညွှန်တမ်းများ ရေးဆွဲပိုင်ခွင့်ရရှိရေးတို့အတွက် ဆောင်ရွက်ပေးရန်ဖြစ်သည်။ တိုင်းဒေသကြီး/ပြည်နယ်အပါအဝင် ဘတ်ဂျက်ရရှိမှု နည်းနေခြင်းအပေါ် ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မဲဆန္ဒနယ် အမှတ်(၁)မှ ဦးသဲရယ်က ၎င်း၏အမြင်ကို ပြောကြားသည်။

“ တိုင်းရင်းသား စာပေယဉ်ကျေးမှုတွေ ဘတ်ဂျက်ပိုမိုမြှင့်တင်နိုင်ဖို့အတွက် ဘတ်ဂျက်တွေ တိုးမြင့်လျာထားခြင်း ရှိမရှိဆိုတဲ့အချက်နဲ့ ကျွန်တော့် မေးခွန်း သုံးခုက်ို လွှတ်တော်ဥက္ကဌက ပယ်ချခဲ့တယ်၊ ဘာကြောင့်ပယ်ချခဲ့တာလဲ ကျွန်တော်မတွေးတတ်ဘူး။ ဒီလိုပယ်ချလိုက်တဲ့အပေါ်မှာ ကျွန်တော်သိပ်စိတ်မသက်မသာ ဖြစ်သွားတယ်ပေါ့နော ကျွန်တော်တို့တိုင်းရင်းသားတွေကို အရေးမစိုက်တာလား ဆိုတဲ့မေးစရာ မေးခွန်းဖြစ်လာတယ်ပေါ့နော ” ဟု ၎င်းကပြောခဲ့သည်။
ယခုနှစ် ၂၀၁၇-၂၀၁၈ ပြည်ထောင်စုဘတ်ဂျက် တွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနအတွက် ဘတ်ဂျက် ရရှိမှုမှာ ဝဒသမ၂ ရာခိုင်နှုန်းသာရှိပြီး ကယားပြည်၏ ဘတ်ဂျက်တွင်လည်း ၅၃.၈၄၅ သန်းရရှိပြီး အနည်းဆုံးတွင်ပါဝင်သည်။

ကယားပြည်နယ်၏ ဘတ်ဂျက်များတွင်လည်း အများဆုံးရရှိသည့် ဌာနများမှာလမ်းဦးစီးဌာနဖြစ်ပြီး သုံးစွဲမှုဘတ်ဂျက်မှာ ကျပ်သန်းပေါင်း ၁၉၀၀၀.၀၀ဝ ဖြစ်ပြီး စည်ပင်သာယာရေးအဖွဲ့မှာ ကျပ်သန်းပေါင်း (၆၀၃၇.၂၅၇) ဒုတိယအများဆုံး အသုံးပြုခဲ့သည့်ဌာနဖြစ်သည်။

တိုင်းရင်းသားရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးရေးလုပ်ဆောင်ရန်အတွက် လုပ်ပိုင်ခွင့်မရှိသည့်အတွက် သုံးစွဲရသည့်ဘတ်ဂျက်မှာလည်း အနည်းဆုံးသာ ရရှိသည်ဟု သိရသည်။

“တိုင်းရင်းသာလူမျိုးများ ကာကွယ်စောင့်လျှောက်ရေးဥပဒေ ထွက်တယ် အဲ့ဥပဒေထွက်တဲ့အချိန်မှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကိုဘဲ ကာကွယ်စောင့်ရှောက်ရမယ်လို့ ပြောတယ်
နောက် စာပေယဉ်ကျေးမှုမြှင့်တင်ဖို့ဆိုတာ အထိဘဲရှိတယ် 
အဲ့ဒါ တိုင်းရင်းသားလူမျိုးများ၏ ဖွံဖြိုးတိုးတက်ရေးအတွက်ဆိုတာကို ထည့်မထားတော့ ဘဏ္ဍာရှာဖွေရေးက ကျွန်တော်တို့ကို လုံးဝဒီ တိုင်းရင်းသားရေးရာဝန်ကြီးက ဒီဘဏ္ဍာငွေက်ိုလုံးဝမ သုံးရဘူးဆိုတာ တက်လာတာပေါ့” ဟု ရှမ်းပြည်နယ်မှ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးခွန်းအေးမောင်က ပြောသည်။

တိုင်းရင်းသားရေးရာဝန်ကြီးများ တွေ့ဆုံချိန်တွင် တိုင်းရင်းသားများ၏ အခန်းကဏ္ဍကို မြှင့်တင်ပြီးဥပဒေကို ပြန်လည်ပြုပြင်ရန် ကြိုးစားသွားကြမည်ဖြစ်ကြောင်း သိရသည်။

၎င်းတို့အနေဖြင့် လွှတ်တော်အတွင်းတွင် မေးခွန်းမေးမြန်း၊ တင်ပြမှုများ မရှိသော်လည်း မြေပြင်တွင် တိုင်းရင်းသားများနှင့်သက်ဆိုင်သည့် လုပ်ငန်းတော်တော်များများ ဆောင်ရွက်နေပြီဖြစ်ကြောင်း ကယားပြည်နယ်မှ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးလှမျိုးဆွေက ပြောသည်။

“လုပ်ငန်းပိုင်းတော်တော်များများတော့ ကျွန်တော်တို့ လုပ်ထားတာရှိပါတယ်။ စာပေ(၆)ဖွဲ့ရဲ့ စာပေကိစ္စတွေ၊ သင်ရိုးညွှန်တမ်းကိစ္စတွေ၊ နောက်ထပ်ကျွန်တော်တို့ဒီဘတ်ဂျက်ကိစ္စတွေ ကျန်တဲ့ ဌာနဘက်က ပညာရှင်အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ လုပ်ငန်းတွေကို အားထည့်ပြီးတော့ လုပ်နေပါတယ်” ဟု ၎င်းကပြောသည်။

၎င်းက ဗမာတိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးအနေနှင့် Mother Law ဟူသည့် အခြေခံဥပဒေရှိ ပြီးသားဖြစ်သည့်အတွက် လုပ်ငန်းများလုပ်ဆောင်ရမည့်အပိုင်းတွင် အားထည့်လုပ်ဆောင်စရာမလိုပဲ တိုင်းရင်းသားများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး ဥပဒေကိုသာ အခြေခံပြီး လုပ်ငန်းအပိုင်းကို ဦးစားပေးလုပ်ဆောင်လျှက် ရှိနေကြောင်း ၎င်းကဆက်ပြောသည်။

၎င်းတို့၏ လုပ်ဆောင်ချက်ကြောင့် ယခင်အစိုးရလက်ထက်က သင်ကြားခွင့်မရှိခဲ့သည့် တိုင်းရင်းသားစာပေများကို ၎င်းတို့လက်ထက်တွင် သင်ကြားခွင့်များ၊ သင်ရိုးညွှန်တမ်းများ ရေးဆွဲခွင့်များ၊ ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှုများ ဖော်ထုတ်ခွင့် စသည့်အခွင့်အရေးများ ရရှိနေပြီဖြစ်သည်။

သို့သော် ၎င်းတိုင်းရင်းသားများ၏ စာပေပွဲတော်များ၊ ရိုရာပွဲတော်များ ကျင်းပရန်အတွက် ဘတ်ဂျက်များ ကျခံသုံးစွဲနိုင်ရန် တိုင်းရင်းသားကိုယ်စားလှယ်များက အလိုရှိသည်။ ထို့ကြောင့် လွှတ်တော်တွင် တိုင်းရင်းသားများအရေးကို ဦးစားပေးထည့်သွင်းစဉ်းစားစေချင်သည်ဟု ဦးသဲရယ်က ပြောပါသည်။

တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနတွင် အခြားဌာနများကဲ့သို့ သတ်မှတ်ထားသည့်ဝန်ထမ်းများ မရှိသည့်အတွက် ဘဏ္ဍာရေးဝန်ထမ်းများက ၎င်းတို့ကို ဘဏ္ဍာငွေသုံးစွဲခွင့်မပေးထားကြောင်း ဝန်ကြီးဦးခွန်းအေးမောင်က ပြောပါသည်။

spot_img
spot_img

Recent posts