spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

တိုင်းရင်းသားပါတီတွေကနေ မဲစာရင်း အမှားတွေကို အိမ်တိုင်ယာရောက် ပြင်ဆင်ဖို့ ကြိုးစားမှုကို ရွေးကောက်ပွဲကော်မရှင်က လက်မခံ

Author

Date

Category

စိုးထိုက်အောင်
ကျေးရွာအုပ်စုတွေမှာ ကပ်ထားတဲ့မဲစာရင်းတွေက အမည်၊မှတ်ပုံတင် နံပါတ် မှားတာတွေအပြင် အမည်မပါရှိတဲ့ သူတွေ ကို တအိမ်တက်၊ တအိမ်ဆင်း လိုက်လံပြုပြင် ပေးဖို့ တိုင်းရင်းသားပါတီတွေက ရွေးကောက်ပွဲ ကော်မရှင်ဆီကို ခွင့်တောင်းပေမဲ့ မရဘူးလို့ ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီထူးကပြောပါတယ်။

“ ကျနော်တို့ဝင်ပြိုင်ဖို့ကြိုးစားတဲ့တစ်ချို့မဲရုံမှာဆိုရင် မဲရုံက ၅၀၀ လောက်ပဲရှိတာပေါနော်။ အဲ့ဒီမှာ လူ ၂၀ လောက်ပေါနော်မှားတာပေါ့။ ပျမ်းမျှအားဖြင့်တော့ရာခိုင်နှုန်းတော်တော်များတယ်ပေါ့နော်။ ဆိုတော့ဒီမှားနေတဲ့ဟာတွေ တစ်ချို့သွားတဲ့ဟာတွေပါတယ်။ တစ်ချို့က နာမည်မှားနေတဲ့အကြောင်းအရာပေါနော် ဆိုတော့အဲ့တာကိုပြင်နိုင်ဖို့အတွက်ကို လုပ်ပေးကူချင်တယ်ပေါ့။ နံပတ်တစ်ကတော့ ကျနော်တို့ကော်မရှင်က ကျနော်တို့ကို မဲစာရင်းပေးနိုင်ဖို့ဖြစ်ပြီးတော့မှ တစ်အိမ်တက်တစ်အိမ်ဆင်းလိုက်တိုက်ပေးနိုင်တယ်ဆိုတဲ့အကြောင်း ကျနော်တို့ခွင့်တောင်းသော်ငြားလည်း ကော်မရှင်ကကျနော်တို့ကို မဲစာရင်းမပေးဘူးပေါနော်။” လို့ ကိုဘီထူးကပြောပါတယ်။

ပြည်နယ် ရွေးကောက်ပွဲ ကော်မရှိကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာတော့
““ မဲစာရင်းတွေ အခု ကြိုကပ်ထားတယ်။ အခုကပ်ထားတုန်းပဲ ရှိသေးတယ်။ ပြင်ဆင်၊ ဖြည့်စွက်ခြင်းတွေ မလုပ်ရသေးဘူး။ ပြင်ဆင်၊ ဖြည့်စွက်ခြင်းတွေလုပ်ပြီးသွားရင်တော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့မှ ဒါတွေကို ပါတီတွေကို ပေးပါဆိုတဲ့ညွှန်ကြားချက်ရရင်ထုတ်ပေးမယ်။” ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

မဲစာရင်းမှားနေတာတွေနဲ့ပတ်သတ်ပြီး ပြည်နယ်အတွင်း ကကျေးရွာအုပ်စုအချို့ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ မယ်စဲမြို့နယ်တောင်ပိုင်းရပ်ကွက် မှာမဲစာရင်းမှာ အမည်မပါသူတွေ ၂၀ ဝန်းကျင်၊ ဘောလခဲ ချိ့ကွဲ့ အုပ်စုမှာ ၁၄ ဦး၊ လွိုင်ကော် ဧက၅၀၀ ရပ်ကွက်မှာ ၁၂၀ ဦး နဲ့ ဒီးမော့ဆိုမြို့ စံပြ ၆ မိုင် အုပ်စုမှာ ၁၉ ဦးအပြင် ဒီးမော့ဆို ဒေါတဝီကျေးရွာမှာ ၁၀၀ ကျော်လောက် မဲစာရင်း ပြင်ဆင်ရမှာ ရှိနေပါတယ်။

မဲစာရင်းမှာ မှားနေတဲ့လူတွေရဲ့နာမည်၊ မှတ်ပုံတင်မိတ္တုတွေနဲ့ပြန်လည်ပြီး ပြုပြုမှုတွေကို လောလောဆယ်မှာ လုပ်ဆောင်နေပြီလို့ ထီးဖိုးကလိုးအုပ်စု ဥက္ကဌ ဦးသဲရယ်က ပြောပါတယ်။

“ အခုက လက်ရှိ ကျတော်တို့အုပ်စုရုံးမှာ ကော်မရှင်ရုံးဖွင့်ထားတယ်။ ဖွင့်ထားပြီးမှ မဲစာရင်းတွေက ကျတော်တို့တစ်ရွာချင်းစီကို လိုက်ပြီးတော့ ကပ်ပေးထားတယ် အဲ့အပေါ်မှာ မှားနေတဲ့ပုဂ္ဂိုလ်တွေက ဒီအုပ်စုကော်မရှင်ရုံးမှာ လာပြီးတော့အသိပေးတယ်။ ကျတော်တို့က အဲ့မှာမှားနေတဲ့လူတွေရဲ့နာမည်နဲ့တစ်ကွပေါ့နော် မှတ်ပုံတင်မိတ္တုတွေကို ပြန်ယူပြီးတော့ ကျတော်တို့က ပြင်လည်ပြုပြင်နိုင်ဖို့ပေါ့ အပ်နှံဖောင်နဲ့တကွပေါ့နော် ကျတော်တို့အဲ့ဒါလောလောဆယ်ပြုလုပ်ဆောင်ရွက်ဆဲပေါ့။” ဒီးမော့ဆိုမြို့နယ်၊ ထီးဖိုးကလိုးအုပ်စုဥက္ကဌ ဦးသဲရယ်ကပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကို ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ကောက်ခံထားတဲ့ လူဦးရေစာရင်း အတိုင်း ပေးလိုက်ပေမဲ့ မဲစာရင်းမှာ ဒီလူဦးရေ စာရင်းအတိုင်း မပါလာတာကြောင့် ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲ မဲစာရင်းကိုပဲ အခြေခံပြီး ပြန်ထုတ်တဲ့ သဘောဖြစ်နေတယ်လို့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းမောင်မောင်ထွေးက ပြောပါတယ်။

“ဒါကြောင့်သူတို့ အသေးစိတ်စီစစ်ဆောင်ရွက်ထားတာမဟုတ်ဘူးဆိုတဲ့ အနေအထားမျိုးတစ်ရပ်ကတော့ ကျတော်တို့ထင်ထင်ရှားရှားဖြစ်ပေါ်နေတယ်ပေါ့။” လို့ဦးစိုင်းမောင်မောင်ထွေးက ပြောပါတယ်။

ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီထူး က
“ မဲတစ်ပြားနဲ့လည်းအပြောင်းအလဲဖြစ်နိင်တဲ့အတွက် ကျနော်တို့ကတော့စောင့်ကြည့်နေတယ်။ ဒီလူတွေကဘယ်မှာမဲထည့်မှာလဲ။ ဘယ်လိုမဲထည့်ခွင့်ရမလဲဆိုတာကို ကျနော်တို့စိတ်ဝင်စားနေတယ်။ လူထုတွေဖက်ကတော့ မဲထည့်ခွင့်ကိုတော့မဆုံးရှုံးသင့်ဘူးပေါ့နော်။ ကျနော်တို့ ဖက်ကလည်း အာမခံပေးနိုင်တယ်။ လူထုတွေဖက်ကလည်း ဘာပဲဖြစ်ဖြစ်ပါ။ နိုင်ငံခြားမှာရောက်နေတဲ့အလုပ်သမားဖြစ်ဖြစ်ပါ။ သူတို့လည်းမဲထည့်ခွင့်ကိုတော့ရသင့်တယ်။ဒါပေမယ့်မဲထည့်ခွင့်ကိုတော့ကျနော်တို့ပွင့်ပွင့်လင်းလင်းနဲ့ဆောင်ရွက်သင့်တယ်။ အဲ့အတွက်ကိုလည်း ကျနော်တို့ကော်မရှင်ကိုထပ်ပြီးတော့မှ အတွေ့ထပ်ပြီးတော့မှပြောနေတာလည်းရှိတယ်ပေါ့နော်” ပြောပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကယားပြည်နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၁၇၈၃၁၆)ဦးရှိပြီး လာမည့် ၂၀၂၀ ပါတီစုံဒီမိုဂရေစီအထွေထွေရွေးကောက်ပွဲမှာတော့ ပထမအကြိမ် မဲစာရင်းထုတ်ပြန်ချက်အရ (၂၀၄၆၇၇) ဦးရှိတယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts