spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

တိုင်းရင်းသားအရေးဖော်ဆောင်ဖို့ တိကျခိုင်မှာတဲ့ စာချုပ်စာတမ်းရှိမှသာလျှင် NLDနှင့်ပူးပေါင်းမည်ဟုဆို (ရုပ်သံ)

Author

Date

Category

တိုင်းရင်းသားပါတီတွေနဲ့ ရည်မှန်းချက် တူညီတဲ့အတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီကနေ တိုင်းရင်းသားပါတီတွေကို ဖိတ်ခေါ်တဲ့အပေါ်မှာ ကယားပြည်နယ်အခြေစိုက်ပါတီတွေကနေပြီး ကတိကဝတ်တွေ စာချုပ်စာတမ်းတွေနဲ့ တိကျခိုင်မှာတဲ့ဟာတွေရှိမှသာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြည်နယ်အခြေစိုက်ပါတီက ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

KySDP က ရွေးကောက်ပွဲရလဒ်မှာ လွှတ်တော်အသီးသီး ၈ နေရာ အနိုင်ရထားတဲ့ ပြည်နယ်အခြေစိုက်ပါတီဖြစ်ပါတယ်။

အခုလက်ရှိ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အများဆုံးအနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDအနေနဲ့ လာမယ့် အစိုးရသက်တမ်းမှာ တိုင်းရင်းသားပါတီ တွေနဲ့ ရည်မှန်းချက်တူတဲ့အတွက် ပူးပေါင်းဆောင်ရွက် ဖို့ ဖိတ်ခေါ်တဲ့ ထုတ်ပြန်ချက်ကို နိုဝင်ဘာ ၁၂ရက်နေ့ကထုတ်ပြန်ထားပါတယ်။

spot_img
spot_img

Recent posts