spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

တိုင်းရင်းသားစာပေသင်ရိုးညွှန်းတမ်းစာအုပ် ပြုစုထုုတ်ဝေရန် အစိုုးရထောက်ပံ့

Author

Date

Category

ခူးစိုးရယ်ဦး

တိုင်းရင်းသားဘာသာစကား ဒေသသင်ရိုးညွှန်းတမ်းစာအုပ် ပြုစုနိုင်ရန် ကယားပြည်နယ်အစိုုးရမှ တိုုင်းရင်းသားယဉ်ကျေးမှုကော်မတီထံသိုု့ ငွေကျပ် သိန်း ၄၀ဝ ကျော် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငွေကြေးထောက်ပံ့မှု မရရှိခင်က ပြည်နယ်အစိုးရအဖွဲ့ထံ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူများ ဒေသသင်ရိုးညွှန်းတမ်း၊ ဆရာလမ်းညွှန်နှင့် တိုင်းရင်းသား ဘာသာစကား ဒေသသင်ရိုးညွှန်းတမ်းစာအုပ်ပြုစုဆောင်ရွက်နိုုင်ရေး လိုအပ်ချက်များကို တင်ပြခဲ့သည်။

“ဒေသသင်ရိုးညွန်းတမ်းတစ်ခု ထွက်ရှိဖို့ဆိုရင် နည်းပညာတစ်ခုတည်းမဟုတ်ဘဲ ငွေကြေးလည်း အများကြီးလိုတာပေါ့၊ အခုလို ထောက်ပံ့ပေးတဲ့အတွက်တော်တော်လေး အထောက်အကူဖြစ်တယ်။”ဟု ကယားစာပေနှင့် ယဉ်ကျေးမှုကော်မတီ၏ အတွင်းရေးမှူး ခူးဖဲညို့ရယ်က ပြောသည်။

အဆိုပါ သင်ရိုးညွန်းတမ်းစာအုပ်များကို ယခုနှစ် ဒီဇင်ဘာလတွင် အပြီးထုတ်မည်ဟုု ဆိုုသည်။

ကယားပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်း မှီတင်းနေထိုင်သည့် တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ၊ ပွဲတော်များ၊ စာပေနှင့် ယဉ်ကျေးမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အလေးပေးဖော်ဆောင်ပေးမည်ဟုု အစိုုးရအဖွဲ့က ဆိုုထားသည်။

တိုင်းရင်းသားများ ၎င်းယဉ်ကျေးမှုနှင့် ရိုးရာဓလေ့အစဉ်တစ်ရပ်ကို ပိုမိုတိုးတက်မြှင့်မားလာစေရေးနှင့် မိမိတိုင်းရင်းသားဘာသာဖြင့် စာအုုပ်များထုတ်ဝေနိုင်စေရန်အတွက်ဖြစ်ပြီး ၎င်းအလှူငွေကိုု ၂၀၁၈ ဩဂုတ် ၂၄ ရက်နေ့တွင် အစိုးရက ပေးအပ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်ထင်ပါတယ် နောက်လာမည့် ဘတ်ဂျက်တွေကလည်း နောက်လာမည့်နှစ်တွေအတွက် အစိုးရကနေပြီးတော့ ဆက်လက်ထောက်ပံ့ပေးမယ်လို့ ထင်ပါတယ်”ဟု ခူးဖဲညို့ရယ်က ပြောသည်။

ထို့အပြင် အမျိုးသားပညာရေး ဥပဒေ ပုဒ်မ ၃၉ (ဆ) တွင် “သင်ရိုးညွှန်းတမ်းစံကို အခြေခံ၍ သင်ရိုးညွှန်းတမ်းဖွံ့ဖြိုးမှု ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆောင်ရွက်ခွင့်ရရှိရေး” ပြဌာန်းထား သည်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်လည်း ဖြစ်သည်။

၎င်းတို့ ဘက်စုံ လွှမ်းခြုံသော ပညာ ရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း အစီရင်ခံစာ အပိုဒ် ၉၃ တွင် “မူလတန်းအဆင့်၌ ဒေသသင်ရိုး ညွှန်းတမ်းကို ၂ဝ % ထည့်သွင်းသင့်ကြောင်းနှင့် ကယားပြည်နယ် ဒေသသင်ရိုး ညွှန်းတမ်းရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲများကို ၂၀၁၈ ခုနှစ် မတ်လမှ စတင်ဆောင်ရွက်ခဲ့ရာ ယခုချိန်ထိ ၅ ကြိမ်ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။

”ကယားပြည်နယ်အကြောင်းသိကောင်းစရာ”စာအုုပ်ထုုတ်ဝေရန် ငွေကျပ် (၉၄.၅) သိန်း၊ ကယားစာပေနှင့် ယဉ်ကျေးမှုကော်မတီသို့ (၅၅.၀၉၁) သိန်း၊ ကယန်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီ သို့ (၇၄.၇၇၅) သိန်း၊ ကယော စာပေနှင့်ယဉ်ကျေးမှု ကော်မတီသို့ (၃၃.၇၈) သိန်း၊ ဂေဘားစာပေနှင့် ယဉ်ကျေး မှုကော်မတီသို့ (၅၅.၁၈၅) သိန်း၊ မနုမနော (ကော်ယော်) စာပေနှင့် ယဉ်ကျေး မှုကော်မတီသို့ (၄၄.၆၇၁)သိန်း၊ ယင်းတလဲ(ပြန်တလိုင်) စာပေနှင့် ယဉ်ကျေးမှု ကော်မတီ သို့ (၆၀.၆၉၆) သိန်း၊ စုစုပေါင်း ငွေကျပ် (၄၂၁.၆၉၈) သိန်းအား အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆွေးနွေးပွဲ ၅ ကြိမ်အတွင်း ကယားပြည်နယ်ဒေသ သင်ရိုးညွှန်းတမ်းအတွက် သင်ရိုး အညွှန်းဘောင် ရေး ဆွဲခြင်း၊ ဒေသသင်ရိုးညွှန်းတမ်းအတွက် ဒေသဆိုင်ရာ အကြောင်းအရာများ ချမှတ်ခြင်း၊ စုဆောင်းခြင်း၊ ဒေသ ဆိုင်ရာ သင်ရိုးညွှန်းတမ်း ပြဌာန်းစာအုပ်များတွင် ထည့် သွင်းမည့် သင်ရိုးအကြောင်းအရာများ သင်ခန်းစာအသွင် ပြင်ဆင်ခြင်း၊ ပြဌာန်းစာအုပ်များ (ပြည်နယ်အကြောင်း၊ တိုင်းရင်းသားစာပေ) အတွက် အဖုံးနှင့်အတွင်း အပြင် အဆင်များ ဆွေးနွေး အတည်ပြုခြင်းများ ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

spot_img
spot_img

Recent posts