spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

တောင်ယာရိတ်သိမ်းနေတဲ့ အမျိုးသားတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ (အောက်တိုဘာလ ၂၉ ရက်နေ့) မှာ ကရင်နီ-ရှမ်းနယ်စပ်ရှိ မိုးဗြဲမြို့မှာ အကြမ်းဖက် စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် တောင်ယာစပါးရိတ်သိမ်းနေတဲ့ ဒေသခံ အမျိုးသားတစ်ဦး ထပ်မံထိမှန်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

“နောက်တစ်ဦးပေါ့နော။ သူ့ရဲ့ကလေးလည်းပါတယ်။ သူ့ကလေးလည်း ဒဏ်ရာရထားတယ်။ ကလေးရဲ့ မိဘနှစ်ပါးလုံးတော့ ဆုံးသွားပြီပေါ့နော။ သူ့အမေက အရင်တစ်နှစ်ဆုံးသွားတယ်။ သူ့အဖေဆုံးတယ် ကလေးတစ်ယောက်ပဲကျန်တော့တယ်။ ကလေးက ၆ နှစ်အရွယ်လောက်ရှိပြီ။” လို့ ကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

အဆိုပါ သေဆုံးသွားတဲ့ အမျိုးသားမှာ မိုးဗြဲမြို့နယ် ပေါ်ဦး ၁ ရပ်ကွက်မှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။ ဒီကနေ့ ၁၁ နာရီဝန်းကျင်မှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်မှုကြောင့် တောင်ယာရိတ်သိမ်းနေတဲ့ စည်ကား ၂ရပ်ကွက်နေ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ပေါ်ဦး ၂ ရပ်ကွက်မှ အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန်တဲ့အတွက် ဆေးကုသခံယူနေဆဲလို့ သိရပါတယ်။

ဒီကနေ့ မိုးဗြဲမြို့မှာ စစ်ကောင်စီရဲ့လက်နက်ကြီးထိမှန်မှုကြောင့် ဒေသခံနှစ်ဦး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖို့ တိုက်ပွဲဖြစ်ပွားရာမှ အကြမ်းဖက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts