spot_img
Tuesday, September 27, 2022
spot_img

တော်လှန်ရေးမှာ ပံ့ပိုးကူညီနိုင်မယ့် လူငယ်တွေကို စီမံခန့်ခွဲရေးသင်တန်းပြုလုပ်ပေး

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

စစ်အာဏာရှင်တော်လန်ရေးမှာ ပံ့ပိုးကူညီနိုင်မယ့် လူငယ်တွေကို ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲရေးသင်တန်း (Leadership and Management training ) ပြုလုပ်ပေးခဲ့တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) အတွင်းရေးမှူး ( ၁ ) ခူးဒယ်နီယာယ်က သင်တန်းဆင်းပွဲ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

” ဒီနွေဦးတော်လှန်ရေး သို့မဟုတ်ရင်လည်း ဒီတော်လှန်ရေးအောင်မြင်ဖို့ တိုက်ပွဲဝင်နေတဲ့ တပ်မတော်သား ဒီအပြင် အမျိုးမျိုးသော တော်လှန်ရေးသမားတွေကို နောက်ကနေ ပံ့ပိုး ကူညီပေးဖို့ ကျနော်တို့က အထောက်အပံ့တွေပေးဖို့ နည်းပညာတွေ ပေးနိုင်ဖို့ ကျနော်တို့ အဓိက ရည်ရွယ်ပြီးတော့မှ ဒီသင်တန်းကို လုပ်ရခြင်းဖြစ်ပါတယ်။ ကျနော်တို့ကတော့ လူတိုင်းကတော့ တိုက်ပွဲဝင်ဖို့ စိတ်ထား အပြည့်အဝရှိပေမယ့်လည်း ကျနော်တို့ အားလုံး တိုက်ပွဲဝင်နေကြလို့တော့ မရဘူးဆိုတာကို ကျနော်တို့ သိတဲ့အတွက်ကြောင့်မလို့ အခုဆိုရင် ကျနော်တို့ တိုက်ပွဲဝင်နေတဲ့ ရဲဘော်ရဲဘက် ဒီနိုင်ငံရေးသမား သို့မဟုတ်ရင်လည်း ပြည်သူလူထု တစ်ရပ်လုံးကို စီမံခန့်ခွဲနိုင်ဖို့ နောက်ကနေ ကူညီပံ့ပိုးနိုင်ဖို့ ဒါအဓိက ရည်ရွယ်ခြင်းဖြစ်ပါတယ်။ “

ခေါင်းဆောင်မှုနဲ့ စီမံခန့်ခွဲရေးသင်တန်း ဆင်းပွဲကို ဒီကနေ့ နိုဝင်ဘာလ၂၀ရက်နေ့မှာ ကရင်နီတပ်မတော် ထိန်းချုပ်နယ်မြေထဲမှာ ပြုလုပ်ခဲ့ပါတယ်။

သင်တန်းသာ ၈၄ဦးတက်ရောက်ခဲ့ပြီး တစ်လသာသင်တန်းပေးခဲ့တာဖြစ်ပါတယ်။ ဒီသင်တန်းကို တက်ရောက်ပြီးသူတွေဟာ ခေါင်းဆောင်မှု တာဝန်ကို ထမ်းဆောင်ရမယ်လို့ ဆရာ ခူးဒယ်နီယာယ်က ဆက်ပြောပါတယ်။

” ဒါက ကျနော်တို့ အဓိက ရဲဘော်တွေပဲဖြစ်တယ်။ သို့သော် လုပ်ငန်း တော်လှန်ရေးလုပ်တဲ့အချိန်မှာ တွဲသင့်တဲ့လူနဲ့ အားလုံးတော့ တွဲရလိမ့်မယ်။ ကျနော်တို့ အခုပေးလိုက်တဲ့ သင်တန်းက စီမံခန့်ခွဲမှုလုပ်ငန်း ရုံးလုပ်ငန်းကို အဓိကထားတယ်။ သို့သော် ဒီခေါင်းဆောင်မှု ပညာကိုလည်း သင်ပေးထားတာဖြစ်ပါတယ်။ သူတို့ကျရာတာဝန်မှာ ဒီခေါင်းဆောင် အဆင့်ဆင့်မှာရှိတဲ့ ခေါင်းဆောင်တွေ ဖြစ်ပါလိမ့်မယ်။ ဒါကတော့ သူတို့တာဝန်တွေ ကျနော်တို့ ရည်ရွယ်ထားတာပေါ့နော။ “

သင်တန်းမှာ သင်ခန်းစာ ၁၅ခုကို သင်ပေးခဲ့ပြီးတော့ နောက်ထပ်လည်း လုပ်ရင်းနဲ့ သင်တန်းတွေထပ်ပေးဖို့ရှိတယ်လို့ သိရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

မိုးဗြဲမြို့ မွေတော်ဘုရားဘုန်းကြီးကျောင်းမှာ ၈ရက်ကြာ ပိတ်မိနေတဲ့ ပြည်သူတွေရှိနေသေး

ကန္တာရဝတီတိုင်း( မ် ) ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့ မွေတော်ဘုရား ဘုန်းကြီးကျောင်းမှာ စက်တင်ဘာလ ၁၉ရက်နေ့ကနေ ဒီကနေ့ ၂၆ရက်နေ့အထိ ပြည်သူတချို့ ပိတ်မိနေတာ ၈ ရက်မြောက်ရှိပြီဖြစ်တယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေကြတဲ့ အဖွဲ့ဆီကနေ သိရပါတယ်။ “မြို့တွင်းက မွေတော်ဘက်မှာတော့ အဲ့ဒီဘက်မှာတော့ ညီမတို့လည်း ဝင်လို့မရဘူး။ စစ်ကောင်စီမြို့ထဲမှာ အကုန်လုံး ထိုင်ထားတယ်ဆိုတော့...

စက်တင်ဘာလအတွင်း DMO-PDF ရဲဘော် ၄ဦးကျဆုံး၊ စုစုပေါင်း ကျဆုံးသူ ၃၉ဦးရှိနေပြီး အများစုမှ လက်နက်ကြီးထိမှန်ကျဆုံးခဲ့ရ

ကန္တာရဝတီတိုင်း(မ်) စက်တင်ဘာလ ၉ရက်နေ့ကနေ ၂၆ရက်နေ့အထိ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (DMO-PDF)ရဲဘော် ၄ဦး ကျဆုံးခဲ့ပြီး ၄ဦးထဲမှာ ရဲဘော် ၂ဦးကတော့ မိုင်းနင်းမိပြီး ကျဆုံးခဲ့တယ်လို့ (DMO-PDF)သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်း ဒေသအတွင်း တိုက်ပွဲတွေမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃၉ဦးရှိပြီ အပြန်အလှန်ပစ်ခတ်မှု၊ လက်နက်ကြီးထိမှန်မှု၊ တာဝန်ထမ်းဆောင်ရင်း...

အစဉ်အလာမပြတ် ကယားရိုးရာ အဲဒိုပေါ်မှီ(ခေါ်) ဒီးကူပွဲ ပြုလုပ်

CJ (ကန္တာရဝတီတိုင်း(မ်)) ဖရူဆိုမြို့နယ် အနောက်ဘက် စစ်ဘေးရှောင် တစ်နေရာမှာ နှစ်စဉ် အစဉ်အလာမပြတ် ကျင်းပလာခဲ့ကြတဲ့ ကယားရိုးရာ အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲကို စက်တင်ဘာလ ၂၅ ရက်နေ့က အကျဉ်းချုံး ကျင်းပပြုလုပ်ခဲ့ပါတယ်။ "ကျမတို့က ဒီရိုးရာကို ပယ်ဖျက်လို့မရတဲ့ အတွက်ကြောင့်ပေါ့နော။ ကျမတို့ အဓိက တန်ဖိုးထားတဲ့ အရာမလို့...

စစ်ကောင်စီတပ်မှ ပြည်သူပိုင် တိရိစ္ဆာန်တွေကို ခိုးယူသတ်ဖြတ်တာတွေ လုပ်ဆောင်နေ

ကန္တာရဝတီတိုင်း(မ်) ဖရူဆိုမြို့၊ ထီးကူးဆို ရပ်ကွက်အတွင်းက ဒေသခံတွေရဲ့ နွားတွေကို စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့ ခိုးယူသတ်ဖြတ်တာတွေ လုပ်ဆောင်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့(စက်တင်ဘာ ၂၄ရက်)မှာ သတင်းထုတ်ပြန်ထားပါတယ်။ ဒေသခံပြည်သူတွေရဲ့ နွားတွေကို ခိုးယူသတ်ဖြတ်ပြီး ဆိုင်ကယ်သုံးစီးနဲ့ သယ်ဆောင်နေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ရဲတပ်ဖွဲ့ ၁၀ဦး ကို ယမန်နေ့ ည ၄နာရီအချိန် KNDF...