spot_imgspot_imgspot_imgspot_img
Tuesday, April 16, 2024
spot_imgspot_imgspot_imgspot_img

ထီးကလူဒေါကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို စနိုက်ပါနဲ့ ပစ်ခတ်ခဲ့ရာမှ ဗိုလ်တစ်ဦး အပါအဝင် ၈ဦးသေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ထီးကလူဒေါကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို စနိုက်ပါနဲ့ပစ်ခတ်မှုမှာ ဗိုလ်တစ်ဦး၊ တပ်ကြပ်တစ်ဦးအပါအဝင် တပ်သား ၈ဦးကို ပစ်ခတ်နိုင်ခဲ့တယ်လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ထံကနေ သိရပါတယ်။

“အဲ့ဒီမှာ ကျနော်တို့သိရတာ တပ်ကြပ်တစ်ဦးပါမယ်ဗျ။ အပွင့်နဲ့ဗိုလ်တစ်ယောက်ပါတယ်။ ကျန်တာတော့ ရိုးရိုးတပ်သားတွေပေါ့။ ကျနော်တို့က အဓိက စနိုက်ပါဆိုတော့ စနိုက်ပါမှာလည်း scopeပါတယ်။ ပစ်မှတ်ကို အဲ့လိုမျိုးမြင်တယ်။ သူဘယ်မှာရှိလဲ ဘယ်လိုအနေအထားလဲဆိုတာကို ကျနော်တို့က ပစ်သတ်လိုက်တာနဲ့ သူတို့ ဘယ်နေရာထိလဲဆိုတာ မြင်နိုင်တယ်ဗျ။ ” လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ထီးကလူဒေါကျေးရွာမှာ တပ်စွဲထားတဲ့ ဖရူဆိုအခြေစိုက် ခမရ ( ၄၂၈ ) တပ်ကို အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ က ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်ကနေ ၂၆ ရက်နေ့ထိ ၂၂ ရက်အတွင်း ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဩဂုတ်လ ၄ ရက်နေ့မှာ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ ကထုတ်ပြန်ထားပါတယ်။

ပစ်ခတ်မှုအတွင်း ဇူလိုင်လ ၄ ရက်နေ့မှာ ၁ ယောက်၊ ၂၂ ရက်နေ့မှာက ၂ ယောက် ၊ ၂၅ ရက်နေ့မှာက ၂ ယောက် ၊ ၂၆ ရက်နေ့မှာ ၃ ယောက် စုစုပေါင်း ၈ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဇူလိုင်လ ၁၈ရက်နေ့ မိုးဗြဲတိုက်ပွဲအတွင်းမှာလည်း စနိုက်ပါပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦး လည်ပင်းထိမှန်သေဆုံးခဲ့သလို ၂ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ၎င်းထုတ်ပြန်ချက်အရ သိရပါတယ်။

“မိုးဗြဲမှာဆိုရင် လက်မောင်းနဲ့ ပုခုံး အဆစ်နားမှာထိတာ ကျနော်တို့ မြင်ရတယ်။ ပြီးရင် ပစ်လှဲသွားတာတွေ။ တပ်စွဲတာတွေ ကျနော်တို့ မြင်ရတယ်ဗျ။ Scopeနှစ်ခုနဲ့ ကြည့်တာပေါ့နော။” လို့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

စနိုက်ပါနဲ့ပစ်ခတ်မှုမှာ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့အနေနဲ့ တိုက်ပွဲဖြစ်ပွားချိန်အတွင်း ပစ်ခတ်မှုအပြင် သီးသန့်ခြုံခိုပစ်ခတ်မှုတွေလည်း ပါဝင်တယ်လို့ ၎င်းကပြောပါတယ်။

အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့အနေနဲ့ တိုက်ပွဲတွေမှာ KNDF ၊ PDF ၊ URF ပူးပေါင်းအဖွဲ့တွေနဲ့အတူ ပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts