spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

ထီးကလူဒေါရွာမှ ဆိုလျားကူးကျေးရွာ ကျောက်ခင်းလမ်း အရည်အသွေး မပြည့်မှီသည့်အတွက် ဝန်ကြီးဌာနသို့ တင်ပြ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဖရူဆိုမြို့နယ် ထီးကလူဒေါ ကျေးရွာမှ ဆိုလျားကူးကျေးရွာထိ (၂/၁.၅) မိုင် ကျောက်လမ်းခင်းရာတွင် အရည်အသွေးမပြည့်မှီသည့်အတွက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကယားပြည်နယ် အစိုးရအဖွဲ့ထံ အစီရင်ခံစာတင်ပြထားသည်ဟု ပြည်သူ့ငွေစာရင်း စောင့်ကြည့် စစ်ဆေးရေးကော်မတီမှ သိရသည်။

ဘာဒို ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်မှ တာဝန်ယူဆောင်ရွက်နေသော ၎င်းကျောက်လမ်းကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က သွားရောက်စစ်ဆေးခဲ့ရာ အောက်ပါ တွေ့ရှိချက်များကို ဖော်ပြအပ်ပါသည်။

၁။ ခင်းပြီးထားသောလမ်း၏ ကန့်လန့်ဖြတ်လမ်း သုံးနေရာလမ်းထုအား တူးဖောက်စစ်ဆေးရာ ကန့်လန့်ဖြတ်နေရာ ၊ ဘေးနှစ်ဖက်နှင့် အလယ်အားစစ်ဆေးခဲ့ပါသည်။ ပထမနေရာ၌ လမ်းထုပျမ်းမျှ (၅.၇၅) လက်မ ၊ ဒုတိယနေရာ ( ၄.၈၃)လက်မ ၊ တတိယ (၄.၉၁)လက်မ တို့ကြောင့် သုံးနေရာ ကျောက်လမ်းထု၏ ပျမ်းမျှမှာ (၄.၈၃)လက်မသာ ရှိသည်။ အမှန်ရှိရမည့် ထုမှာ ကြိတ်ပြီး (၉)လက်မထု ပြည့်မှီအောင်ပြန်လည် ခင်းရန်။

၂။ ဆက်လက်ခင်းရန် ကျန်ရှိနေသေးသော နေရာများအား ပုံစံခန့်မှန်းခြေအတိုင်း(၉)လက်မထု ရရှိအောင် ဆက်လက်ခင်းရန်။

၃။ ကြိတ်ပြီးသော လမ်းများမှာလည်း ပိုမိုကျစ်လစ်သိပ်သည်းအောင် လမ်းကြိတ်စက်အား ခေါက်ရေ
ပြည့်မှီအောင် ကြိတ်ရန် ။

ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေးရေးကော်မတီ၏ စစ်ဆေးတွေ့ရှိချက်အား အစီရင်ခံစာကို နိုဝင်ဘာအတွင်းက တင်ပြသွားခဲ့သည်ဟု သိရသည်။ ၎င်းကျောက်ခင်းလမ်း လုပ်ငန်းအတွက် ရန်ပုံငွေ ကျပ် (၁၃၂.၈၇၆)သန်းဖြစ်သည်။

 

spot_img
spot_img

Recent posts