spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ထီးဖိုးကလိုးကျေးရွာအုပ်စုအတွင်း လက်နက်ကြီး လေးလုံးကျရောက်ခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ် ထီးဖိုးကလိုးကျေးရွာအုပ်စုအတွင်း ယနေ့ ဧပြီလ ၁၄ရက်နေ့နံနက် ၁နာရီအချိန်မှာ လက်နက်ကြီးလေးလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး တိရိစ္ဆာန် တချို့ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ထီးဖိုးကလိုးကျေးရွာအုပ်စုအတွင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာဖြစ်တယ်လို့ KNDF B-10 က ထုတ်ပြန်ထားပါတယ်။

“ လက်နက်ကြီးခါကျတော့ လေးလုံးလောက်ကျတယ်ပေါ့နော။ ကျနော်တို့ ခြံထဲမှာ လေးလုံးဆက်တိုက်ကျတယ်ပေါ့နော။ မနက် ၁နာရီအချိန်လောက်မှာပေါ့။ တိရိစ္ဆာန်ခါကျတော့ သုံးကောင်လောက်ထိတယ်။ ရွာကလူတွေကတော့ လက်နက်ကြီးကျသံကြားတော့ ဗုံးခိုကျင်းထဲ ဝင်နေကြတယ်။ မနက်ရောက်တော့ ရွာမှာမနေတော့ပဲ ထွက်ပြေးသွားတဲ့လူတွေလည်းရှိတယ်။ ” လို့ ဒေသခံတစ်ဦးဆီက သိရပါတယ်။

လက်နက်ကြီးကျေးရွာအတွင်း ကျရောက်မှုတွေရှိခဲ့တဲ့အတွက် ဒေသခံတွေ ကျေးရွာထဲမနေရဲတော့ပဲ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်သွားတဲ့ လူတွေလည်း ရှိနေပါတယ်။

ဧပြီလ ၄ရက်နေ့မှာလည်း တိုက်ပွဲဖြစ်ပွားမှုမရှိပဲ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုရှိခဲ့ပြီး ဒေသခံနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်။

spot_img
spot_img

Recent posts