spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ဒီမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူ့နေအိမ်တွေကို မီးရှိူ့မှုများပြားလာ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်ကနေ ယနေ့ ဇွန်လ ည၇နာရီဝန်းကျင်ကစ နေအိမ်အချို့ကို ဖျက်ဆီးတာ မီးရှို့တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ငွေတောင်ဆည်ကန်ဘောင်အောက်က တောင်ငူသွားလမ်းဖက်မှာ မီးရှို့တဲ့ မီးခိုးငွေ့တွေကို အဝေးကနေ လှမ်းမြင်တွေ့ရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

” အိမ်က အဲ့ဖက်မှာပဲရှိတယ်လေ စိတ်ပူရတာပေါ့ ခုမီးရှို့တယ်လို့လည်းကြားတယ် ငွေတောင်ဆည်ကန်ဘောင်အောက်ဖက်မှာ။ ပြာကျရင်တော့ အိမ်မရှိတော့ဘူးထင်ပါတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့ ည ၁၀နါရီ မိနစ် ၂၀မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဒီမော့ဆိုမြို့ ဒေါငံခါးလမ်းခွအထိ တပ်စွဲထားတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ကထုတ်ပြန်ပါတယ်။

ဒီမော့ဆိုမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ နေ့ခင်းမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“လက်နက်ကြီးသံ ဆက်တိုက်ကြားရတယ်ခုနက ခုတော့ မီးခိုးမည်းတွေတက်လာတာတွေ့တယ် သေနတ်ငယ်အသံတော့ဝေးလို့မကြားရဘူး။” လို့ ကျေးရွာဒေသခံတစ်ဦးက ညနေ၄နာရီခန့်က
ပြောပါတယ်။

ဒီမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီက နေ့စဥ် လက်နက်ကြီး၊ အမြှောက်တွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

တပ်စွဲထားတဲ့ကျေးရွာအတွင်း စစ်ကောင်စီတပ်က လမ်သွားလမ်းလာပြည်သူအချို့ကို ပစ်ခတ်မှုရှိနေပြီး ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

လမ်းသွားလမ်းလာပြည်သူအချို့ ပစ်ခတ်မှုခံရပြီး
အလောင်းကောက်ယူခွင့်မရှိသေးဘူးလို့ သိရပါတယ်။

“ရွာကတစ်ယောက် ပစ်သတ်ခံရတယ် အလောင်းကောက်လို့မရသေးဘူး။ သူတို့ကတပ်စွဲထားပြီး မြင်သမျှကိုပစ်နေတော့ မသွားရဲဘူးလေ။ သူတို့အင်အားကလည်းများတယ်။”လို့ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဒေသခံတစ်ဦးက ည၈နာရီမှာ ပြောပါတယ်။

စံပြ၆မိုင်ကျေးရွာအပြင် အနီးတစ်ဝိုက်ကျေးရွာက နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးတာတွေ ဒီမော့ဆိုမြို့ပေါ် ရပ်ကွက်ရှိ လူနေအိမ်တချို့လည်း မီးရှို့ခံရသလို လက်နက်ကြီးကျရောက်တာကြောင့် နေအိမ်ပျက်ဆီးတာတွေ အိမ်ဖောက်ထွင်းပြီး ပစ္စည်းယူဆောင်သွားတာတွေ စစ်ကောင်စီက လုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်က ဒီမော့ဆိုမြို့လမ်းမကြီးတစ်လျှောက် ကျေးရွာတွေဖြစ်တဲ့ စံပြ၆မိုင်ကျေးရွာ၊ ဘက်တလိန်၊ ဝမ့်လထွား၊ ငွေတောင်ကျေးရွာ၊ ငွေတောင်ဆည်ကန်ဘောင်အောက်တစ်လျှောက်၊ ဒေါငံခါးလမ်းခွအနီးတစ်ဝိုက်၊ ဒီမော့ဆိုမြို့မစျေးအနီး နှစ်​​ခြင်း ဘုရားကျောင်းမှာလည်း တပ်စွဲထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီမှ ဖေဖော်လရီလ ၁ရက်နေ့အာဏာသိမ်းပြီးနောက် ဇွန်လ ၄ရက်နေ့အထိ ကရင်နီပြည်နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် သေဆုံးသူ ၄၀ဝန်းကျင်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

spot_img
spot_img

Recent posts