spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ဒီမော့ဆိုမြို့မှာ စစ်ကောင်စီက လမ်းသွားပြည်သူကို ပစ်ခတ်ရာ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး ဒဏ်ရာရသူရှိ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီမော့ဆိုမြို့မှာ ဒီကနေ့ မေလ၂၆ရက်နေ့ နံနက် ၇ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လမ်းသွားပြည်သူတွေကို သေနတ်နဲ့ပစ်ခတ်ရာ ဆိုင်ကယ်စီးလာတဲ့ ပြည်သူနှစ်ဦး ကျည်ထိမှန်ခဲ့ပြီး အမျိုးသမီး တစ်ဦး သေဆုံးခဲ့သလို အမျိုးသားတစ်ဦးမှာလည်း လက်မောင်းအောက်နားမှာ ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

“ဆိုင်ကယ်စီးတဲ့၂ယောက်က ကျတော်နဲ့ အတူတူရှိနေတဲ့သူရဲ့ အမျိုးသမီးနဲ့ သူ့ညီပေါ့နော။ ပစ်ခတ်တဲ့အသံကလည် ရပ်ကွက်ထဲကနေ အရှင်းသား ကြားနေရတယ် အဲ့ချိန်တုန်းက။ ကျတော့်ရဲ့ ကိုယ်ပိုင်သုံးသပ်ချက်အရဆိုရင် သူက (စစ်ကောင်စီ) ခြောက်ပစ်တာထင်တယ် ဟိုနေရာပစ်လိုက် ဒီနေရာပစ်လိုက် အသံကတော့ သေချာပါတယ် လက်နက်ကြီးလည်းမဟုတ်ဘူး ပြင်းအားကြီးတဲ့လက်နက်မျိုးပေါ့နော။” လို့ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

ဒီမော့ဆိုမြို့- ဖရူဆိုသွားတဲ့လမ်းမကြီးရှိ ငွေတောင်ဆည်အကျော်၊ တံတားဖြူနားအနီးတစ်ဝိုက်မှာ ဒီမနက်က စစ်ကောင်စီဖက်က ပစ်ခတ်မှု အနည်းငယ်ရှိခဲ့ပြီး အဆိုပါ လမ်းသွားပြည်သူနှစ်ဦးကို ထိမှန်ခဲ့တာပဲဖြစ်ပါတယ်။

ဒီမော့ဆိုမြို့နယ်ကို စစ်ကောင်စီတပ်က တာဝေးပစ် အမြောက်လက်နက်ကြီး၊ တင့်ကား၊ အမြောက်ကား၊ လေကြောင်း စတဲ့အရာတွေနဲ့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( KPDF) ကို ထိုးစစ်ဆင်လာနိုင်ဖွယ်ရှိတဲ့အတွက် ဒီမော့ဆိုမြို့နယ်မှာ နေထိုင်ကြတဲ့ မိဘပြည်သူတွေလုံခြုံစေရေးအတွက် စစ်ရှောင်စခန်းကို အမြန်ဆုံးသွားရောက်ခိုလှုံကြဖို့ မေလ ၂၅ရက်နေ့မှာ ဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးအကြောင်းကြားထားပါတယ်။

ဒီမော့ဆိုမြို့မှာ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ နေ့စဉ် ပစ်ခတ်မှုဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကနေ လက်နက်ကြီး၊ တင့်ကားတွေသုံးပြီး ပစ်ခတ်နေသလို ရဟတ်ယာဉ်၊ Drone နဲ့ စောင့်ကြည်မှုရှိနေတယ်လို့ KPDF ကပြောပါတယ်။

ဒီမော့ဆိုမြို့မှာ ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ပြည်သူ ဦးရေ သောင်းကျော်ရှိနေပြီး ၎င်းတို့အတွက် ဆေးဝါး၊ စားနပ်ရိက္ခာ၊ အသုံးအဆောင်ပစ္စည်း၊ ရေ လိုအပ်လျက်ရှိနေပါတယ်။

spot_img
spot_img

Recent posts