ဒီးမောဆိုထွေအုပ် ဝန်ထမ်းများ ဆန္ဒထုတ်ဖော်

0
508

ဒီးမော့ဆို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းတွေ ရုံးမတက်ပဲ စစ်အာဏာရှင်တွေကို ဆန္ဒပြနေကြပါတယ်။

အခုလို ဆန္ဒပြတဲ့အထဲပါဝင်တဲ့ ဝန်ထမ်းတွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ပြည်နယ်ကိုတိုင်းကြားထားတဲ့အတွက် ဒီကနေ့ ပြည်နယ်က လာရောက်စစ်ဆေးမယ်ဆိုပေမယ့် အခုချိန်ထိ ရောက်မလာကြသေးပါဘူး။

ဒီးမော့ဆိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့မှာတော့ ပြည်သူ့ရဲတွေက လုံခြုံရေးတွေချထားတာတွေ့ရပါတယ်။