ဒီးမော့ဆိုကနေ လွိုင်ကော်မြို့သို့ ဆန္ဒပြပူးပေါင်းတဲ့ သူတွေကို အပြန်လမ်းမှာ ရဲတွေက ဖမ်းဆီးခေါ်ဆောင်သွား

0
452

ဒီကနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ဒီးမော့ဆိုကနေ လွိုင်ကော်မြို့သို့ ဆန္ဒပြပူးပေါင်းတဲ့ သူတွေကို အပြန်လမ်းမှာ ရဲတွေက ဖမ်းဆီးခေါ်ဆောင်သွားလိုက်ပါတယ်။

မျက်မြင်သက်သေတစ်ဦးက “စစ်မေးတာပဲတွေ့လိုက်တယ်။ ပါသွားတဲ့သူတွေက ရပ်ကွက်ထဲကလူတွေပဲ။ ဒေါငံခါးကလူတွေပါတယ်။ ပြည်သူတွေပဲ ရပ်ကွက်ထဲက ၂ယောက် ဈေးကုန်းဘက်က ၂ ယောက် ကျန်တဲ့သူမမှတ်မိဘူး။ မိန်းခလေးလည်းပါတယ်။ ဆရာ/မ တွေလည်းခေါ်သွားတယ်။ ရပ်ထားတဲ့ကားတွေအကုန်ခေါ်သွားတာ။” လို့ပြောပါတယ်။

အခု ဖမ်းဆီးသူတွေ ပြန်လွှတ်ပေးဖို့ ဒီးမော့ဆိုမြို့မ ရဲစခန်းမှာ ပြည်သူတွေ သွားရောက်တောင်းဆိုနေကြပါတယ်။
ဖမ်းဆီးထားတဲ့သူတွေ ဒီးမော့ဆိုမြို့မရဲစခန်းမှာမရှိဘူးလို့ သက်ဆိုင်ရာက ငြင်းဆိုနေပါတယ်။ ဖမ်းဆီးစဉ် ဒီးမော့ဆိုရဲစခန်းက တာဝန်ရှိသူတွေက တားဆီးပေးလိုက်ခြင်းကြောင့် အခုလိုတောင်းဆိုနေရတာလို့လည်း ပြည်သူတွေက ပြောနေပါတယ်။