spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်အတွင်း ယခုည တိုက်ပွဲပြင်းထန်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီမော့ဆိုမြို့နယ်အတွင်း ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ ယနေ့ မေလ၂၇ရက်နေ့ ည ၈နာရီခွဲအချိန်မှစပြီး ယခုချိန်ထိ အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်နေတယ်လို့ သိရပါတယ်။

“ဒီမော့ဆိုမှာ အခုအကြီးအကျယ်ပစ်နေပြီ လက်နက်ကြီးတွေကော လက်နက်ငယ်တွေကော တင့်ကား အမြောက်ကားတွေနဲ့လည်းပစ်တယ်” လို့ မြေပြင်မှာရောက်ရှိနေသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ည ၉နာရီမှာ အတည်ပြုပြောကြားပါတယ်။

စစ်ကောင်စီတပ်ကနေ အင်အားအလုံးအရင်းနဲ့ ဒီမော့ဆိုမြို့ရှိ ရပ်ကွက်အတွင်းကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာဖြစ်ပြီး ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်နေတာပဲ ဖြစ်ပါတယ်။

” အခု ဒီမော့ဆိုမှာ လက်နက်ကြီးသံ ဆက်တိုက်ကြားနေရ ၁၀ ချက်ကျော်ပြီ”လို့ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

အ​ခြေအနေအသေးစိတ်ကိုတော့ မသိရှိရသေးဘူး။

spot_img
spot_img

Recent posts