spot_imgspot_imgspot_imgspot_img
Wednesday, April 17, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ဒေါညေးခူကျေးရွာမှာ ဒေသခံ (၃)ဥိီး ပစ္စည်း ပြန်ယူရင်း စစ်ကောင်စီရဲ့ ပစ်ခတ်ခြင်းကို ခံရ

Author

Date

Category

ကေးဒူ (ကန္တာရဝတီ တိုင်း(မ်))

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါညေးခူကျေးရွာမှာ ဒေသခံ (၃) ဦး ပစ္စည်းပြန်ယူရင်း စစ်ကောင်းစီရဲ့ ပစ်ခတ်ခြင်းကို ခံရတယ်လို့ သိရပါတယ်။

ဒီကနေ့ ( မေလ ၂ ရက်နေ့ ) မနက် ၈ နာရီခွဲလောက်မှာ ပစ္စည်းပြန်ယူမယ်ဆိုပြီး ရွာထဲဝင်လာတဲ့အချိန်မှာ အပစ်ခံရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“ဒီနေ့ ကျနော်တို့ရွာထဲမှာ စပါးပြန်သယ်မယ်ဆိုပြီး ပြန်တာ။ ဆိုင်ကယ်နဲ့ အရင်သွားကြည့်မယ်ဆိုပြီး သွားလိုက်တာ။ စစ်ကောင်စီက လမ်းမှာ စောင့်နေတာ။ ကျနော်တို့ကိုတွေ့တာနဲ့ ပစ်တော့ ကျနော်တို့ လည်း လန့်ပြီး ကိုယ်လွတ်ရုန်းပြီးပဲ ထွက်ပြေးလာခဲ့ရတယ်”လို့ သူက ပြောပါတယ်။

စစ်ကောင်စီ က အဆက်မပြတ် သေနတ်နဲ့ ပစ်ခတ်ခဲ့ပေမယ့်လည်း (၃) ဦး စလုံးဟာ အထိအခိုက်မရှိပဲ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ တုန်းက စစ်ကောင်စီဟာ ဒေါညေးခူကျေးရွာထဲကို ဝင်ရောက်တပ်စွဲထားပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးလာခဲ့ရတာတွေကြောင့် စားဝတ်နေရေးအခဲအခက်ဖြစ်နေလို့ အသက်စွန့်ပြီး ပစ္စည်းပြန်လာယူချင်တာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

” ရေရှည်စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်နေလို့ ပြန်ရတာ။ အခြေအနေကတော့ ရှေ့မှာ ဘယ်လိုရှိလည်းဆိုတာ ကျနော်တို့က သေချာမသိရဘူး။ ကံတရားပဲဆိုပြီးတော့ ဝင်လိုက်တာ။ ဘာလို့လည်းဆိုရင် ကျနော်တို့ စားဖို့သောက်ဖို့ ဆန်တွေ စပါးတွေအကုန်လုံးကျန်ခဲ့တယ်ကော။ အသက်စွန့်ပြီး ပြန်သယ်ရမှာပဲလေ” လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲ ပြင်းထန်နေတဲ့ ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်း ဒေါညေးခူ ကျေးရွာမှာလည်း အိမ်ခြေ သုံးပုံတစ်ပုံလောက်ဟာ မီးလောင်ပျက်စီးသွားတယ်လို့ ပစ္စည်းပြန်ယူသူတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

spot_img
spot_img

Recent posts