spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ် ဒေါငံခါးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေအိမ်မီးရှို့ခံရတာတွေ ရှိနေ

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ် ဒေါငံခါးမှာ ယမန့်နေ့ ဧပြီလ ၃၀ရက်နေ့ ၂နာရီဝန်းကျင်အချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညအချိန်မှာ စစ်ကောင်စီက နေအိမ်တချို့ကို မီးရှို့ခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ သူတို့က စစ်ကြောင်းခါကျတော့ ဒီဒေါငံခါးဘက်မှာလည်း တပ်ချထားတာတော့ရှိတယ်ပေါ့နော။ အစကတည်းက ရှိတယ်။ ဒါပေမယ့် ကျနော်တို့ ခါကျတော့ နယ်မြေရှင်းလင်းရင်းနဲ့ သူတို့က ကင်းလှည့်နေတာလား။ ကင်းလှည့်နေတယ် ပြောလို့လည်း ရတယ်။ စစ်ကြောင်းထိုးနေတယ်ပြောလို့လည်း ရတယ်။ သူတို့က လမ်းမကြီးအတိုင်း ထိုးလာတယ်ပေါ့နော။ ဒီးမော့ဆိုဘက်ကို ဦးတည်ထိုးလာတော့ ကျနော်တို့က ထိပ်တိုက်တွေ့တယ်ပေါ့နော။ အဲ့မှာ သူတို့ခါကျတော့ အင်အားကတော့ အယောက် ၆၀လောက်ရှိတယ်။ ထိပ်တိုက်တွေ့တော့ တိုက်ပွဲက ဖြစ်ပွားသွားတယ်ပေါ့နော။ “ လို့ DMO-PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ( DMO-PDF ) တပ်ဖွဲ့ ဗျူဟာ ( ၁ ) A,B,F,J တပ်ရင်း၊ အလယ်ပိုင်းတိုင်း ( ၁၁၀၂ ) တပ်ခွဲတချို့နဲ့ KRU စတဲ့ တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ နာရီဝက်ကြာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အနည်းဆုံး သုံးယောက်သေဆုံးပြီး ၅ဦးခန့် အပြင်းအထန် ဒဏ်ရာရှိတယ်လို့ DMO-PDF တာဝန်ရှိသူ တစ်ဦးက ဆက်ပြောပါတယ်။

ည၉နာရီအချိန်မှာလည်း စစ်ကောင်စီက ဒေါငံခါးက နေအိမ်တချို့ကို မီးရှို့ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“ နေအိမ်မီးရှို့ခံရတာက မနေ့ည ဒီးမော့ဆို ဒေါငံခါးမှာပေါ့နော။ ဒေါငံခါးမှာက သုံးလုံးပေါ့နော။ ဒါပေမယ့် ကျနော်တို့ တကယ့်တကယ် ထုတ်ပြန်ထားတာကတော့ တစ်လုံးပဲ။ ဒါပေမယ့် အဲ့ဒီတစ်လုံးကတော့ လုံးဝ အတိအကျပေါ့နော။ ကျနော်တို့ နှစ်လုံးကတော့ ထပ်မံပြီးတော့ စုံစမ်းနေဆဲပေါ့နော။ “ DMO-PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုမှာ စစ်ကောင်စီက နေရာတချို့ကို တပ်စွဲထားတာရှိသလို တပ်စွဲခဲ့တဲ့ နေရာတွေကိုလည်း မိုင်းတွေထောင်ထားတာရှိပါတယ်။ ညအချိန်မှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်နေပါတယ်။

spot_img
spot_img