spot_imgspot_imgspot_imgspot_img
Friday, April 26, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်ကလေးငယ်များ အရေပြားရောဂါဖြစ်ပွားနေ

Author

Date

Category

CJ ( ကန္တာရဝတီတိုင်း(မ်) )

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ ကျေးရွာနေ ဆယ်နှစ်အောက်ကလေးငယ််တွေ အပါအဝင် ကျောင်းနေအရွယ် စစ်ဘေးရှောင်ကလေးငယ်တွေမှာ အရေပြားရောဂါတွေ ဖြစ်ပွားနေတယ်လို့ ကျန်းမာရေး စေတနာ့ဝန်ထမ်းတွေဆီကနေ သိရှိရပါတယ်။

သန်ချဆေး မသောက်ရတဲ့အပြင် ကျန်းမာရေးစောင့်ရှောက်မှုမရရှိတဲ့အတွက် ဖြစ်ပွားနေတာလို့ စေတနာ့ဝန်ထမ်းတွေက သုံးသပ်ပြောဆိုကြပါတယ်။

“ကလေးတွေက သန်ချဆေးမသောက်ရလို့ အရေပြားရောဂါထွက်တာလည်း ပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ သန်ချဆေး မသောက်ရတဲ့ ကလေးတွေက အရေပြားရောဂါအပြင် ရေရှည်မှာ သွေးအားနည်းရောဂါဖြစ်နိုင်တယ်။” လို့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျန်းမာရေးစေတနာ့ဝန်ထမ်း ဆောင်ရွက်နေသူတစ်ဦး က ပြောပါတယ်။

အရေပြားရောဂါအပြင် အသက် ငါးနှစ်အောက် ကလေးငယ်တွေမှာ ဝမ်းရောဂါပါ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက် ဒီးမော့ဆို့မြို့နယ်အနောက်ဘက်ခြမ်းရှိ ကျေးရွာ အချို့မှာလည်း ကျန်းမာရေးဆိုင်ရာ ကုသမှုမှာ အားနည်းလာသလို ဆေးရုံ၊ ဆေးခန်းမရှိတဲ့အတွက် သွားရောက်ပြသကုသမှုမှာလည်း အခက်အခဲ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“နိုင်ငံရေး ကောင်းတုန်းကတော့ ကျန်းမာရေးပိုင်းဆိုရင် ဒီလိုကလေးတွေနဲ့ ပတ်သက်ရင် ၆ လ တစ်ကြိမ် ပုံမှန်လာတိုက်ပေးတယ်၊ အခုတော့ တစ်ခါမှ ကလေးသန်ချဆေး မတိုက်တာ ၂ နှစ်ကျော်သွားပြီ” လို့ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းအတွင်းမှာ စစ်ရှောင်နေရတဲ့ လူထုတွေဟာ လက်ရှိမှာတော့ ရေဝယ်ယူသုံးစွဲနေကြရတာရှိနေပြီး ကျေးရွာအများစုမှာလည်း မိုးရေကိုသာ
မှီခိုအားထားပြီီး သုံးစွဲနေကြရတဲ့အတွက် ကျန်းမာရေး နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာကြတယ်လို့ ကျန်းမာရေးစေတနာ့ ဝန်ထမ်းတွေက သုံးသပ်ပြောဆိုထားပါတယ်။

ရေရှားပါးမှုတွေကြောင့် တကိုယ်ရေးသန့်ရှင်းရေး ပြုလုပ်ဖို့ ခက်ခဲလာတဲ့အတွက် အရေပြားရောဂါဖြစ်ပွားသူတွေမှာ ကူးစက်မှုတွေ ရှိနေတယ်လို့ စေတနာ့ဝန်ထမ်းတွေဆီကနေ သိရပါတယ်။

spot_img
spot_img

Recent posts