spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို လေကြောင်းတိုက်ခိုက်ပြီး နေအိမ် ( ၁၀၀ ) ဝန်းကျင် မီးလောင်ပျက်စီး

Author

Date

Category

ကန္တာရဝတီ တိုင်း(မ်)

ဒီကနေ့ မတ်လ ၂၄ ရက်နေ့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တစ်နေရာကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ကန္တာရဝတီတိုင်း(မ်)ရဲ့ မြေပြင်သတင်းထောက်မှ သတင်းပေးပို့ချက်အရ သိရပါတယ်။

ကျေးရွာတစ်ရွာထဲကို ယနေ့ နေ့လည် ၁၂ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ တိုက်လေယာဥ် တစ်စီး ၊ ၁ နာရီ ၁၅ မိနစ်မှာ ရဟတ်ယာဥ် (၂) စီးဖြင့် လာရောက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အကြိမ်ရေ (၅) ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီးနောက် ကျေးရွာထဲက နေအိမ် (၁၀၀) ဝန်းကျင် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ညနေ ၅ နာရီ ဝန်းကျင်မှာလည်း စစ်ကောင်စီမှ ကင်းထောက်လေယာဥ် တစ်စီး ပျံသန်းပြီး ကင်းထောက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

 

spot_img
spot_img

Recent posts