spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေ

လက်နက်ကြီး ထိမှန်ပျက်စီးသွားသော နေအိမ်များ

ကန္တာရဝတီ တိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်မှ (၁)မိနစ် (၁) လုံးနုန်းနဲ့ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေတယ်လို့ သိရပါတယ်။

ယနေ့ ( မတ်လ ၂၆ ) ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး ပစ်ခတ်နေတာ ဖြစ်ပြီး တစ်ကြိမ်ကို နာရီဝက်ခန့်ကြာအောင် ပစ်ခတ်နေတယ်လို့သိရပါတယ်။

နာရီဝက်ခန့်ပစ်ခတ်မှုကို ရပ်နားထားပေမယ့် မကြာခန ပြန်လည်ပစ်ခတ်နေတယ်လို့ ဒီးမော့ဆို အရှေ့ဘက်ခြမ်း ဒေသခံက ပြောပါတယ်။

“လက်နက်ကြီး ပစ်တာတော့ နေ့တိုင်းပဲ။ ဒီနေ့တော့မနက် ၉ နာရိီ လောက်က စပစ်တယ်။ တစ်မိနစ်ကို တစ်လုံး နှုန်းလောက်နဲ့ ပစ်နေတာ” လို့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှ ဒေသခံ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို နံနက် ၁၁ နာရီမှာပြောပါတယ်။

မတ်လ ၉ ရက်နေ့ကတည်းက ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေပြီး ဒီးမော့ဆိုအခြေစိုက် ခလရ ( ၁၀၂ ) တပ်ရင်းဟာ နေ့စဥ်နဲ့အမျှ လက်နက်ကြီးတွေ ပစ်ခတ်နေပြီး လူနေအိမ်တွေအများအပြား ထိခိုက်ပျက်ဆီးတာတွေ ရှိနေပါတယ်။

လက်နက်ကြီး ထိမှန်ပျက်စီးသွားသော နေအိမ်များ
spot_img
spot_img