spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့ နယ်မှာ မေလ ၁၇ရက်နေ့ တစ်ရက်အတွင်း တိုက်ပွဲ ၃နေရာဖြစ်ခဲ့

လေးမြာ / ကန္တာရ၀တီတိုင်း(မ်)

ကရင်နီပြည် ၊ဒီးမော့ဆိုမြို့နယ်အတွင်း မေလ (၁၇) ရက် တစ်ရက်ထဲမှာ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေ နဲ့ စစ်ကောင်စီတပ် တို့ဟာ ဒေါငံခါး၊ မြို့မစျေး နဲ့ ကုန်းသာကျေးရွာ စတဲ့ သုံးနေရာမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အသီးသီးတွေက ထုတ်ပြန်ထားကြပါတယ်။

“ဒီးမော့ဆိုဖက်ကလည်း အဓိကက ရဲစခန်းဖက်မှာ စစ်ကောင်စီဖက်ကစပြီးတော့ လှုပ်ရှားမှုတွေ အပြင်ထွက်တာတို့ ရှိနေတဲ့အချိန်မှာပေါ့။ ကျတော်တို့ ဒီကာကွယ်ရေးတပ်တွေနဲ့ စပြီးတော့ ထိတွေ့မှုဖြစ်တာ ဆိုတော့ ဒီးမော့ဆိုဖက်မှာလည်းဖြစ်တယ်။ ဒါပေမယ့် ဒီးမော့ဆိုဖက်မှာဖြစ်တဲ့တိုက်ပွဲက ကြီးကြီး မားမားတော့ မဟုတ်ဘူလေးနော်။ စစ်ကောင်စီရဲ့ လမ်းခရီးတွေကို ခြုံခိုတိုက်ခိုက်တဲ့ အနေအထား မှာပဲရှိတယ်” လို့ KNDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီးမော့ဆိုမြို့၊ မြို့မစျေးမှာ နံနက် ၁၀နာရီအချိန် စစ်ကောင်စီ နဲ့ ၂နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNDF B-19 က ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဒီးမော့ဆိုမြို့မရဲစခန်းမှာကနေ အပြင်ကို ကင်းထောက်သွားလာနေတဲ့ စစ်ကောင်စီကို ထပ်မံပြီး အလစ်ငိုက်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီသုံးဦး သေဆုံးခဲ့ပြီး KNDF ဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေါငံခါးကျေးရွာရှိ ပြည်သူနေအိမ်ပေါ်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆို (DMO-PDF) တပ် ဗျူဟာ ၁ A, B, J, F တပ်ရင်း၊ အလယ်ပိုင်းတိုင်း ၁၁၀၂ တပ်ရင်း၊ လွိုင်ကော် PDF နဲ့ KRU မဟာမိတ်တပ်အချို့ပူးပေါင်းကာ မနေ့က သွားရောက်တိုက်ခိုက်ခဲ့ပြီး ၂နာရီ ကြာအောင်တိုက်ပွဲဖြစ်ပွားခဲ့လို့ DMO PDF က သတင်းထုတ်ပြန်ပါတယ်။

ဒေါငံခါးတိုက်ပွဲမှာ စစ်ကောင်စီ ဘက်က (၅)ဦးသေဆုံးခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ည(၈)နာရီ အချိန်မှာတော့ ကုန်းသာကျေးရွာ အနီး စစ်ကောင်စီတပ်တွေ ညကင်းလှည့်နေစဥ် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) အဖွဲ့ မှ ရှောင်တခင် ပြောက်ကျား ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်မူ အတွင်း စစ်ကောင်စီတပ် မှ (၃) ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာ ရရှိမူများ ရှိခဲ့ပြီး (KRU) ဘက်မှ ရဲဘော်တစ်ဦး မစိုးရိမ် ဒဏ်ရာအသေးစားရရှိခဲ့ပါတယ်။

စစ်ကောင်စီဖက် မှ အထိနာခဲ့တဲ့အတွက် ည (၈)နာရီ (၂၀) မိနစ် တွင်လက်နက်ကြီး ၊ တင့်ကား လက်နက်ငယ် များရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူနေအိမ် တချို့ ထိခိုက်ပျက်စီးတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ဓါတ်ပုံ – KNDF B-19

spot_img
spot_img