spot_imgspot_imgspot_imgspot_img
Sunday, October 13, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမှာ တုပ်ကွေးကြောင့် ကျောင်းသား၊သူ ထက်ဝက်နီးပါး ကျောင်းမလာနိုင်၊ ကွင်းဆင်းကုသပေးနိုင်မယ့် ကျန်းမာရေးအဖွဲ့ လိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စာသင်ကျောင်းတစ်ခုမှာ ရာသီတုပ်ကွေးကြောင့် တစ်ပတ်အတွင်း ကျောင်းသူ၊ ကျောင်းသား ထက်ဝက်နီးပါး ကျောင်းမတက်နိုင်ဘဲ ပျက်ကွက်နေကြရတယ်လို့ အဆိုပါ စာသင်ကျောင်းရဲ့ တာဝန်ခံ ဆရာမ ဒေါ်ယူဖော ကပြောပါတယ်။

” ဆရာရှိရဲ့သားနဲ့ သင်ခန်းစာရပ်နားထားရတယ်ပေါ့နော်၊ ကျောင်းသားတစ်ချို့ဘဲ သင်ရင်လည်း သင်ခန်းစာကို ရှေ့ဆက်လို့မရဘူးဖြစ်နေတယ်။ တစ်ချို့အခန်းမှာဆိုရင် ရပ်နားထားရတယ်။ နေမကောင်းဖြစ်မယ်ဆိုရင်လည်း အတတ်နိုင်ဆုံးအိမ်မှာဘဲနေဖို့ပေါ့နော်။ အခြားသူငယ်ချင်းတွေဆီ မကူးစက်ဖို့မှာထားတယ်။” လို့ တာဝန်ခံဆရာမ ဒေါ်ယူဖော်က ပြောပါတယ်။

အခုမိုးရာသီအတွင်း ရာသီတုပ်ကွေးရောဂါကူးစက်မှုနဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်ပွားပြီး ကူးစက်မှုတွေ ဆက်တိုက်ဖြစ်နေတယ်လို့လည်း သူကဆက်ပြောပါတယ်။ အဆိုပါကူးစက်မှုတွေကို ကာကွယ်ကုသပေးဖို့အတွက် ကွင်းဆင်းပြီးကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မယ့် ကျန်းမာရေးအဖွဲ့ အစည်းတွေလည်း လိုနေတယ်လို့ ထပ်လောင်းပြောပါတယ်။

”အမြဲတိုင်းပုံမှန် နယ်လည့်စစ်ဆေးပေးမယ့် ကျန်းမာရေးအဖွဲ့ရှိမယ်ဆိုရင်လည်းကောင်းမှာဘဲပေါ့နော်၊ အခုကကျောင်းဖွင့်တာ သုံးလလောက်ရှိနေပြီပေါ့နော်၊ အဲ့လိုလာပြီးတော့ ဆေးကုသပေးဖို့ ကျောင်းကျန်းမာရေးအဖွဲ့ကို ပြောချင်ပါတယ်။”လို့ ကျောင်းတာဝန်ခံက ပြောပါတယ်။

လက်ရှိမှာတော့ ကျောင်းသူ၊သားတွေဟာ နီးစပ်ရာ CHDNဆေးခန်းတွေ၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဆေးခန်းတွေ၊ နဲ့ ဆေးဆိုင်တွေမှာ ဆေးကုသကြတယ်လို့သိရပါတယ်။

” ညီမဖျားတာတော့ ၁၉ ရက်နေ့ကတည်းကပေါ့နော်၊ ကျောင်းပျက်တာလည်း လေးရက်လောက်ရှိပြီ၊ စစဖျားတုံးကဆိုရင် ကိုယ်ပူလောက်ဘဲ စဖျားတယ်။ နောက်တော့မှ ချမ်းတုန်ပြီးတော့မှ မူးလာတာတွေ၊ အန်ချင်လာတာတို့ဖြစ်လာတယ်ပေါ့နော်၊ ဖျားတာဖြစ်တဲ့အတွက်ကြောင့်မို့ ခွင့်တိုင်ပေးပြီးတော့ ကျောင်းနားရတယ်၊ ကျောင်းစာတွေကို ပြန်ကူးပေးရတာပေါ့နော် ”လို့ ဖျားနေတဲ့ ကျောင်းသူတစ်ဦးရဲ့အစ်မဖြစ်သူကပြောပါတယ်။

ကျောင်းအနေအထားအရ ခြင်ပေါက်ဖွားမှု အရမ်းများတဲ့နေရာမှာ ဖွင့်ထားတာကြောင့် ခြင်ကြောင့်ဖြစ်ပွားတတ်တဲ့ ရောဂါတွေကို ကာကွယ်ပေးဖို့နဲ့ ခြင်နိုင်ဆေးတွေ၊ အရေးပေါ်ဆေးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts