spot_imgspot_imgspot_imgspot_img
Tuesday, March 19, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်စာသင်ကျောင်းတစ်ခုရဲ့ ကျောင်းဆင်းပွဲ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီဇင်ဘာလ ၅ရက်နေ့က ဒီးမော့ဆိုအနောက်ဘက်ခြမ်း စစ်ရှောင်ကျောင်းတစ်ကျောင်းမှာ ကျောင်းဆင်းပွဲအခမ်းအနားပြုလုပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားကို ကျောင်းသူ၊ကျောင်းသားတွေ ၊ ကျောင်းသားမိဘတွေနဲ့ ကျောင်သားသမဂ္ဂအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပါတယ်။

အခုလိုကျောင်းဆင်းပွဲ အခမ်းအနားကျင်းပ‌ခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်တဲ့အကြောင်းကို ဆရာမတစ်ဦးက အခုလိုပြောပါတယ်။

“ကျောင်းဆင်းပွဲဆိုကျွန်မ လုံးဝမမျှော်လင့်ဘူး။ အရင်နှစ်ကျမတို့လုပ်တာမိဘ( ၁၀ )ယောက်တောင်မလာဖူးပါဘူး။ ဒီတစ်နှစ်ကျတော့ ကျမဘယ်လိုမှ ပြောမပြနိုင်တဲ့ပီတိကို ကျမခံစားရပါတယ်။ မိဘတွေအများကြီးတက်ရောက်လာတယ် အလှူရှင်တွေလဲအများကြီးလာပေးတယ်။” လို့ ဆိုပါတယ်။

အခုလိုကျောင်းဆင်းပွဲပြုလုပ်ရတဲ့အတွက် ပျော်ရွှင်မှုရတဲ့အကြောင်းကို စတုတ္ထတန်းကျောင်းသူတစ်ဦးက အခုလိုပြောပါတယ်။

” ကျောင်းဆင်းပွဲလုပ်တာ သမီးကဆုယူတာလဲပျော်တယ်။ အကတွေကရတယ်။ ကယန်းဘုံအကတွေကရတယ်။ ပြီးလို့ရှိရင်တော့ သူများတွေကသမီးတို့ကိုလာကြည့်ပေးတဲ့အတွက်သမီးအရမ်းပျော်ပါတယ်။ ” လို့ဆိုပါတယ်။

၂၀၂၁ခုနှစ် နိုဝင်ဘာလ ၅ရက်နေ့မှာ ကျောင်းစတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ကျောင်းသား ၁၀၅ ဦးရှိတယ်လို့ ဆိုပါတယ်။

ကျောင်းဖွင့်ခဲ့တာတစ်နှစ်ကျော်ရှိလာပြီဖြစ်တဲ့ အဲဒီကျောင်းမှာ ကယန်းစာပေတွေကိုထည့်သွင်းသင်ကြားပေးခဲ့သလို နောက်ထပ်လည်းကယန်းစာပေ‌တွေဆက်လက်ထည့်သွင်းသင်ကြားဖို့ ရှိမယ်လို့ဆိုပါတယ်။

spot_img
spot_img

Recent posts