spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအရှေ့ခြမ်းမှ တောင်သူတွေကို မဖြစ်မနေ စပါးစိုက်ကြဖို့ တိုက်တွန်းထား

Author

Date

Category

ထွေးရယ်၊ လေးမြာ ( ကန္တာရဝတီတိုင်း(မ်) )

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာရှိတဲ့ တောင်သူတွေ ယခုနှစ်စိုက်ပျိုးရာသီမှာ မဖြစ်မနေ စပါးစိုက်ကြဖို့ တိုက်တွန်းထားတယ်လို့ ဒီးမော့ဆိုအရှေ့ခြမ်း အုပ်ချုပ်ရေးမှူးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ (၄) အုပ်စုရှိတယ်။ ဒါပေမယ့် စပါးစိုက်တာက အဓိက နှစ်အုပ်စုပဲ ရှိတယ်။ စပါးမဖြစ်မနေစိုက်ဖို့တော့ သူတို့ကို ပြောထားတယ်။ သူတို့လည်း စိတ်အားထက်သန်ပါတယ်။ အနည်းဆုံး တစ်အိမ်ထောင် ကို တစ်ဧက၊ နှစ်ဧက။ တစ်ချို့ဆိုလည်း သုံး၊ လေး၊ ငါး၊ ဆယ် ဧကရှိရင်လည်း ရှိနိုင်တာပေါ့နော်။ တကယ်လို့ သူတို့မလုပ်နိုင်ဘူး ဆိုရင်လည်း ကျွန်တော်တို့နဲ့ လာတိုင်ပင်ပါ။ ပြီးရင် တခြားအုပ်စုက လယ်မရှိတဲ့သူတွေ လုပ်ခိုင်းလို့ရတယ်ဆိုတဲ့ အနေအထားရှိတယ်။ လုံခြုံတဲ့ နေရာမှာ စပါးတွေ ပြန်စိုက်နိုင်ဖို့ပေါ့။” အုပ်ချုပ်ရေးမှူး အဖွဲ့မှ တာဝန်ရှိသူက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ကရင်နီပြည်ရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ လူဦးရေဟာ စစ်ဘေးရှောင်နေရတဲ့ပြီး ရေရှည်မှာ စားနပ်ရိက္ခာတွေ အခက်အခဲ ဖြစ်လာနိုင်တဲ့အတွက် လယ်ယာစိုက်ပျိုးလို့ ရနိုင်သေးတဲ့ လုံခြုံတဲ့ နေရာတွေကို စပါးတွေရရှိနိုင်အောင် စိုက်ပျိုးကြဖို့ တိုက်တွန်းရခြင်းဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူးက ဆက်ပြောပါတယ်။

လက်ရှိမှာတော့ ကရင်နီပြည်မှာ စိုက်ပျိုးရေးအတွက်လိုအပ်တဲ့ ဒီဇယ်၊ မြေဩဇာ ၊ ပေါင်းသတ်ဆေး စတဲ့ အခြေခံကုန်စျေးနှုန်းများ အဆမတန် တက်သွားတာကြောင့် စိုက်ပျိုးထွန်ယက်ဖို့ အခက်အခဲရှိတယ်လို့ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းမှာ တောင်သူတစ်ဦးက ပြောပါတယ်။

“ခုက မြေဩဇာ စျေးအဆမတန်တက်တယ်လေ။ မိရိုးဖလာလိုပဲ လုပ်ရင်လည်း မရတော့ဘူး။ ခုက စက်မှုလယ်ယာခေတ်ဆိုတော့။ ကျွဲနွားဆိုတာလည်း မရှိတော့ဘူး။ ထွန်ယက်စိုက်ပျိုးပြီးရင်တောင် မြေဩဇာဖိုးတွေ ရှိသေးတယ်။ အရင်က မြေဩဇာ အကောင်းတစ်အိတ်ဖိုးက တတ်နိုင်တယ်။ အခုက တစ်အိတ်ဖိုးကို အရင် ၃ အိတ်ဖိုးစာလောက်ရှိတယ်။ အညံ့စားဝယ်ရင်လည်း ဘာမှမထူးဘူး။ အပင်တွေ မသန်တော့ သီးနှံ မထွက်ဘူးပေါ့။ စိုက်ပျိုးရတာ အလကားဖြစ်သွားတာပေါ့။” လို့ တောင်သူတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်က လူဦးရေထက်ဝက်ကျော်ဟာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းဖြင့်သာ အသက်မွေးဝမ်းကျောင်း ပြုနေကြရပါတယ်။ မိသားစု စားသောက်ရေး ဖူလုံမှသာ ပိုလျှံတဲ့ သီးနှံတွေကို ဝင်ငွေရရှိဖို့ ရောင်းထုတ်ကြတာ ဖြစ်ပါတယ်။

“ကျွန်မတို့က စပါးမစိုက်ဘဲ ဝယ်စားမယ်ဆိုရင် မလုံလောက်ဘူး။ စျေးကြီးပေးဝယ် နေရတယ်။ ဒါပေမယ့် ကျွန်မတို့ ထွက်တဲ့သီးနှံတွေ ရောင်းမယ်ဆိုရင် စျေးကောင်းမရဘူး။ ပိုက်ဆံလိုတော့လည်း စျေးပေါပေါနဲ့ ရောင်းရတာပဲ။ သီးနှံမလှရင်လည်း စျေးနှိမ်ခံရတယ်။ သီးနှံကောင်းမှ စျေးကောင်းတယ် ဆိုပေမယ့် လုပ်ရတာနဲ့ မတန်ပါဘူး။ တခြားရောင်းစရာလည်း ဘာမှမရှိဘူး။ လယ်လုပ်တယ်။ စပါး ရောင်းတယ်။ နောက်နှစ်အတွက် အရင်းအနှီးပြန်လုပ်တယ်။ အဲလိုပဲ သံသရာ လည်နေတယ်။ အပိုအလျှံ ဆိုတာ မရှိဘူး။” လို့ တောင်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ကရင်နီပြည် လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ တိုက်ပွဲကြောင့် တောတောင်ထဲကို ၂၀၂၁ ခုနှစ် မေလနောက်ဆုံးအပတ်မှာ စတင်စစ်ဘေးရှောင်နေခဲ့ရပြီး လယ်ယာများ မစိုက်ပျိုးနိုင်ကြသလို စိုက်ပျိုးထားတဲ့ သီးနှံပင်များကို စစ်ကောင်စီမှ တမင်ဖျက်ဆီးတာတွေ၊ လက်နက်ကြီးကျရောက်လို့ ပျက်စီးတာတွေကြောင့် မရိတ်သိမ်းနိုင်ပဲ ဖြစ်ခဲ့ရပါတယ်။

spot_img
spot_img

Recent posts