spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ အထက်တန်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် အထက်တန်း စာသင်ကျောင်းတစ်ကျောင်း ထိမှန်ပျက်စီးခဲ့ရပါတယ်။

“၁ နာရီ ၁၆မိနစ်မှာ တိုက်လေယာဉ် နှစ်ပတ် ပတ်ပြီးဝဲတာ ဝဲပြီးတော့ ၁၈မိနစ်လောက်မှာ တစ်ခါတည်းတန်းပစ်တာ။ ၈ခေါက်တိတိပစ်တယ်။ လေယာဉ်ဒုံးနဲ့လည်းပစ်တယ် ရွာတစ်လျှောက် အရှေ့ဖက်ခြမ်းရွာတစ်လျှောက်ကို လက်နက်ကြီးတွေနဲ့လည်းပစ်တယ် အကုန်လုံးပစ်တယ်။ လေယာဉ်နဲ့နှစ်ခါတောင်ပစ်တာ။ ” လို့ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှ ဒေသခံတစ်ဦးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၂၅နှစ်အရွယ် အမျိုးသားတစ်ဦးထိမှန်သေဆုံးခဲ့သလို ဒဏ်ရာရရှိသူလည်းရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီးမော့ဆိုမြို့နယ်အခြေစိုက် ခလရ (၁၀၂)တပ်ကနေ လက်နက်ကြီးအချက်ရေ မြောက်မြားစွာပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ်လ ၉ရက်နေ့ကစပြီး ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီတပ်မှ စစ်ကြောင်းသုံးကြောင်း၊ အင်အား ၃၀၀ကျော်နဲ့ စစ်ကြောင်း ထိုးစစ်ဆင်မှုကြောင့် ကရင်နီဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဒီကနေ့အချိန်ထိ တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးသူ ၁၀၀ ဝန်းကျင်ရှိနေပြီး ထိခိုက်ဒဏ်ရာရသူများစွာရှိတယ်လို့ KNDF တာဝန်ရှိသူက ပြောပါတယ်။ ဒါ့အပြင် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းမြောက်မြားစွာကို ပူးပေါင်းတပ်ဖွဲ့မှ သိမ်းဆည်းရမိထားတာရှိပါတယ်။

အထိနာတဲ့ စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို လေကြောင်းဦးတည်တိုက်ခိုက်မှုကို ပြုလုပ်နေတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ ကျနော်ထင်တာကလေ အထိနာပြီးတော့ အဲ့ဖက်လမ်းမှာ ရှိသမျှ ရွာတွေအကုန်လုံးကို ပစ်သလိုလုပ်တာ။ အဲ့ဖက်မှာရှိတဲ့ရွာတွေအကုန်လုံးကို လက်နက်ကြီးမှီတဲ့ရွာတွေအကုန်လုံးကိုပစ်တာ။ဆိုတော့ အဲ့လိုပုံစံ အမဲရောင်နယ်မြေပုံစံလိုမျိုးနဲ့ တွေ့တဲ့ဟာ မြင်သမျှ မဲမဲမြင်သမျှ ပစ်တာ ကားတွေ့ရင်ကားပစ်တာ။ ”

မတ်လ ၂၈ ရက်နေ့ ညနေ ၆နာရီဝန်းကျင်မှာလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းတစ်နေရာကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားတစ်ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

spot_img
spot_img

Recent posts