spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအရှေ့ဘက်ခြမ်း နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီ ၁၀ ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိ

ကန္တာရဝတီတိုင်း( မ် )

ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ တနီးလာလဲကျေးရွာ အရှေ့ဘက် တောင်ပေါ်တစ်ကြော နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီ ၁၀ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) က ဒီကနေ့ ဧပြီလ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ခမရ ( ၅၁၇ ) တပ်ရင်းအမှတ်တံဆိပ်ပါတဲ့ MA-1 သေနတ် ( ၂ ) လက် ၊ MA-3 သေနတ် ( ၁ ) လက်နဲ့ ကျည်ဆံ၊ ဆက်စပ်ခဲယမ်းကျောက်၊ အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲအတွင်း KNDF B-06 က ရဲဘော်တစ်ဦး ကျဆုံးသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့နဲ့ ၅ ရက်နေ့တွေမှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီအခြေစိုက် ၁၀၂ တပ်ရင်းက လက်နက်ကြီးတွေပစ်ကူခဲ့သလို လေကြောင်းနဲ့ ၆ ကြိမ်လာရောက်ပစ်ခတ်မှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကရင်နီတပ်မတော် ( KA ) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) ဗျူဟာ ( ၆ ) တပ်ရင်းဖြစ်တဲ့ KNDF B-09၊ KNDF ဗျူဟာ ၄ တပ်ရင်းဖြစ်တဲ့ KNDF B-01 ၊ KNDF B -05 ၊ KNDF B-06 ၊ KNDF B-07 နဲ့ KNDF ဗဟိုဒရုန်းတပ်ဖွဲ့တို့ နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ဒေါတမြေး၊ ဒေါတငူး၊ တနီးလာလဲကျေးရွာ ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KA၊KNDF တို့ မတ်လကစပြီး ဧပြီလအထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံအပါအဝင် ထပ်ဆင့်စစ်ရှောင် သုံးသောင်းဝန်းကျင်ဟာလည်း ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

spot_img
spot_img