spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုတွင် မူးယစ်ဆေးဝါး တန်ဖိုး ကျပ် ၁ သိန်းကျော်ဖိုးထပ်မံဖမ်းဆီး

Author

Date

Category

မူအက်စတာ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို ့ ၊ စံပြ ၆ မိုင် ကျေးရွာ အမှတ်(၄)ရပ်ကွက်တွင် ဩဂုတ်လ ၂ဝ ရက်နေ့ နံနက် (၀၅း၁၅)၊  မူးယစ်ဆေးဝါးနှင့် ငွေစက္ကူထပ်မံ ဖမ်းဆီးမိကြောင်း  မြို့မရဲစခန်း၏ မှုခင်းမှတ်တမ်းမှ သိရှိရသည်။

ဖြစ်စဉ်မှာ အမှတ်(၄)ရပ်ကွက်နေ အီညားရှို(ဘ) ဦးဆီကောဒို၏ နေအိမ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်နေကြောင်း သတင်းရရှိသဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူယစ်ဆေးဝါးရှာဖွေ ဖမ်းဆီးခွင့်ဝရမ်းအမှတ်(၂/၂၀၁၆)ဖြင့် သက်သေများနှင့်အတူ ဒီးမော့ဆိုမြို့မရဲစခန်းမှ တာဝန်ရှိသူများ သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဦးအီညားရှို၏ နေအိမ်တွင် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ပြား ၉ဝ (တန်ဖိုး ၁၃၅, ဝ၀ဝ ကျပ်) အလေး   ချိန် (၈.၁)ဂရမ်နှင့် ငွေစက္ကူရောရာ (၉၀,၀၀၀) ကိုးသောင်းကျပ် တို့ကို ဖမ်းဆီးရရှိမိကြောင်း သတင်းရရှိသည်။

၎င်းအမှုကို ဒီးမော့ဆိုမြို့နယ် ရဲစခန်း မယ(ပ) ၂/၂၀၁၆ မူး/စိတ်ပြောင်းပုဒ်မ ၁၅/၁၉(က)/၂၀(က)ဖြင့်အမှုဖွင့်လျှက်ရှိပြီး ဒုရဲအုပ် မောင်မောင်စိုးမှ စစ်ဆေးလျှက်ရှိကြောင်း မြို့နယ် မြို့မရဲစခန်း မှုခင်းမှတ်တမ်းအရ သိရှိရပါသည်။

spot_img
spot_img

Recent posts