spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ဒေသထွက်ကုန် မူပိုင်ခွင့်အတွက် အမြန်ဆုံးကာကွယ်ဖို့လိုအပ်နေ

Author

Date

Category

ကယားထဲ

ကယား(ကရင်နီ)ပြည်နယ်ကနေထွက်တဲ့ သီးနှံမျိုးရင်းတွေနဲ့ ထွက်ကုန်ပစ္စည်းတွေကို တခြားတိုင်းတစ်ပါးကနေ မူပိုင်ယူသွားနိုင်တဲ့အတွက် အသင်းအဖွဲ့တွေဖွဲ့ပြီးတော့ အမြန်ဆုံး အကာအကွယ်ပေးဖို့လိုအပ်နေပြီဖြစ်တယ်လို့ မူပိုင်ခွင့်ဥပဒေအတိုင်ပင်ခံ ဦးသန်းမောင်က ပြောပါတယ်။

ကယားရိုးရာအစားအစာတွေချက်ပြုတ်ရာမှာ ဟင်းခတ်အမွေးအကြိုင်အဖြစ်သုံးတဲ့ မှှှှည့်ခါသီးတို့ဆိုရင် ကယားပြည်နယ်နဲ့နီးစပ်တဲ့ ထိုင်းနိုင်ငံတွေမှာ စိုက်ပျိုးလာတာရှိတယ်လို့ ကြားသိရတာကြောင့် မူပိုင်ခွင့် နဲ့ ကာကွယ်ထားဖို လိုအပ်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။

“အသင်းအဖွဲ့တွေဖွဲ့ဖို့လိုကောင်းလိုလာလိမ့်မယ်။ ခင်ဗျားတို့ရဲ့ မက်ခါသီးစိုက်ပျိုးသူများအသင်း၊ ဝက်အူချောင်း ထုတ်လုပ်သူများအသင်း ဥပမာမော်လမြိုင်တို့မှာရှိတယ် ကျွဲကောသီးစိုက်ပျိုးသူများအသင်း၊ ဒူးရင်းသီးထုတ်လုပ်သူများအသင်းဆိုပြီး သူတို့က သူတို့ဒေသမှာထွက်တဲ့ သီးနှံတွေ ဒူးရင်းသီးတွေကို ကာကွယ်ပေးဖို့ အဲဒါက တစ်ဦးတစ်ယောက်ကနေ ကာကွယ်ပေးလို့မရဘူး။”လို့ ဦးသန်းမောင်က ပြောပါတယ်။

မူပိုင်ခွင့်ဥပဒေက လက်ရှိအတည်မပြုရသေးတာကြောင့် နစ်နာမှုတွေရှိလာပြီဆိုရင် တခြားတရားမမှုဥပဒေတို့၊ သက်ဆိုင်ရာတိုင်းရင်းသား ယဉ်ကျေးမှုအကာအကွယ်ပေးတဲ့ဥပဒေတို့၊ နိုင်ငံသားအခွင့်အရေးဥပဒေတို့ ၊ ယှဉ်ပြိုင်မှုဥပဒေတို့၊ စားသုံးသူရေးရာ ဥပဒေတို့နဲ့ အကာအကွယ်လုပ်ထားဖို့လိုနေပြီဖြစ်တယ်လို့ ကန္တာရဝတီတိုင်း(မ်)မှတဆင့် အကြံပေးပြောဆိုသွားပါတယ်။

မူပိုင်ခွင့် ဥပဒေနဲ့ ပြည်နယ်ရဲ့ ထွက်ကုန်တွေကို ဘယ်လိုကာကွယ်သွားမလဲဆိုတာနဲ့ပတ်သက်ပြီးဆွေးနွေးပွဲတခုကို ကယားပြည်က စီးပွားရေးလုပ်ငန်းရှင်တွေ၊ စတင်တည်ထောင်လိုသူတွေ၊ ဥပဒေအကျိုးဆောင်သူတွေ နဲ့ စိတ်ပါဝင်စားသူတွေ ၊အနုပညာ တီထွင်ဖန်တီးသူတွေက ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ လွိုင်ကော် YGN food house မှာ အခမ်းအနားနဲ့ ကျင်းပသွားခဲ့ပါတယ်။

အခမ်းအနားမှာတော့ မြန်မာနိုင်ငံမူပိုင်ခွင့်ဥပဒေများ မိတ်ဆက်ခြင်းနှင့် ကယားပြည်နယ် အသင်းခွဲဖြစ်မြောက်ရေး အတွက် ဆွေးနွေးသွားခဲ့ကြပါတယ်။

ဒေသတွင်းထွက် သီးနှံတွေ၊ ကုန်ပစ္စည်း နဲ့ ထွက်ကုန်တွေ၊ ဒီဇိုင်းတွေနဲ့ စာပေ အနုပညာတွေ ၊ ကြော်ငြာတွေ၊ ရုပ်ရှင်လုပ်ငန်း စတာတွေ အားလုံးကို နိုင်ငံတော်က မူပိုင်ခွင့် လုပ်ပေးရမှာ ဖြစ်တယ်လို့ မူပိုင်ခွင့်ဥပဒေအတိုင်ပင်ခံ ဦးသန်းမောင်က ပြောပါတယ်။

“အောက်ခြေက ထုတ်လုပ်တဲ့လူ၊ ဝန်ဆောင်မှုပေးနေတဲ့လူ ကုန်ကုန်ပြောမယ် လက်ဖက်ရည်ဆိုင်ဖွင့်တဲ့လူ လက်ဖက်ရည်ရောင်းနေတယ် ပဲပြုတ်သဲပဲပြုတ်ရောင်းနေတယ် ကန်စွန်းရွက်သည် ကန်စွန်းရွက်ရောင်းနေတာက အစ မူပိုင်ခွင့်ရှိတယ်။” လို့ ဦးသန်းမောင်က ဆက်ပြောသွားပါတယ်။

၂၀၂၀ခုနှစ်ရဲ့ နှစ်ဝက်လောက်မှာတော့ ဒီမူပိုင်ခွင့်ဥပဒေကို အတည်ပြုနိုင်ပြီးဆိုရင်တော့ ရိုးရာအစားအသောက်ဒေသထွက်ကုန်တွေဖြစ်စေ၊ လုပ်ငန်းအကြီးအသေးဖြစ်စေ၊ အနုပညာရှင်တွေရဲ့တီထွင်ကြံဆမှုတွေဖြစ်စေ မူပိုင်အဖြစ်နဲ့ မှတ်ပုံတင်ထားနိုင်ပြီဖြစ်ပါတယ်။ ဒီလိုဥပဒေနဲ့အညီမှတ်ပုံတင်ထားပြီဆိုပါက ငှားရန်းသုံးစွဲတာတွေ၊ ရောင်းချတာတွေ၊ အငြင်းပွားမှုတွေဖြစ်လို့ရှိရင်လည်း ဥပဒေက အပြည့်အဝ ကာကွယ်ပေးမှာဖြစ်တယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts