spot_imgspot_imgspot_imgspot_img
Friday, April 19, 2024
spot_imgspot_imgspot_imgspot_img

ဒေါဖုအုပ်စုအတွင်း လျှပ်စစ်မီးရရှိရေး ပြည်နယ်အစိုးရရန်ပုံငွေ ကျပ်သန်း ၇၀၀ ကျော်ဖြင့်ဆောင်ရွက်သွားရန် ညှိနှိုင်းမည်

Author

Date

Category

ကန္တရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့မှာကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ရက်မြောက်နေ့ မှာ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘော်ရယ်စိုးဝေက ဒေါဖုအုပ်စုအတွင်း လျှပ်စစ်မီးရရှိရေးနဲပတ်သက်တဲ့ ကြယ်ပွင့်ပြမေးခွန်းကို မေးမြန်းခဲ့ပါတယ်။

အဲ့ဒီမေးခွန်းကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက လာမယ် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်မှာ ကယားပြည်နယ် အစိုးရရဲ့ ရန်ပုံငွေမှာ လျာထား ဆောင်ရွက်ပေးဖို့ ညှိနှိုင်းပေးမယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒေါဖုအုပ်စု အတွင်းက ဒေသခံတွေကတော့ လျှပ်စစ်မီးရရှိဖို့ အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့တိုင်း တင်ပြတောင်းဆိုပေမဲ့ ဒီနေ့ ထိ အကောင်ထည်မပေါ်သေးဘူးလို့ ဆိုပါတယ်။

ဒေါဖုကျေးရွာလျှပ်စစ်မီးရရှိရေးအတွက် အမျိုးသားလွှတ်တော်တွင် ကယားပြည်နယ်မှအမျိုးသားလွှတ်တော်ကိုယ်စားလှယ် မေးခွန်းမေးမြန်းပြီး သက်ဆိုင်သည့်ဝန်ကြီးမှပြန်လည်​ဖြေကြားနေစဥ်

ဒေါဖုအုပ်စု အုပ်ချုပ်ရေးမှူးဦးရီးရယ်က “တင်ပြတာကတော့ ဝန်ကြီးချုပ်ခရီးစဉ်ရှိတိုင်း ဆွေးနွေးပွဲလုပ်တိုင်းဆို လျှပ်စစ်မီးအမြဲတမ်းတင်ပြတယ်။ လွှတ်တော်တို့ ဌာနဆိုင်ရာတို့ တင်ပြဆိုရင်လည်း လျာပဲလျာထားတယ်ပြောတယ်ပေါ့နော။ ဘယ်နှစ်မှာလျာထားပြီး ဘတ်ဂျက်ချပေးမယ်ဆိုတာကို အခုထိ အကောင်အထည်မဖော်ဘူးပေါ့နော” လို့ ပြောပါတယ်။

ဒေါဖုအုပ်စုဟာ ဒီမော့ဆိုမြို့နယ်အတွင်း အခြားသော အုပ်စုကျေးရွာများထက် ခက်ခဲနှောင့်နှေးနေပြီ ကျောင်းသားကျောင်းသူများ စာကျက်ရာတွင်လည်း ဖယောင်းတိုင်၊ မီးခွက် စတာတွေနဲ့အသုံးပြနေရတာကြောင့် လျှပ်စစ်မီးလိုအပ်နေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ဒေါဖုအုပ်စုအတွင်းမှာ ဒေါလော်ခူ၊ ဒေါဖု၊တဖို၊ ဘိုလျား၊ ဒေါဆိုခူ၊ ဆော်ဘွား(ခ)ဒေါပဲ့၊ ဒေါပဲ့ဒူ စတဲ့ ကျေးရွာ ၇ ရွာရှိပြီး ဒေါလော်ခူကျေးရွာတစ်ရွာသာ လျှပ်စစ်မီးရရှိသေးတယ်လို့ သိရပါတယ်။

ဓါတ်အားမရရှိသေးတဲ့ ကျေးရွာ ၆ရွာအနက် ဒေါဖု၊ တဖို၊ ဘိုလျား၊ ဆော်ဘွား(ခ)ဒေါပဲ့၊ ဒေါပဲ့ဒူ စတဲ့ကျေးရွာ ၅ ရွာ ဓါတ်အားရရှိရေးအတွက် ၁၁ကေဗွီဓါတ်အားလိုင်းဖြင့် ဒေါလော်ခူကျေးရွာမှ ဒေါဖုကျေးရွာအထိ (၆.၂)မိုင်၊ ဒေါဖုကျေးရွာမှာ ဒေါပဲ့ကျေးရွာအထိ (၁)မိုင်၊ ဒေါပဲ့ကျေးရွာမှ ဒေါပဲ့ဒူကျေးရွာအထိ (၁.၂)မိုင်၊ ဒေါလော်ခူ Tap off မှ ဘိုလျားကျေးရွာအထိ (၄.၅)မိုင်၊ ဘိုလျားကျေးရွာမှ တဖိုအထိ ၁ မိုင်၊ စုစုပေါင်း ၁၁ကေဗွီ ဓါတ်အားလိုင်း (၁၃.၉)မိုင်၊ ၁၁/ဝ.၄ ကေဗွီ ၅၀ ကေဗွီအေ ထရန်စမော်မာ (၅)လုံးနဲ့ ၄၀၀ဗို့ ဓါတ်အားလိုင်း (၅)မိုင် တည်ဆောက်ရမှာဖြစ်ပြီး ခန့်မှန်းကုန်ကျငွေ ကျပ်သန်းပေါင်း ၅၀၀ ကျော် ဖြစ်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ပြန်လည်ဖြေကြားခဲ့ပါတယ်။

ထို့ပြင် ကျန်ကျေးရွာ တစ်ရွာဖြစ်တဲ့ ဒေါဆိုခူကျေးရွာ လျှပ်စစ်ဓါတ်အားရရှိရေးအတွက် လက်ရှိဓါတ်အားရရှိထားတဲ့ ဒေါဖာကျေးရွာမှ ၁၁ကေဗွီ ဓါတ်အားလိုင်း ၄ မိုင်၊ ၁၁/ဝ.၄ ကေဗွီ ၅၀ ကေဗွီအေ ထရန်စဖော်မာ ၁ လုံးနဲ့ ၄၀၀ ဗို့ဓါတ်အားလိုင်း ၁ မိုင် တို့ကို ခန့်မှန်းကျပ်၂၃၆ သန်းဖြင့် တည်ဆောက်ပြီး ဓါတ်အားရယူရမှာဖြစ်ပါတယ်။

ထို့ကြောင့် ဒေါဖုကျေးရွာအုပ်စုအတွင်း ဓါတ်အားမရရှိသေးတဲ့ ကျေးရွာ ၆ ရွာကို လျှပ်စစ်ဓတ်အားရရှိရေးအတွက် ခန့်မှန်းကုန်ကျစရိတ်မှာ ကျပ်သန်းပေါင်း ၇၀၀ ကျော် ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မှစ၍ ကယားပြည်နယ်အစိုးရရန်ပုံငွေမှာ ထည့်သွင်းလျာထားနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပြီး ဘဏ္ဍာငွေ ခွင့်ပြုချက်ရရှိမှုအပေါ်မူတည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမယ်လို့ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ဆိုပါတယ်။

spot_img
spot_img

Recent posts