spot_imgspot_imgspot_imgspot_img
Wednesday, April 17, 2024
spot_imgspot_imgspot_imgspot_img

နမ့်ဘော်ဝမ်ရပ်ကွက်က စစ်ရှောင်တွေကို ရိက္ခာပေးပြီး ပြန်သိမ်းသွားတာမဟုတ်ပဲ ပြန်စုပုံပြီး စီမံခန့်ခွဲပေးတာဖြစ်တယ်လို့ဆို

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

မတ်လ (၂၅)ရက်နေ့က လွိုင်ကော်မြို့နယ် နမ့်ဘော်ဝမ်ရပ်ကွက်အတွင်း စစ်ရှောင်ပြည်သူတွေကို စစ်ကောင်စီလက်အောက်ခံ ပြည်နယ်အစိုးရကနေ ရိက္ခာလာရောက်ဝေပြီး ပြန်လည်သိမ်းယူသွားတာမဟုတ်ပဲ ပြန်လည်စုပုံပြီး စစ်ရှောင်တွေအတွက် ကော်မတီတွေက ပြန်လည် စီမံခန့်ခွဲပေးတာဖြစ်တယ်လို့ စစ်ရှောင်ကူညီသူ တာဝန်ခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြန်လည်ဖြေဆိုပါတယ်။

“လွိုင်ကော်မြို့ နမ့်ဘော်ဝမ် ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီ က ရိက္ခာဝေပေးမယ်လို့ပြောဆိုကာ မတ်လ ၂၅ ရက်နေ့မှာ စုရုံးခေါ်ဆောင်ပြီး ဓါတ်ပုံမှတ်တမ်းရယူခဲ့ပေမဲ့ ဝေငှထားတဲ့ ရိက္ခာထုပ်တွေကို ပြန်လည်တောင်းယူခဲ့တယ်လို့” လို့ ကန္တာရဝတီတိုင်း(မ်)အနေနဲ့ မတ်လ ၂၅ ရက်နေ့မှာ သတင်းရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

“၅၃ ယောက်။ အဲ့ဒီမှာ ၅၃ကျတော့ တစ်ခါတည်း မဝေခင်ကတည်းက ပြောထားတယ်လေး။ အခုလာဝေတဲ့ ဥစ္စာကျတော့ ပြည်နယ်ကနေ လာပေးတဲ့ဥစ္စာဖြစ်တဲ့ အတွက်ကြောင့် ငါတို့ ဒီခန်းမဆောင်မှာ မီးဖိုချောင်မှာ ရုံးခန်းမှာ ငါတို့ ပုံမယ်ပေါ့နော။ ပြီးတော့ ဘာလိုအပ်လည်း လာထုတ် လာယူ။ ဘာဖြစ်လဲဆိုတော့ ၁လနေရမလား ၂ လနေရမလား ၃လနေရမလား မသိတဲ့အတွက်ကြောင့် ကျနော်တို့ ဒီကော်မတီ အဖွဲ့ကနေပြီးတော့မှ ထိန်းထိန်းသိမ်းသိမ်းနဲ့ အလေအလွင့်နည်းအောင်ပေါ့နော အဲ့မျိုး စီစဉ်ဆောင်ရွက်ခိုင်းထားတာပေါ့နော။”လို့ စစ်ရှောင် တာဝန်ခံတစ်ဦးက ပြောပါတယ်။

အဆိုပါသတင်းအကြောင်းအရာနဲ့ပတ်သက်ပြီး နမ့်ဘော်ဝမ်ရပ်ကွက်က စစ်ရှောင်ကူညီပေးသူအနေနဲ့ ကန္တာရဝတီတိုင်း(မ်)ကို အထက်ပါအတိုင်း ပြန်လည်ဖြေရှင်းထားတာဖြစ်ပါတယ်။

မတ်လ ၂၅ရက်နေ့မှာ လာရောက်ဝေတဲ့ ရိက္ခာတွေကို စစ်ရှောင် ၅၃ယောက်က လက်ခံရယူခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပြည်နယ်နယ်လုံဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ ခရိုင်ရဲမှူး တို့ကနေ လာရောက်ပေးအပ်ခဲ့တာဖြစ်ပြီး စစ်ရှောင်တွေအတွက် ဒုတိယအကြိမ် လာရောက်ထောက်ပံ့ပေးတာဖြစ်တယ်လို့ သူက ပြောပါတယ်။

WFPကနေ ပေးအပ်တာတွေ၊ NGOအဖွဲ့ လာရောက်ပေးတာတွေကိုတော့ စုဖွဲ့မနေတဲ့ စစ်ရှောင်တွေကို တိုက်ရိုက်ပေးတယ်လို့ ဆိုပါတယ်။

“တစ်ခုရှိတာက ဒီထဲမှာ စုဖွဲ့ ချက်စားတဲ့အဖွဲ့ က ၂၀၀ လောက်ရှိတယ်လေ။ အဲ့တာ ပြည်နယ်ကလာပေးတဲ့ဆန်တွေကို ကျတော်တို့ရုံးမှာပုံထားတယ်။ ဆန်တွေဆီတွေ၊ ပဲတွေ၊ ဆားတွေပေါ့နော။ ပြီး အပြင်မှာနေတဲ့အဖွဲ့တွေကြတော့ NGO အဖွဲ့ကလာပေးတဲ့ဟာတွေကို ကျတော်တို့ က သူတို့ကိုခေါ်ပြီး တိုက်ရိုက် သူတို့ကို သယ်သွားခိုင်းတယ်။ ”လို့ အဆိုပါတာဝန်ခံက ဆက်ပြောပါတယ်။

နမ့်ဘော်ဝမ်ရပ်ကွက်ရှိ ဘုရားကျောင်းမှာ ခိုလှုံနေတဲ့ စစ်ရှောင် ၃၀၀ ဝန်းကျင် ရှိပြီး အပြင်က နီးစပ်ရာဆွေမျိူးနေအိမ်တွေမှာ ခိုလှုံနေတဲ့ စစ်ရှောင် ၁၀၀ ဝန်းကျင် ရှိတယ်လို့ သူကပြောပါတယ်။ နမ့်ဘော်ဝမ်ရပ်ကွက်မှာ စစ်ရှောင်လာတဲ့ လူဦးရေ ၄၀၀ ကျော်ရှိနေတာဖြစ်ပြီး အိမ်ထောင်စု ၁၃၀ကျော် ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts