spot_imgspot_imgspot_imgspot_img
Tuesday, March 19, 2024
spot_imgspot_imgspot_imgspot_img

နမ့်ပွန်ချောင်းပေါ် ရေအားလျှပ်စစ်စီမံကိန်းဆောင်ရွက်ရန် KNPP စမ်းသပ်ခွင့်ပြု

Author

Date

Category

စိုင်းလင်းလင်းဦး

နမ့်ပွန်ချောင်း ရေလှောင်တမံရေအားလျှပ်စစ်စီမံကိန်းနှင့် ရေကျော်ဆည် (Low Overflow Weir) ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖေါ်ဆောင်ရွက်ရန်အတွက် ဒေသအခေါ် (တာဆိုင်း) ဒေသ၌ လေ့လာဆန်းစစ်ချက်များအား ၆ လအတွင်း    ပြုလုပ်သွားရန် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က စမ်းသပ်ခွင့်ပြုလိုက်ပြီဖြစ်သည်ဟု KNPP လွိုင်ကော်ဆက်ဆံရေးတာဝန်ခံ ခူးညေးရယ်က ပြောသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ ခွင့်ပြုထားပြီး ပညာရှင်များမှ လေ့လာဆန်းစစ်ပြီးနောက် ၆ လအတွင်း ယင်းကိစ္စနှင့် ပတ်သက်၍ အစီရင်ခံစာ တစ်ခု ထုတ်ပြန်မည်ဟုလည်း သိရသည်။

“တိုင်းတာမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သူတို့ ၆ လအတွင်း Report (အစီရင်ခံစာ) တစ်ခုထွက်မယ် ပြောတယ်။” ဟု KNPP ဆက်ဆံရေးရုံး(လွိုင်ကော်)၏ ဆက်ဆံရေးရုံးတာဝန်ခံ ခူညေးရယ်က ဇူလိုင်လ ၂၁ ရက်နေ့တွင် ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။ဘောလခဲမြို့နယ် စောလုံကျေးရွာအုပ်စု ဟော်ခမ်းကျေးရွာအနီး ပွန်ချောင်းမြစ်ပေါ်တွင် စီမံကိန်းတည်ဆောက်ရန် လျာထားသည့် ဒေသအခေါ် (တာဆိုင်း)တွင် ဇူလိုင်လ ၁၈ ရက်နေ့မှစ၍ ရွှေတောင်ကုမ္ပဏီမှ လေ့လာကွင်းဆင်း တိုင်းတာမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

“အရင်တခါက စမ်းသပ်ဖို့လာသေးတယ်။ မရခဲ့ဘူး။ ခွင့်မပြုခဲ့လို့ အခုပြန်လုပ်မယ်။” ဟု ကွင်းဆင်းစမ်းသပ်မည့်တာဝန်ခံ ဦးနောင်နောင်က ပြောသည်။

ရေအားလျှပ်စစ်စီမံကိန်းပြုလုပ်မည့် ယင်းနေရာသို့ ့ ယခင်က အခြားကုမ္ပဏီများမှ စူးစမ်းတိုင်းတာမှုများလာရောက် ပြုလုပ်ခဲ့သော်လည်း KNPP မှ တားမြစ်ခဲ့ပြီး ယခုအကြိမ်တွင်မူ KNPP မှ စီမံကိန်းလျာထားသည့်နေရာ၌ ရေအတက်အကျ မှတ်တိုင်စိုက်ထူသည့်လုပ်ငန်းများ (အခြားလုပ်ငန်းများမပါဝင်)ကို ပထမဆုံးအကြိမ် တရားဝင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ရေအားလျှပ်စစ်စီမံကိန်းပြုလုပ်မည့် ပုံစံအကြမ်းကိုရေးဆွဲထားပြီး ရေအမြင့်မှာ မြစ်ကြမ်းပြင်မှ ၉၅ မီတာနှင့် ရေကာတာ၏ အမြင့်မှာ ၂၁၆ မီတာအမြင့်ရှိမည်ဖြစ်ပြီး လျှပ်စစ်ဓါတ်အား ၁၃၉ မီဂါဝပ် ထွက်ရှိမည်ဖြစ်ကြောင်း သိရသည်။

စမ်းသပ်မှုထွက်ရှိလာပြီးနောက်တွင် ဒေသခံပြည်သူများကို ဆက်လက်ချပြရှင်းလင်းသွားမည်ဟု သိရသည်။ ရွှေတောင်ကုမ္ပဏီ အနေဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်ရေးအတွက် တည်ဆောက်ခွင့်ပြုနိုင်ပါရန်နှင့် စီမံကိန်းတည်နေရာအနီး လိုအပ်သည့် စူးစမ်းလေ့လာရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် MOU (နားလည်မှုစာချွန်လွှာ)ရေးထိုးခွင့်ပြုရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံ တင်ပြခဲ့ပြီး ၂၀၁၄ စက်တင်ဘာလက ခွင့်ပြုချက်ရယူခဲ့သည်။

spot_img
spot_img

Recent posts