spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

နယ်စပ်က စစ်ဘေးရှောင်စခန်းတခုမှာ စာသင်ကျောင်း စတင်ဖွင့်လှစ်

KNPP ထိန်းချုပ်နယ်မြေတစ်နေရာမှ အ‌ခြေခံပညာရေးကျောင်း

ကန္တာရဝတီတိုင်း(မ်)

စစ်ဘေးရှောင်ပြည်သူတွေ လာရောက်ခိုလှုံကြတဲ့ KNPP ထိန်းချုပ်နယ်မြေတစ်နေရာမှာ အ‌ခြေခံပညာရေးကျောင်း စတင်ဖွင့်လှစ်ထားပြီး အခက်အခဲတွေရှိ နေတယ်လို့ သိရပါတယ်။

အဆိုပါ နေရာက တပ်မတော်က အာဏာသိမ်းပြီးနောက် ကယား (ကရင်နီ)ပြည်နယ်ထဲ တိုက်ပွဲတွေ ဖြစ်ပွားပြီး ထွက်ပြေးတိမ်းရှောင်လာကြသူတွေ ဖြစ်ပါတယ်။

ကလေးတွေအတွက် ဩဂုတ်လမှာ စာသင်ကျောင်းစတင်ဖွင့်လှစ်ပေးနေပြီး ကျောင်းသုံး သင်ထောက်ကူပစ္စည်း‌တွေ ၊ကျောင်းဆောင် တွေ အဓိကလိုအပ်နေတဲ့အပြင် ကျောင်းဆရာ၊ ဆရာမ တွေလည်း လိုအပ်နေသေးတယ်လို့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

” သူတို့အတွက် ဘယ်လိုဖြစ်ဖြစ် ကျောင်းဆောင်က ဘယ်လိုဖြစ်ဖြစ် လိုအပ်နေတယ်။ ဒါပေမယ့် ကျမတို့ကို ထောက်ပံ့ပေးမယ့် အဖွဲ့အစည်းက မရှိနေ‌ဘူး။ လောလောဆယ် ထောက်ပံ့ပေးမယ့် အဖွဲ့အစည်းနဲ့ ကျမတို့ ချိတ်မိ မနေသေးဘူး။အဲ့တာကြောင့်မလို့ ကြမ်းပြင်ပေါ်မှာပဲစာသင်နေရတာ ဖြစ်တယ်။ သူတို့အတွက် ကျမတို့ လုပ်ပေးချင်တယ်။ လုပ်ပေးဖို့က အကူအညီ လိုအပ်နေတယ်။ ကျမတို့က ထားပေးချင်တယ်။ ရှိစေချင်တယ် ရှိဖို့လည်း မျှော်လင့်တယ်။ ဘယ်လိုလုပ်မလဲဆိုတာ အထက်လူကြီးနဲ့ ဆက်သွယ်ရမယ်ပေါ့နော။ အထက်လူကြီးကလည်း ဘယ်ကနေရနိုင်မလဲ ဘယ်သူ့ဆီကနေရနိုင်မလဲ။ ကျမတို့ကို အသိမပေးသေးဘူး။ ကျမ ကျောင်းအုပ်တစ်ယောက်အနေနဲ့ ရှိပေးစေချင်တယ်။ ” လို့ တာဝန်ရှိသူက ပြောပါတယ်။

ကျောင်းဆောင် လေးဆောင် ဆောက်လုပ်ထားပြီး ဖြစ်ပေမယ့် လိုအပ်နေသေးပြီး ယာယီအဆောင်နဲ့ စာသင်နေရသေးတာလည်း ရှိနေတာ ဖြစ်ပါတယ်။ သူငယ်တန်းကနေ ဒသမတန်းအထိ ဖွင့်လှစ်ထားတယ်လို့လည်း သိရပါတယ်။

KNPP ထိန်းချုပ်နယ်မြေတစ်နေရာမှ အ‌ခြေခံပညာရေးကျောင်း

CDMပြုလုပ်တဲ့ ကျောင်း ဆရာ၊ဆရာမတွေ ကလည်း စာသင်ကြားမှုမှာ ပါဝင်သင်ကြားပေး‌နေတာဖြစ်ပြီး သင်ကြားမှုပိုင်းတွေမှာ ကွာခြားတာတွေရှိပေမယ့် တတ်နိုင်တဲ့ဖက်ကနေ သင်ကြားပေးသွားမှာဖြစ် တယ်လို့ CDMဆရာမ တစ်ဦးက ပြောပါတယ်။

” ဒီကျောင်းမှာခါကျတော့ လိုအပ်တဲ့နေရာမှာပေါ့နော။ လိုအပ်တဲ့နေရာမှာ ကိုယ့်ရဲ့ တတ်နိုင်သလောက် တာဝန်ယူသင်ကြားပေးမှာပေါ့။ “လို့ အဆိုပါ ဆရာမက ပြောပါတယ်။

ဇူလိုင်လကုန်အထိ ကျောင်းလာအပ်တဲ့ ကျောင်းသားဦးရေ ၂၆၅ ဦးရှိပါတယ်။ ဩဂုတ်လအတွင်းမှာတော့ ကျောင်းထပ်မံ လာရောက်အပ်နှံသူလည်း ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ ဒုက္ခသည် တစ်ထောင်ကျော် လာရောက်ခိုလှုံနေကြတာ ဖြစ်ပါတယ်။

spot_img
spot_img