spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

နဝမတန်းကျောင်းသူကို အဓမ္မပြုကျင့်သူအား ဖမ်းဆီးအရေးယူ

Author

Date

Category

မူအက်​စတာ

နဝမတန်းကျောင်းသူကို အဓမ္မပြုကျင်​့ခဲ့သူအား   ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ဒီးမော့ဆိုမြို့မရဲစခန်းထံမှ သိရသည်။

ဒီး​မော့ဆိုမြို့နယ်​၊ ငူးပ​လော့ရပ်​ကွက်​​နေ အသက်​(၁၆)နှစ်​ နဝမတန်​း​ကျောင်​းသူတစ်​ဦးအား စား​သောက်​ဆိုင်​တွင်​ စား​သောက်​ပြီး အိမ်​ပြန်​လိုက်​ပို့စဉ် အဓမ္မပြုကျင်​့မှုဖြစ်​ပွားခဲ့​ခြင်းဖြစ်သည်​။

ဖြစ်စဉ်မှာ ဒီဇင်​ဘာလ ၁ဝရက်​​နေ့ ည​နေ ၆ခွဲအချိန်​ ​ငွေ​တောင်​ဆည်​​ဘောင်​သို့ လမ်​း​လျှောက်​ရန်​ မ…….နှင်​့ ညီမ​တော်​သူ၊ ဝမ်​းကွဲ​တော်​စပ်​သူနှင်​့ သူငယ်​ချင်​း​တို့နှင်​့အတူ အဖွားဖြစ်​သူအိမ်​မှထွက်​လာရာ ငူးပ​လော့ရပ်​ကွက်​​ ၆ လမ်​းထိပ်​အ​ရောက်​တွင်​ သူငယ်​ချင်​းဟယ်​လင်​လှိုင်​၏ ရည်​းစားဆိုသူနှင်​့ သူ၏သူငယ်​ချင်​းတစ်​ဦး​ရောက်​ရှိလာပြီး အ​အေး​သောက်​ရန်​​ခေါ်သဖြင်​့ သူငယ်​ချင်​းဟယ်​လင်​လှိုင်မှာ ၎င်း၏ရည်​းစား ကို​ဇော်​စီးနှင်​း​သော ဆိုင်​ကယ်​​နောက်​မှလိုက်​ခဲ့ပြီး မ………မှာ ကို​ဇော်​၏သူငယ်​ချင်​း​ ​ရွှေတိုး​ဆိုင်​ကယ်​​နောက်​ လိုက်​ခဲ့သည်​။ ကျန်​သူနှစ်​​ယောက်​မှာ ​ငွေ​တောင်​ဆည်​တွင်​​စောင်​့​နေခဲ့သည်​။ 

လွိုင်​​ကော်​မြို့နယ်​၊ ပန်​ကန်​းရပ်​ကွက်​ ​ကျော်​ထူးစား​သောက်​ဆိုင်​တွင်​ စား​သောက်​ခဲ့ကြပြီး ည ၈ နာရီအချိန်​တွင်​ အဖွားဖြစ်​သူမှ စိတ်​ပူ​နေမည်​စိုး၍ ​နေအိမ်​သို့ပြန်​မည်​​ပြောရာ ကို​ဇော်​နှင်​့ဟယ်​လင်​လှိုင်​တို့မှာ ဆိုင်​တွင်​ကျန်​​နေခဲ့ပြီး ​ရွှေတိုးမှ ဆိုင်​ကယ်​ဖြင်​့လိုက်​ပို့စဉ်​ ဒီး​မော့ဆိုမြို့ ​ဒေါခလိုက်​လင်​း​ကျေးရွာနှင်​့ ကယားဌာ​နီကားဝပ်​​ရှော့ကြားအ​ရောက်​တွင်​ ​ရွှေတိုးမှ ဆိုင်​ကယ်​အားလမ်​း​ဘေးသို့ ထိုးချရပ်​ခဲ့ပြီး မ………၏လက်​ကိုဆွဲပြီး သားမယားအဖြစ်​ ၁ ကြိမ်​ပြုကျင်​့ခဲ့သည်​။

မ……မှာ ရုန်​းကန်​ပြီး ​ငွေ​တောင်​​ကျေးရွာကားလမ်​းမအတိုင်​း ထွက်​​ပြေးလာခဲ့ရာ ကားလမ်​း၏ညာဘက်​ရှိ ပထမ​တွေ့​သော​နေအိမ်​အား အကူအညီ​တောင်​းခံခဲ့ရာ အိမ်​ရှင်​မှ၎င်းကို ​နေအိမ်​သို့ပြန်​ပို့ခဲ့​ကြောင်​းသိရသည်​။ 
အဓမ္မပြုကျင်​့သူ​ ​ရွှေတိုးအား (ပ)၆၀/၂၀၁၇၊ ရာဇသတ်​ကြီးပုဒ်​မ ၃၇၆ဖြင်​့  အရေးယူ ​ဆောင်​ရွက်​နေကြောင်​း သိရသည်။

spot_img
spot_img

Recent posts