spot_imgspot_imgspot_imgspot_img
Thursday, April 18, 2024
spot_imgspot_imgspot_imgspot_img

နိုင်ငံတကာ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ခွင့်ရတဲ့ ကရင်နီအမျိုးသား တစ်ဦး

Author

Date

Category

စူးမယ်

အသားဖြူဖြူ အရပ်မြင့်မြင့် အပြာရောင် ကယားအဆင် အကျင်္င်္ီ ဝတ်ဆင်ထားတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဟာ ဗမာစကားကို အသံဝဲဝဲလေးနဲ့ လုပ်ငန်းအကြောင်း ပြောနေပါတယ်။ လုပ်ငန်းအကြောင်း ပြောနေချိန်မှာ သူ့ရဲ့ အကျင်္ီ ဘယ်ဘက် ရက်ဘတ်ပေါ်မှာတော့ ကယားပြည်နယ် အပါအဝင် မြန်မာနိုင်ငံမှာ နေ့စဉ်အသုံးပြုနေကြတဲ့ မိုဘိုင်းဖုန်းကွန်ယက်တစ်ခုဖြစ်တဲ့ တယ်လီနော အမှတ် တံဆိပ်ကို ထိုးထားတာ တွေ့ရပါတယ်။

သူကတော့ ဥပဒေဘွဲ့နဲ့ နိုင်ငံတကာကျောင်းပြီးထားတဲ့ ရှေ့နေတစ်ယောက်ဖြစ်သလို မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာ ကုမ္ပဏီတစ်ခုဖြစ်တဲ့ တယ်လီနော ကုမ္ပဏီ မှာ ဝန်ကြီးဌာနဆိုင်ရာကိစ္စတွေနဲ့ ပါတ်သက်ပြီး နေပြည်တော် မှာ ရုံးထိုင်ပြီး တာဝန်ခံ ပြောဆို ဆက်ဆံနေရတဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ ကယား(ကရင်နီ)ပြည်နယ် ရှားတောမြို့နယ်၊ ဒေါလော်ဘူးလဲ ကျေးရွာမှာ မွေးဖွားခဲ့တဲ့ ကယားလူမျိုး ခူးခိုရယ် ပဲဖြစ်ပါတယ်။ သူမွေးဖွားခဲ့တဲ့ ဒေါလော်ဘူးလဲကျေးရွာမှာ နေထိုင်ခဲ့ပြီး သိပ်မကြာခင်မှာပဲ စစ်ပွဲကြောင့် စစ်ဘေးရှောင်ရင်း ကယားပြည်နယ်အတွင်းမှာ နေရာ အတည်တကျ မနေခဲ့ရပါဘူး။

သူ့အနေနဲ့ နေရာ အတည်တကျ မနေခဲ့ရပေမယ့် သူနေခဲ့တဲ့ စစ်ဘေးရှောင်ကျေးရွာတွေမှာ ပညာကို လေ့လာဆည်းပူးခဲ့ပါတယ်။ သူဟာ အသက် ၂ဝ ဝန်းကျင်အရွယ်မှာ ထိုင်း-မြန်မာနယ်စပ်က အထက်တန်း ကျောင်းတစ်ခုမှာ ကျောင်းဆရာအဖြစ် စစ်ပြေးရှောင်ကလေးတွေကို စာသင်ပေးခဲ့ပါတယ်။ သူ ကျောင်းဆရာ တာဝန်ထမ်းဆောင်ရင်း နိုင်ငံခြားကို ပညာဆက်လက် သင်ယူနိုင်ဖို့ စတင်ကြိုးစားခဲ့ပါတယ်။

သူအသက် ၂၂ နှစ်အရွယ်မှာတော့ အိနိ္ဒယ နိုင်ငံက တက္ကသိုလ်တစ်ခုမှာ ကျောင်းစတင် တက်ခွင့်ရခဲ့တယ်။ အဲဒီနောက် ဘန်ကောက်၊ ဟောင်ကောင်၊ ဩစတေးလျရှိ တက္ကသိုလ်မှာ တဆင့်ပြီး တစ်ဆင့် ဆက်လက် တက်ခွင့် ရခဲ့သူ ဖြစ်ပါတယ်။ ဟောင်ကောင်မှာတော့ ဟောင်ကောင်မြို့တက္ကသိုလ် (City University of Hong Kong) ရဲ့ ဥပဒေကျောင်းကို တက်ပြီး ကျောင်းပြီးလို့ မြန်မာနိုင်ငံကို အလုပ်လုပ်ရင်း မိသားစုနဲ့အတူ ပြန်လည်အခြေချ နေထိုင်သူ ဖြစ်ပါတယ်။

ခူးခိုရယ်က “ကျနော် ကျောင်းတက်တာ သင်ယူခဲ့တာက ဥပဒေ ပါ။ အလုပ်ကို အစက ဥပဒေလုပ်ငန်း လုပ်မယ်လို့ စိတ်ကူးထားတယ်။ နောက်ပိုင်းကျတော့ တယ်လီနောနဲ့ တွေ့ဆုံဖို့ အခွင့်အရေးရတော့ အစက တယ်လီနောအတွက် ဥပဒေပိုင်းဆိုင်ရာအလုပ်လုပ်ပေးခဲ့တယ်။ ဒါပေမယ့် ရ လ ၈ လလောက် လုပ်ပြီးတော့ ပြည်ထောင်စုနှင့်တိုင်းနှင့်ပြည်နယ်ကိစ္စအဝဝကို ကိုယ်တွယ်ဆောင်ရွက်ဖို့ ကျနော့်ကို တာဝန်တိုးချဲ့ပေးထားပါတယ်။”လို့ သူ့အလုပ်နဲ့ ပတ်သက်ပြီး ပြောပြပါတယ်။

ခူးခိုရယ်ဟာ နေပြည်တော်မှာ ရုံးအခြေစိုက်ပြီး တယ်လီနောမှ အစိုးရရေးရာကိစ္စနှင့် ပါတ်သက်ပြီး တိုက်ရိုက်တွေ့ဆုံ နေရသူဖြစ်ပါတယ်။ သူဟာ ငယ်ဘဝက ပါတ်ဝန်းကျင်အခြေအနေကြောင့် ကျောင်းဆရာဖြစ်ချင်ခဲ့ပေမယ့် အရွယ်ရောက်လာချိန် နိုင်ငံတကာကျောင်းကို တဆင့်ပြီး တဆင့် တက်ရောက် အောင်မြင်ပြီးချိန်မှာတော့ ရည်ရွယ်ချက်ပြောင်းလဲလာပေမယ့် လက်ရှိ အလုပ်ဟာ မြန်မာတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းကနေ လုပ်နိုင်ခဲ့တဲ့အတွက် ကျေနပ်ကြောင်း ပြောပါတယ်။

တယ်လီနောဆက်သွယ်ရေးကုမ္ပဏီတွင် အလုပ်မဝင်ခင် ရန်ကုန်မြို့မှာ ဥပဒေလုပ်ငန်းလုပ်ကိုင်နေတဲ့ ခူးခိုရယ်ကို တယ်လီနောက အလုပ်ခေါ်ချိန်မှာ ရှေ့နေလုပ်ချင်သလားလို့ မေးတဲ့အချိန်မှာ သူ့အနေနဲ့ ရှေ့နေမလုပ်ချင်ပဲ ဖွံ့ဖြိုးမှု နောက်ကျနေသေးတဲ့ တိုင်းရင်းသား ဒေသတွေမှာ လုပ်ကူချင်ကြောင်း ပြန်ဖြေခဲ့တာဖြစ်တယ်။ မြန်မာနို်င်ငံအတွင်းက တိုင်းရင်းသား ဒေသတွေမှာ ဖွံ့ဖြိုးတိုးတက်မှု နှောက်နှေးနေသေးသည့် နေရာ တော်တော်များများရှိနေသေးသည့်အထဲ ကယားပြည်နယ်ဟာ ဖွံ့ဖြိုးမှု နောက်အကျဆုံးဆိုပြီး ပြောကြပါတယ်။

ခူးခိုရယ်က “ကျနော့်အတွက်ကတော့ အရေးကြီးဆုံးအရာတွေထဲမှာ ကယားပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့ အပါအဝင်ပါပဲ။ စစ်ပွဲတွေကြောင့် ကျနော်တို့ ပြည်နယ် ပျက်စီးခဲ့ပြီးပြီ။ ဆင်းရဲ ဒုက္ခကြားမှာ ကျနော်တို့ ကြီးပြင်းခဲ့ပြီးပြီ။ အခု ကယားပြည်နယ်အတွက် ဖွံ့ဖြိုးတိုးတက်မှုက အရေးကြီးပါတယ်။ ကျနော်တို့် ရဲ့မျိုးဆက်သစ် ကလေး လူငယ်တွေ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ မကျန်ဖို့အတွက်၊ မြန်မာ နိုင်ငံတစ်ဝှမ်းလုံးဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတော်အစိုးရကနေပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးတိုးတက်ပြောင်းလဲမှု နဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုကို အရှိအဟုန် နဲ့ ဦးစားပေး ဆောင်ရွက်နေကြပါတယ်။ အဲထဲမှာ ကယားပြည်နယ်လည်း ပါတယ်။ တခြားပြည်နယ်ကိုလည်း မချန်ထားပါဘူး။ ကျနော့်အတွက်ကတော့ ဒါဟာ အရေးကြီးတယ်။ အခွင့်အရေး ရတဲ့အချိန်မှာ ကယားပြည်နယ်သားတွေလည်း ရအောင် ယူသင့်တယ်။ ဒီအခွင့်အရေးကို ရအောင်မယူပဲ ကျော်သွားမယ်ဆိုရင် နောက် ၅နှစ် ၁ဝနှစ်လောက် ဆိုရင် ဖွံ့ဖြိုးမှုနောက်ကျသွားမှာကို စိုးရိမ်တယ်။ တခြား ရှမ်းပြည်၊ ကချင်ပြည်၊ ချင်းပြည်တွေက ရှေ့ကို သွားနေတဲ့အချိန်မှာ ကျနော်တို့ ကယားပြည်နယ်က ကျန်ခဲ့မှာကို ကြောက်တယ်။ ကျနော့်အတွက်ကတော့ လူငယ်တွေ ဖွံ့ဖြိုးတိုးတက်မှုက အရမ်းအရေးကြီးတယ်” လု့ိ ပြောပါတယ်။

ခူးခိုရယ်အနေနဲ့ ၂၀၁၄ ဇန်နဝါရီလမှာ တယ်လီနော ဝန်ထမ်းအဖြစ် စတင် ဝင်ရောက်လုပ်ကိုင်ခဲ့သူတစ်ဦးလည်း ဖြစ်တယ်။ သူဟာ ရေရှည် ကောင်းကျိုးရှေးရှုသော၊ ချစား လာဒ်စားမှု ကိုဆန့်ကျင်ပြီး ဥပဒေ၊ နည်းဥပဒေများ နှင့် ညီညွှတ်စွာ ၊ မှန်မှန်ကန်ကန် နဲ့ တရားသောနည်းလမ်း ကိုသာ လုပ်တဲ့အတွက် တယ်လီနော ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်ဖို့ ဖြစ်လာတာ ဖြစ်တယ်။

အစိုးရရဲ့ လုပ်ငန်းတွေမှာ ဥပဒေနှင့် လုပ်နေရသောကြောင့် ဥပဒေနှင့် ကျောင်းပြီးထားသည့် ခူးခိုရယ်ဟာ အစိုးရနဲ့ အမြဲတမ်း တွေ့ဆုံ ဆက်ဆံနေရတဲ့အတွက် အစိုးရကိုလည်း ဥပဒေနဲ့ ပါတ်သက်တဲ့ အကြံအဉာဏ်တွေ ပေးနိုင်တဲ့အတွက် လုပ်ငန်း လုပ်ဆောင်ရာမှာ ပိုမို မြန်ဆန်တဲ့အတွက် ပြည်သူလူထုအတွက် ကောင်းကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံဟာ ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲလာတာ မကြာသေးတဲ့အတွက် နည်းပညာပါပြီး ရှုပ်ထွေးနေတဲ့ ဆက်သွယ်ရေးကွန်ယက်လုပ်ငန်းကို လူတွေ အားလုံး နားမလည်နိုင်ကြတဲ့အတွက် ပူးပေါင်းဆောင်ရွက်တဲ့အချိန်မှာ နှောက်နှေးတဲ့ နေရာတွေ ရှိတဲ့အတွက် အခက်အခဲ အများကြီးရှိကြောင်း ပြောပါတယ်။ တယ်လီနောဟာ အကျိုးစီးပွားတစ်ခုတည်း ကြည့်သည့် ကုမ္ပဏီမဟုတ်ပဲ မြန်မာနိုင်ငံက ပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ၅ နှစ်ပြည့်လျှင် မြန်မာ နိုင်ငံက လူဦးရေ ၉၅ ရာခိုင်နှုန်းကို လွမ်းခြုံနိုင်အောင် လုပ်ဆောင်နေကြောင်း ခူးခိုရယ်က ပြောပါတယ်။

ကယားပြည်နယ်က ပြည်သူတွေအနေနဲ့ ကိုယ့်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ ဘာလိုအပ်သလဲ ဘာတွေ လိုချင်သလဲ ဆိုတာကို တင်ပြသင့်ကြောင်း ပြောပါတယ်။ ကယားပြည်နယ်ဟာ ခရီးသွားလုပ်ငန်း အလားအလာကောင်းလာပြီး အများက အာရုံစိုက်မှု ခံလာရပြီ ဖြစ်တဲ့အတွက် အဆောက်အအုံ ဖြစ်တဲ့ ဟော်တယ်၊ ဝန်ဆောင်မှု လုပ်ငန်း၊ ကောင်းမွန်သော လမ်းပန်းဆက်သွယ်ရေး၊နှင့် တခြားဆက်သွယ်ရေးများ ကောင်းမွန်ရန် လိုအပ်ကြောင်း အကြံပြု ပြောပြပါတယ်။

ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန် သူ့အနေနဲ့က အခြေခံ အဆောက်အအုံ၊ ရေ၊ မီး၊ ဆက်သွယ်ရေးနှင့် လမ်း ရှိမှ ရှေ့ဆက် ဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူဖြစ်စေမှာ ဖြစ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် ဆက်သွယ်ရေးမှာ တစ်နေရာမှတစ်နေရာသို့ ဖြစ်စေ တခြားနယ်မှဖြစ်စေ ငွေလွဲပါက ဘဏ်သို့ သွားစရာ မလိုအပ်ပဲ (Wave Money) ဆိုသည့် ငွေလွဲစနစ်ဖြင့် လွဲလို့ရရန်၊ အင်တာနက် သုံးသူနှင့် ဖုန်းပြောသူ အားလုံး အသုံးပြုနိုင်ရန် 2G 3G ထည့်ထားတာဖြစ်တဲ့အတွက် ယောက်တိုင်း သုံးနိုင်ကြောင်းနှင့် လွန်ခဲ့သည့် ၂ နှစ်ခန့်က ကယားပြည်နယ်တွင် ဆက်သွယ်ရေး ကန့်သတ်မှု ရှိတဲ့အတွက် ဖွံ့ဖြိုးမှု မရှိတဲ့အတွက် အခု ဖွံ့ဖြိုးမှုများကို ကြိုဆိုသင့်ကြောင်း ပြောပါတယ်။

အင်တာနက်ကို အသုံးပြုပြီး လူငယ်တွေ အနေနဲ့ ကိုယ့်ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ့်ပြည်နယ် ကိုယ့်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရန် အသုံးချတတ်ဖို့ အရေးကြီးကြောင်းနှင့် အင်တာနက် အွန်လိုင်းပေါ်ကနေ တဆင့် ကျောင်းတက်နိုင်တာ ဖြစ်တဲ့အတွက် အသုံးချကြရန် တိုက်တွန်းပါတယ်။ ခူးခိုရယ်ဟာ နိုင်ငံခြားမှာ ကျောင်းသွားတက်နိုင်ရန် မိဘများမှ မထောက်ပံ့နိုင်တဲ့အတွက် ပညာရေး အလူူရှင်မှ ထောက်ပံ့တဲ့ အထောက်အပံ့နဲ့ နိုင်ငံခြားကျောင်းတွေမှာ အောင်မြင်ခဲ့သူ ဖြစ်တယ်။

သူ့အနေနဲ့ ပညာ ဆည်းပူးရန် စိတ်အားထက်သန်သူအတွက် ကူညီပေးမယ့် ပညာအလူူရှင်များ အများကြီး ရှိတယ်လို့ ပြောပါတယ်။ ခူးခိုရယ်က “ကျနော်တို့ ငယ်ငယ်တုန်းကဆိုရင် တောထဲမှာဆိုတော့ ဖွံ့ဖြိုးတိုးတက်မှု အရမ်းနှောက်နှေး ကျန့်ကျန်တယ်။ အခုလိုမျိုးတော့ မဟုတ်ဘူးပေါ့။ အခုတော့ အခွင့်အရေးတွေ အများကြီး ရှိတယ်။ စာပေလေ့လာသင်ယူဖို့ အင်တာနက်တွေလည်း ရှိတယ်။ အချိန်သိပ်မကုန်အောင် လုပ်လို့လည်းရတယ်။ အင်တာနက်ရှိတယ်။ စာသင်ဖို့ ရွာမှာပဲ ကိုယ့်ပြည်နယ်မှာပဲ နေပြီးတော့ ကျောင်းတက်ချင်တယ်။ နိုင်ငံရပ်ခြားမှာ ပညာသင်ချင်တယ်ဆိုရင်လည်း ရတယ်။ ကျနော်တို့ ငယ်ငယ်တုန်းကဆိုရင် အဲဒါတွေ မရှိဘူး”လို့ သူ့ရဲ့ ငယ်ဘဝနဲ့ လက်ရှိ အင်တာနက်ခေတ်က အခြေအနေကို ပြောပြပါတယ်။

ကယားပြည်နယ်က လူငယ်တွေကို တခြားပြည်နယ်ထက် ဖွံ့ဖြိုးမှု မနှောက်နှေးအောင် ကြိုးစားစေချင်ပြီး လူငယ်များ ဖွံ့ဖြိုးတိုးတက်မှ ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ကြောင်း ပြောသွားပါတယ်။

ဆက်လက်ပြီး ခူးခိုရယ်က “လူငယ်တွေကို ကျနော်ပြောချင်တာက အခု အင်တာနက်ခေတ်မှာ ကျနော်တို့အတွက် တံခါးဖွင့်ပေးထားတယ်။ တံခါးဖွင့်ထားတဲ့အခွင့်အရေးကို လူငယ်တွေကို ယူစေချင်တယ်။ အင်တာနက်က ကန့်သတ်ထားတာ မရှိတဲ့ပဲ ကမာ္ဘနဲ့ ချိတ်ဆက်နိုင်တာဖြစ်တဲ့အတွက် အင်တာနက်ကို အသုံးပြုပြီး ကိုယ့်ကိုကိုယ် မျက်စီပွင့် နားပွင့်အောင် သင်ယူပါ။ ကိုယ့်ကို တတ်အောင် သင်ယူပါ။ ကမာ္ဘနဲ့ အဆက်မပြတ်စေဖို့ ကိုယ့်ကို ကမာ္ဘနဲ့ ချိတ်ဆက်ပါ။ ဘာတွေ ဖြစ်ပျက်နေလဲဆိုတာ အမြဲတမ်း သိအောင် လုပ်ပါ။ ပြီးတော့ နည်းပညာ ပေါ်တာနဲ့ မြန်မာနိုင်ငံမှာ အခွင့်အရေးတွေ ဝန်ဆောင်မှုတွေ အများကြီးရှိလာပြီ။ အဲဒီပေါ်မှာလည်း အခွင့်အရေးယူစေချင်တယ်။ နည်းပညာတွေ အများကြီး ပေါ်လာပြီ။ အခု ကျနော်တို့ တယ်လီနော်လုပ်တဲ့ အလင်းအိမ် ရဲ့ ရည်ရွယ်ချက်ကလဲ အဲဒါပဲ။ ကယားပြည်နယ် အပါအဝင် မြန်မာတစ်နိုင်ငံလုံးကို ကျနောတို့ ချထားပေးတယ်။ တယ်လီနော အလင်းအိမ်မှာ နည်းပညာစိတ်ဝင်စားတဲ့ လူငယ်တွေကို လာစေချင်တယ်။ ကိုယ့်ကို တတ်အောင် လေ့လာသင်ယူစေချင်တယ်။ နည်းပညာဆိုတာ ကန့်သတ်ထားတာ မရှိပါဘူး” လို့ နောက်ဆုံးအနေနဲ့ ပြောသွားပါတယ်။

တယ်လီနော ဟာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးကို ဖွံ့ဖြိုးတိုးတက်မှုတန်းတူအခွင့်အရေး ရစေချင်တဲ့အတွက် မြို့ပြကြီးတွေနဲ့နည်းတူ ဝေးလံခေါင်ဖျားတဲ့ တောင်ပေါ်ကျေးလက်ဒေသတွေကို ဆက်သွယ်ရေးကွန်ရက်ကောင်းမွန်အောင် လုပ်ဆောင်ပေးနေ ကြောင်း ပြောသွားပါတယ်။ ဒါကို ဒေသခံတွေက အခွင့်အရေးရယူသင့်တယ်လို့ ပြောဆိုသွားပါတယ်။ ခူးခိုရယ်က လက်ရှိအချိန်ထိ တယ်လီနော် ကုမ္ပဏီရဲ့ ဗိုင့်စ်ပရဲစီးဒက် (Vice President) ခေါ် ဒါရိုက်တာရာထူးဖြင့် ကုပ္ပဏီ၏အစိုုးရရေးရာဌာနာမှာ ဌာနမှူးအဖြစ် တာဝန်ယူနေချိန် ကယားပြည်နယ်ရဲ့ အခြေအနေက ယခုလို အပြောဆိုသွားတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts