spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

“နွေဦးဂုရုလေးများ”တစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ တည်ထောင်သူတစ်ဦးနှင့်တွေ့ဆုံခြင်း။

ကန္တာရဝတီတိုင်း(မ်)

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်တွင်းမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ချိန်မှစ စစ်ဘေးရှောင်အရေး၊ ထောက်ပို့၊ကျန်းမာရေးဝန်ဆောင်မှု၊ပညာရေးအပိုင်းတွေမှာ လုပ်ဆောင်နေတဲ့ “နွေဦးဂုရုလေးများ” ပရဟိတအဖွဲ့ ဖွဲ့စည်းတည်ထောင်ခဲ့တာ ဩဂုတ်လအတွင်းမှာ တစ်နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ တစ်နှစ်အတွင်း အဖွဲ့အစည်းရဲ့လုပ်ဆောင်ချက်၊ စိန်ခေါ်ချက်၊ ရှေ့ဆက်လုပ်ဆောင်မယ့်အရာတွေနဲ့ပတ်သက်ပြီး တည်ထောင်သူအဖွဲ့ဝင်တစ်ဦးနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ နွေးဦးဂုရုရဲ့စတင်ပေါ်ပေါက်လာပုံအကြောင်း ပြောပြပေးပါအုံး။
ဖြေ။ ။ “ကျနော်တို့နွေဦးဂုရုအဖွဲ့ကတော့ပေါ့နော ပြီးခဲ့တဲ့ အရင်နှစ် ၂၀၂၁ ဒီ‌ဩဂုတ်ပေါနော့ ၈လပိုင်း ၂၇ ရက်နေ့မှာ အဖွဲ့ကို နာမည်စပေးဖြစ်တာပေါ့နော။ အဓိကကတော့ အဲ့မတိုင်ခင်မှာ ထူထောင်သူအဖွဲ့ပေါ့နော အဖွဲ့ဝင်အသီးသီးတွေခါကျတော့ ကိုယ်နိုင်တဲ့အပိုင်းမှာ တယောက်တစ်နေရာစီ တာဝန်ထမ်းဆောင်နေကြတယ်ပေါ့နော။ စစ်အာဏာရှင်ကို တော်လှန်တဲ့အပိုင်းမှာပေါ့နော အသီးသီးတာဝန်ထမ်းဆောင်နေကြတယ်။ တစ်ယောက်နဲ့တစ်ယောက် အချိတ်ဆက်လေးမိသွားကြတော့ နွေဦးဂုရုအဖွဲ့ဆိုပြီးမှ နာမည်စပေးဖြစ်တာပေါ့နော။ တည်ထောင်သူအဖွဲ့ဝင်က စုစုပေါင်း ၆ဦးနဲ့ကျနော်တို့ စပြီးတော့ တည်ထောင်ဖြစ်တာပေါ့နော ဟုတ်။

မေး။ ။ တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ဘာတွေလုပ်ဖြစ်လဲ။ ရှေ့ဆက်ကော ဘာလုပ်ဖို့ရှိလဲ။
ဖြေ။ ။ ကျနော်တို့ စစ်ကောင်စီကို တော်လှန်လာတာက တစ်နှစ်တော့ နဲနဲကျော်သွားပြီလို့ ပြောလို့ရတယ်ပေါ့နော။ တစ်နှစ်ကျော်အတွင်းမှာ ကျနော်တို့လည်း အများကြီးလုပ်ဆောင်နိုင်တယ်လို့လည်း အဲ့လိုယုံကြည်ထားတယ်၊ ပြီးကျနော်တို့အဖွဲ့တွေလည်း နဲနဲ အဲ့မျိုး နဲနဲပါးပါး လူသိရှင်ကြားတွေများလာတယ်။ အဲ့တော့ ကျနော်တို့ တဖြေးဖြေး မဲန်ဘာအဖွဲ့ဝင်တွေက အခုဆိုရင် အယောက် ၃၀ နီးပါးပေါ့နော။ အတူတူနေတဲ့အဖွဲ့ အတူတူစားတဲ့အဖွဲ့က အယောက်၃၀နီးပါးလောက်ရှိတယ် ဒီတစ်နှစ်အတွင်းမှာပေါနော။ ကျနော်တို့ကလည်း ဒီတစ်နှစ်ပြည့်တဲ့အထိမ်းအမှတ်က ထွေထွေထူးထူး မလုပ်တော့ဘူးပေါနော ဒီနိုင်ငံရေးအခြေ‌အနေတွေကြောင့် ပေါနော။ ရှေ့ဆက်ဘာလုပ်ရမလဲဆို ဒီအလုပ်ပဲဆက်လုပ်မှာပဲ ကျနော်တို့ ဒီတော်လှန်ရေးပဲဆက်လုပ်မှာပဲ ဒီအာဏာရှင်စနစ်အမြစ်မပြတ်သေးသ၍ မပြီးဆုံးသေးသ၍ ကျနော်တို့နိုင်တဲ့ဝန်‌ပေါ့ သွားမယ်လို့ ခံယူထားတယ်ပေါနော။

မေး။ ။ နွေဦးဂုရု ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေက ဘာရှိလဲ။
ဖြေ။ ။ စစ်ရှောင်ကူတဲ့အပိုင်း၊ ကျန်းမာရေး၊ ပညာရေး၊ ထောက်ပို့ပိုင်းနဲ့ တော်လှန်စီးပွား ဆိုတဲ့ လုပ်ငန်းကဏ္ဌ ၅ ခုနဲ့ တော်လှန်ရေး အောင်မြင်တဲ့အထိ နိုင်သလောက်လုပ်နေတာပဲဖြစ်ပါတယ်။

မေး။ ။ နွေဦးဂုရုအဖွဲ့အနေနဲ့ ဒီတော်လှန်ရေးမှာ အဓိက ရည်မှန်းချက်ကဘာလဲ။
ဖြေ။ ။ ဒီတော်လှန်ရေးကို ကျနော်တို့စိတ်သန့်သန့်နဲ့ လုပ်ချင်တယ်။ စီးပွားရေး‌ကြောင့် ဝင်တာလည်းမဟုတ်ဘူး ကိုယ်ကျိုးအတွက်ဝင်တာလည်း မဟုတ်တဲ့အတွက်ကြောင့် ကျနော်တို့ရဲ့အဖွဲ့ ရဲ့ အဓိက ရည်မှန်းချက်ကဘာလဲဆိုရင် တော်လှန်ရေးအောင်ဖို့ပဲ။ အဲ့တစ်ခုပဲကျနော်တို့ စိတ်ထဲမှာထားထားတယ်ပေါ့။အဲ့ဒါက ကျနော်တို့အဖွဲ့ရဲ့ ရည်ရွယ်ချက်ပဲဖြစ်တယ်။ အဲ့တော့ ဒီအာဏာရှင်စနစ်အမြစ်ဖြတ် ဒီတော်လှန်ရေးအောင်နိုင်ဖို့က ကျနော်တို့အသက်တွေနဲ့ရင်းထားရတယ်ပေါနော။ ကျနော်တို့ အချိန်တွေ ပေးဆပ်ရတယ် အသက်အရွယ်တွေလည်း ကျနော်တို့ပေးဆပ်ရတယ်ပေါနော။

မေး။ ။ အဖွဲ့ရဲ့လုပ်ဆောင်မှုအပေါ် တိုက်ခိုက်ခံရတာတွေရှိလား။
ဖြေ။ ။ ကျနော်တို့ ဒီတော်လှန်ရေးလုပ်ပြီဆိုကတည်းက ကျနော်တို့ရဲ့ရန်သူဖြစ်တဲ့ စစ်ကောင်စီက ကျနော်တို့ကို အမြဲတမ်းစောင့်ကြည့်နေမှာပဲပေါ့နော။ အဲ့တော့ ကျနော်တို့လည်း အဲ့ဒါကို ကျနော်တို့သတိနဲ့ နေရတယ် သတိနဲ့သွားလာရတယ် ကျနော်တို့က UG ပုံစံမျိုးနဲ့ပိုသွားကြတာပေါ့နော။ ပြီးနောက်တစ်ခု ဘာတွေအတိုက်ခိုက်တွေခံရလဲဆိုရင် ကျနော်တို့ အချင်းချင်းထဲမှာပေါ့နော ကျနော်တို့ တော်လှန်ရေးအဖွဲ့စည်းအချင်းချင်းထဲမှာမှ တိုက်ခိုက်မှုတွေ တချို့ လုပ်လာကြတယ်ပေါ့။ ကျနော်တို့အဖွဲ့အစည်း ဂုရု ဖြစ်လာတဲ့အပေါ် မှာ တချို့က အတိုက်အခိုက်တွေရှိလာကြတယ်ပေါ့နော။ ကျနော့်အနေနဲ့ တိတိကျကျတော့ မပြောချင်တော့ပါဘူး။

spot_img
spot_img