spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

နွေဦးတော်လှန်ရေးမှာ လူငယ်တွေရဲ့ ပေးဆပ်မှု ဘယ်လောက်ထိ ကြီးမားသလဲ။

နွေဦးတော်လှန်ရေးမှာ လူငယ်တွေရဲ့ ပေးဆပ်မှု ဘယ်လောက်ထိ ကြီးမားသလဲ။

တပ်မတော်အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နည်းလမ်းမျိုးစုံနဲ့ စစ်အာဏာရှင်ကို တော်လှန်နေကြပါတယ်။ လူငယ်အများစုကတော့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်သွားကြပါတယ်။ ဒါ့အပြင် တခြားသော ထောက်ပို့၊ စစ်ရှောင်ကူညီရေး စတဲ့ ကဏ္ဍတွေအပြင် အခြားသော ကဏ္ဍပေါင်းစုံမှာ ပါဝင်ဦးဆောင်နေသူတွေဟာ လူငယ်တွေအများစု ဖြစ်ကြပါတယ်။

ဒီတော်လှန်ရေးမှာ အသက်ပေးဆပ်လိုက်ရသူတွေ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးရသူတွေဟာ ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းအရ လူငယ်တွေ အများစု ဖြစ်နေကြပါတယ်။
လူငယ်တွေကို တိုင်းပြည်ရဲ့ အနာဂါတ်လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဒါ့ကြောင့် လူငယ်တွေအနေနဲ့ ဒီတော်လှန်ရေးမှာ ပေးဆပ်မှု ဘယ်လောက်ထိ ကြီးမားသလဲ။ သူတို့ရဲ့ ပေးဆပ်မှုဟာ တိုင်းပြည်အတွက် ဘယ်လောက်ထိ နစ်နာစေသလဲ စတာတွေကို မိမိတို့ ကန္တာရဝတီတိုင်း(မ်) ရဲ့ စကားဝိုင်းအစီအစဉ်မှာ ဆွေးနွေးတင်ဆက်ထားပါတယ်။

ဦးဆောင်ဆွေးနွေးသူတွေကတော့
နော်ဖောဝါး – လူငယ့်အရေး ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦး
ဂျော့ – ကရင်နီအမျိုးသားကာကွယ်ရေးတပ် ( KNDF) တပ်ဖွဲ့ဝင်တစ်ဦး
ကိုငယ်လေး – ထောက်ပို့ကဏ္ဍရဲ့ တာဝန်ခံတစ်ဦး တို့ ဖြစ်ကြပါတယ်။

အပြည့်အစုံကို အောက်ပါ ဗီဒီယိုဖိုင်မှာ ကြည့်ရှုနိုင်ပါတယ်။

spot_img
spot_img