spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ပင်လောင်းမြို့နယ် လယ်ချား(လယ်ကြား)ကျေးရွာမှာ အရပ်သား သုံးဦးကို စစ်ကောင်စီက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား

Author

Date

Category

ကန္တာရဝတီတိုင်း( မ် )

ဖယ်ခုံမြို့မြို့နယ် လယ်ချား(လယ်ကြား) ကျေးရွာမှာ အရပ်သား သုံးဦးကို စစ်ကောင်စီက လက်နောက်ကြိုးပြန်ချည်ပြီး လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) ဖယ်ခုံဇုန်က ယနေ့ ( ဧပြီလ ၂၈ ) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် မတိမ်းရှောင်ပဲ ကျေးရွာတွေထဲ ကျန်ရစ်ခဲ့ပြီး စစ်ကောင်စီက အဲဒီကျေးရွာထဲဝင်ရောက်ကာ ဖမ်းဆီးသွားတာဖြစ်နိုင်တယ်လို့ ဖယ်ခုံမြို့နယ်အတွင်းမှာ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦး က ပြောပါတယ်။

“သူတို့ ( စစ်ကောင်စီ ) တွေ့တာ များမယ်။ တွေ့တော့ သူတို့ကို လမ်းကြောင်းလည်းဆိုင်မယ်။ တစ်ခုခုကျ မေးမြန်းလို့မရရင် ကြိုးချည်ပြီး သတ်လိုက်တဲ့ တစ်ယောက်ကိုတော့ ကျနော် ဟိုးတစ်နေ့က တွေ့တယ်။ အဲဒီလယ်ကြားရွာစပ်နားမှာပေါ့။ ကျနော်တို့ မြောက်စလုံကနေ လယ်ချား(လယ်ကြား)ဘက်ကို ပြန်ဆုတ်တဲ့အချိန်မှာ ကျနော်တို့ ပြန်လိုက်တဲ့အချိန်မှာ သူတို့ ကြိုးပတ်ပတ်လည်ချည်ထားပြီးသတ်လိုက်တယ်။” လို့ သူက ပြောပါတယ်။

အမျိုးသား သုံးဦးကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က ဖမ်းဆီးသွားတာဖြစ်ပြီး လက်ရှိအချိန်အထိ ပြန်လွှတ်မြောက်လာခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့မှာ တောင်မဲသင်းနဲ့ မြောက်စလုံး ရွာကြားက လယ်ချား(လယ်ကြား)ကျေးရွာမှာ လက်နောက်ပြန်ကြိုးတုတ်ပြီး ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောက်တစ်ခုကို တွေ့ရှိခဲ့တယ်လို့ KNDF တပ်ရင်း ၁၁ က ထုတ်ပြန်ထားပါတယ်။

အခုလို အရပ်သားပြည်သူတွေကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတာတွေ သတ်ဖြတ်တာတွေဟာ စစ်တပ်ရဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းမဟုတ်ဘူးလို့ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ PNDF(KK) သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူဖြစ်တဲ့ ခွန်ဘင်ဂျမင် က ပြောပါတယ်။

“အပြစ်မဲ့ ရွာသူရွာသားတွေကို ဖမ်းဆီးနှိပ်စက်တယ်ဆိုတာ စစ်ကောင်စီကလည်း အရင်ကတည်းက လုပ်နေတဲ့ ကိစ္စတွေပါ။ ဒီကိစ္စတွေကလည်း ကျနော်တို့အနေနဲ့ကလည်း တပ်မတော်ဆိုတာ ရွာသူရွာသား တိုင်းသူပြည်သားတွေကို ကူညီဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ အဲဒါကို သူတို့အနေနဲ့ မကာကွယ်ပဲနဲ့ ဖမ်းဆီးသတ်ဖြတ်နေတယ်ဆိုတာ သူတို့အနေနဲ့ ဘယ်လိုပြောရမလဲ။ သူတို့ကို ရွံရှာ မုန်းတီးဖို့ ကောင်းပါတယ်။ ဒီလိုကိစ္စတွေက မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။” လို့ ခွန်ဘင်ဂျမင် က ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ဖယ်ခုံမြို့ တောင်မဲသင်းကျေးရွာမှာ နေရာယူထားပြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ နန်းနိမ်၊လုံးပြင်၊တောင်မဲသင်း၊မြောက်စလုံ စတဲ့ ကျေးရွာက ဒေသခံတွေကို တိုက်ပွဲကာလအတွင်းမှာ ဖမ်းဆီးပြီး သတ်ဖြတ်တာမျိုးတွေ ပြုလုပ်နေတာရှိတယ်လို့ KNDF ဖယ်ခုံဇုန်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts