spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ပညာရေးဝန်ထမ်း ၆ဦးကို အကြမ်းဖက်အဖွဲ့အစည်းကို အားပေးကူညီမှုနဲ့ အရေးယူမည်

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် အတွင်းက စစ်ကောင်စီလမ်းညွှန်မှုနဲ့ လွိုင်လင် အထက်တန်းကျောင်းမှာ သင်ကြားနေတဲ့ ­Non-CDM ဆရာ၊ဆရာမ ၆ဦးကို ထိန်းသိမ်းထားပြီး ၎င်းတို့ကို အကြမ်းဖက်အဖွဲ့အစည်း အားပေးကူညီမှုနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ ကရင်နီပြည် ရဲဌာန ( KSP ) ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုက ပြောပါတယ်။

“အဓိက စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို တစ်ထောင့်တစ်နေရာကနေ ပံ့ပိုးပေးနေတဲ့ စစ်ကောင်စီ ဝန်ထမ်း အဖြစ်ဆက်မလုပ်ဘဲ CDM လုပ်ဖို့ KSCC က ကြေငြအသိပေးပြီးသာဖြစ်တဲ့ အတွက် ကျနော်တို့ လွမ်းမိုးဧရိယာအတွင်းက Non-CDM တွေကို အကြမ်းဖက်အဖွဲ့အစည်းကို အားပေးကူညီ မှု နဲ့ အရေးယူသွားမှာ ဖြစ်ပါတယ်” လို့ ကိုဘိုဘိုက ပြောပါတယ်။

တည်ဆဲဥပဒေထဲက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပေဒနဲ့ အရေးယူသွားမှာဖြစ်ပြီး ဒေသန္တရဥပဒေ၊ Customary law (ဓလေ့ထုံးတမ်း ဥပဒေ) တွေနဲ့ လည်း အရေးယူသွားမယ်လို့ ဆိုပါတယ်။ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ ( KSCC ) ရဲ့ ခွင့်ပြုချက် ဒါမှမဟုတ် ဒေသခံတွေရဲ့ ခွင့်ပြုချက်မရှိပဲ စစ်ကောင်စီရဲ့ ညွှန်ကြားမှုနဲ့ ကျောင်းဖွင့်လှစ်တဲ့အတွက် ဒေသခံတွေက တိုင်ကြားတာကြောင့် အဆိုပါ ပညာရေးဝန်ထမ်း ၆ ဦးကို ခေါ်ယူစစ်ဆေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၄ရက်နေ့မှာ KSP နဲ့ KNDF B-12 တို့ ပူးပေါင်းပြီး သွားရောက်ခေါ်ယူစစ်ဆေးခဲ့တာဖြစ်တယ်လို့ KNDF B-12 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ကျနော်တို့က ခေါ်ယူစစ်ဆေးတယ်ဆိုတာထက်က ဒီအတိုင်း ဒီစစ်ကောင်စီနဲ့ ပတ်သက်တဲ့အရာတွေကို ဟန့်တားနိုင်ဖို့ အဓိက ဟန့်တာြခင်းဖြစ်တယ်ပေါ့နော။ ဒီအတိုင်း သူတို့ အပြစ်ရှိတာကို စစ်ဆေး မေးမြန်းတာထက် အဓိက ဒီဟာကို ရပ်တန့်ဖို့ ကျနော်တို့ ခဏထိန်းသိမ်းထားတဲ့ သဘောမျိုးပါပဲ။” လို့ KNDF B-12 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့နယ် လွိုင်လင်လေး အ.ထ.က ကျောင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ ဖွင့်လှစ်တာတွေ မရှိပေမယ့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဖွင့်လှစ်တာ တစ်လနီးပါးရှိပြီလို့ သိရပါတယ်။

ကရင်နီပြည်က ပညာရေးဝန်ထမ်း ၃ထောင်ကျော်ဟာ CDM ကို ပြုလုပ်နေပြီး Non-CDM တွေကိုလည်း ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ကယားပြည်နယ်လုံးဆိုင်ရာ ဆရာများသမဂ္ဂ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ ကျနော်တို့ ပြည်နယ်ရဲ့ အနေအထားအရ Non-CDM ရဲ့အရေအတွက်က ဘယ်လောက်မှ မရှိဘူးပေါ့နော။ ကျနော်တို့ တော်လှန်ရေးကာလ အရေးတော်ပုံအောင်တဲ့ အချိန်မှာ ဒီ Non-CDM တွေနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန်အရေးယူမှုတွေ လုပ်မှာဖြစ်ပါတယ်။” လို့ ၎င်းက ဆက်ပြောပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်နေ့မှာ ကရင်နီပြည်အတိုင်ပင်ခံ ကောင်စီ ( KSCC ) ကနေ စစ်ကောင်စီယန္တရားတွေကို လည်ပတ်အောင် ပြုလုပ်နေတဲ့ ထောက်တိုင်အားလုံးကို ချေမှုန်းဖြိုလှဲသွားမယ်လို့ ထုတ်ပြန်ထားခဲ့ ပါတယ်။

spot_img
spot_img