spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ပညာသင်ကြားရန်အခက်အခဲရှိသည့်ကလေးများကို မော့ဒူကလားမေးလူမှုဖွံ့ဖြိုးရေးအသင်းက ထောက်ပံ့ပေး

Author

Date

Category

က န္တာရဝတီတိုင်း(မ်)


ကလေးငယ်များကို မော့ဒူကလားမေးဟောခန်းတွင် အမြင်ဖွင့်သင်တန်း ပြပြုလုပ်ပေးနေစဉ်… ပုံ – KT

ကယားပြည်နယ်အတွင်းရှိ အခြေခံပညာရေးဆက်လက်သင်ယူနိုင်ရန် အခက်အခဲရှိသည့် ဒေသခံ ကျောင်းသူ/သားများကို အထောက်အပံ့ပေးနေသည်ဟု မော့ဒူကလားမေး လူမှုဖွံ့ဖြိုးရေးအသင်းမှ တာဝန်ရှိသူ ဦးဖိုးရယ်က ပြောပါသည်။

“ကယားရိုးရာကိုးကွယ်တဲ့ရွာတွေဆိုရင် အဘက်ဘက်ကနေ ပညာရေးဘက်မှာ အားနည်းတယ် နိမ့်ကျတယ်။” ဟု ဦးဖိုးရယ်က ပြောပါသည်။

ပညာသင်ကြားနိုင်ရန်အတွက် အခက်အခဲရှိသည့် ကျောင်းသူ/သားများကို ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ရူးဖယ်ခူရပ်ကွက် မော့ဒူကလားမေးလူမှုဖွံ့ဖြိုးရေးအသင်းမှ ဘော်ဒါဆောင်ဖွင့်လှစ်ပေးကာ ကျောင်းဆက်လက်တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေသည်ဟု သိရသည်။

၎င်းဘော်ဒါဆောင်တွင် အဓိကဝေးလံခေါင်ဖျားသည့် နေရာဒေသအချို့ နှင့် ဆင်းရဲနွမ်းပါးသည့် ကလေးများကို ဦးစားပေးလက်ခံ ပေးသွားသည်ဟု အဆောင်မှူးဖြစ်သူ ဒေါ်အော့မိုက ပြောသည်။

” တောရွာတွေမှာ ခုချိန်ထိ လုံးဝပညာမတတ်သေးတဲ့ နေရာမျိုးတွေမှာ ရှိနေသေးတယ်။ အဲမျိုးနေရာလိုက်ရှာပြီးဆွဲခေါ်ပေးတယ်။” ဟု ဒေါ်အော့မိုက ပြောပါသည်။

ကြော်ငြာ

လာမည့်ပညာသင်နှစ်အတွက် ကျောင်းတက်ရန် အခက်အခဲရှိနေသည့်ကလေးများကို ဘော်ဒါဆောင်တွင် လက်ခံသွားရန် မော့ဒူကလားမေးသို့ လာရောက်ဆက်သွယ်စုံစမ်းပြီး လျှောက်လွှာများဖြည့်စွက်ကာ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

“တချို့ကလေးတွေက ပညာရေးအပိုင်းမှာ စိတ်ဝင်စားမှု အားနည်းနေသေးတဲ့အတွက်ကြောင့် ကျမတို့ ဖြစ်ချင်တဲ့ အတိုင်းမနည်းတင်သွင်ယူရတယ်။” ဟု ဒေါ်အော့မိုက ပြောပါသည်။

ဘော်ဒါဆောင်ကို (၂၀၁၃) ခုနှစ်တွင် ကျောင်းသား/သူ (၂၃) ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး (၂၀၁၅-၁၆) ခုနှစ် မှ စ၍ လူဦးရေတိုးမြင့် ခေါ်ယူခဲ့သည်ဟုသိရသည်။ လက်ရှိတွင် ကျောင်းသားဦးရေ (၇၀)ဦးခန့်ရှိသည်ဟု သိရသည်။

ယခုလာမည့် ၂၀၁၉-၂ဝ ပညာသင်နှစ်တွင် ဆင်းရဲနွမ်းပါးသည့် ကလေးငယ်များကို ထောက်ပံ့ရန် လူဦးရေအကန့်အသတ်မထားကြောင်းသိရသည်။

spot_img
spot_img

Recent posts