spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ပြည်နယ်အတွင်း ဆေးနှင့်ဆေးပစ္စည်းတွေ၊ ဆရာဝန်တွေ လုံလောက်မှုမရှိသေး

Author

Date

Category

အန်ထောနီ

ကယားပြည်နယ်ရှိ အခြေခံကျန်းမာရေးဆေးခန်းတွေက ဆေးနှင့်ဆေးပစ္စည်းတွေ၊ ဆရာဝန်တွေ လုံလောက်မှုမရှိသေးဘူးလို့ မြန်မာနိင်ငံဆရာဝန်အသင်း ကယားပြည်နယ် တွဲဖက်အတွင်းရေးမှူး / အထွေထွေရောဂါကုဆရာဝန် ဒေါက်တာ ပြည့်ဖြိုးကျော်က ပြောပါတယ်။

အခုလို ဖြစ်ရတာက ဆေးနှင့်ဆေးပစ္စည်းတွေ ဝယ်ယူဖို့ ဘဏ္ဍာငွေလုံလောက်မှုမရှိတာ ကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။

ဒေါက်တာ ပြည့်ဖြိုးကျော်က “နောက်တစ်ခုအရေးကြီးတာက ဆေးနှင့်ဆေးပစ္စည်းတွေပြည့်စုံလုံလောက်မှုပေါ့။ အဲ့တာကျတော့ဘတ်ဂျက်ပိုင်းပေါ့နော်။ ကျနော်တို့တစ်ခုတည်းလုပ်လို့မရတဲ့အပိုင်းပေါ့နော်။ ဒီစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူတွေက ခွင့်ပြုပေးမှရမယ့်အရာတွေဖြစ်တယ်။ အဲ့ဒီအပိုင်းမှာလည်း ကျနော်တို့ကြုံတွေ့နေရတဲ့အခက်အခဲတွေရှိတယ်” လို့ပြောပါတယ်။

ကန္တာရဝတီတိုင်း(မ်)ရဲ့ ဇွန်လ၈ရက်နေ့က ပြုလုပ်တဲ့ အမျိုးသမီး စကားဝိုင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု အပိုင်းနဲ့ ပတ်သက်လို ယခုလို ပြောသွားတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အခမဲ့ကျန်းမာရေးဟုဆိုသော်လည်း အများပြည်သူတွေ ဆေးဝယ်စရာမလိုအောင် အာမခံချက်မပေးနိုင်သေးပါဘူးလို့ ဆိုပါတယ်။

ပြည်နယ်အတွင်းမှာ အခြေခံကျန်းမာရေးနှင့် သားဖွားဆရာမ လုံလောက်သလောက်ရှိပေမယ့်လည်း ဆရာဝန်အင်အားလစ်လပ်နေတာလည်း ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကြီးမားတဲ့ အခက်အခဲတစ်ခုဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေမှာ တိုက်နယ်ဆေးရုံတွေမှာ အချိန်ကာလတစ်ခုကြာအောင်လစ်လပ်နေတာတွေလည်း ရှိခဲ့ဖူးတယ်လို့ ဒေါက်တာပြည့်ဖြိုးကျော်က ပြောပါတယ်။

ဆရာဝန်တွေမှာ အများအားဖြင့်ဒေသခံမဟုတ်တာကြောင့် အားလပ်ရက်တွေမှာအိမ်ပြန်တာတို့ ရာထူးအရွေ့အပြောင်းတာတို့ ဖြစ်သောကြောင့် ယခုလိုလစ်လပ်နေတာလို့လည်း သိရပါတယ်။

“လစ်လပ်လို့ခေါ်တဲ့ဟာကိုလျှောက်မယ့်လူမှမရှိတာကို။ ကျနော်တို့ကလျှောက်မယ့်လူက ကယားပြည်နယ်ကဒေသခံဆိုရင်ပိုပြီးတော့မှ ဦးစားပေးလျှောက်စေချင်တယ်ပေါ့နော်။ ဒေသခံတွေကကိုယ့်ဒေသနဲ့ကိုယ်ဆို ပိုအဆင်ပြေတော့ တစ်ခြားပြည်နယ်က လာလျှောက်မယ်ဆိုရင် တစ်နှစ် နှစ်နှစ်နေပြီးပြောင်းသွားမယ်ဆိုရင် ကျနော်တို့ကယားပြည်နယ်က ပိုနစ်နာတယ်ပေါ့။” လို့ မယ်စဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးအောင်နိုင်ဦးက ဇွန်လ ၁၀ ရက်နေ့က ပြည်နယ်လွှတ်တော် အစည်းအဝေး အပြီးမှာ ကန္တာရဝတီတိုင်း(မ်)ကို ပြောသွားခဲ့ပါတယ်။

ကယားပြည်နယ်အတွင်း လစ်လပ်တဲ့ ဆရာဝန်ခန့်အပ်ဖို့ ၇၇ နေရာခေါ်ယူပေမယ့် ဝင်ရောက်လျှောက်ထားသူများမရှိဘူးလို့ သိရပါတယ်။

spot_img
spot_img

Recent posts