spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ပြည်သူတွေမှာ နှာခေါင်းစည်း (Mask) တပ်ဆင်မှု အားနည်းနေကြောင်းဆို

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

လွိုင်ကော်မြို့နယ်အတွင်း သွားလာနေတဲ့ ပြည်သူလူထုတွေမှာ Mask တပ်ဆင်မှုတွေ အားနည်းနေသေးတယ်လို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဦးနန်းဝင်းဦးကပြောပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဦးနန်းဝင်းဦးက “Mask ကမ်ပိန်းလုပ်တဲ့အပေါ်မှာတော့ ပြည်သူလူထုက ၁၀၀% တော့ ပူးပေါင်းပါဝင်စေချင်တာပေါ့။ တစ်ချို့ပြည်သူလူထုတွေက မတပ်ကြဘူး။ မတပ်ရတဲ့အကြောင်းရင်းကလည်း လွိုင်ကော်မြို့နယ်အတွင်းမှာ ပိုးမတွေ့သေးတာကြောင့်ဖြစ်မယ်ထင်တယ်။ တစ်ချို့ဆိုရင် ပြောရဆိုရခက်တယ် ကျတော်တို့ Mask ကို တစ်ခုကို ၂၀၀ နှုန်းပေါ့ နှစ်ခုကို ၅၀၀ နှုန်းနဲ့ ဒဏ်ရိုက်တာတောင်မှာ ပြည်သူလူထုတစ်ချို့ဆိုရင် ကျတော်တို့နဲ့ နည်းနည်းအခိုက်အတန့် စကားများတဲ့အပိုင်းလေးတွေရှိတယ် သူတို့လိုက်နာမှုအားနည်းတာပေါ့” လို့ပြောပါတယ်။

မြို့နယ်အဆင့် ဌာနဆိုင်ရာတွေ ပညာရေးဝန်ထမ်းတွေ ကျန်းမာရေးဌာနတွေ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေ စုပေါင်းပြီးတော့ လူစည်းကားတဲ့နေရာတွေဖြစ်တဲ့ သီရိမင်္ဂလာတောင်ဈေး၊ မိုင်းလုံးမီးပွိုင့်၊ နောင်ယားဈေး၊ မိုးကောင်းဘုရားရှေ့၊ နာရီစင်အနီးတစ်ဝိုက် စတဲ့နေရာတွေမှာ တစ်ရက်တစ်ကြိမ်နှုန်းနဲ့ ပြည်သူလူထုတွေ Mask တပ်ဆင်တဲ့အလေ့အကျင့်တွေ ရရှိဖို့အတွက် Mask ကမ်ပိန်းပြုလုပ်ရခြင်းဖြစ်တယ်လို့ မြို့နယ်ဒုတိယဦးစီးမှူး ဦးနန်းဝင်းဦးက ပြောပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဦးနန်းဝင်းဦးက “တစ်ချို့ဆိုရင် ကျတော်တို့ Mask ကမ်ပိန်းလုပ်နေတဲ့အချိန်မှာ စစ်နေတဲ့အချိန်မှာ အနီးအနားရောက်မှ တပ်တဲ့သူတွေရှိသလို အဝေးကနေမြင်လို့ Mask ကမ်ပိန်းလုပ်နေတာမြင်လို့ ရပ်ပြီးတပ်ကြတဲ့သူတွေလည်းရှိတယ်။ အဲဒီသူတွေကျ ပြောချင်တာကတော့ မိမိအိမ်ပြင်ကစထွက်တဲ့အချိန်ကစပြီးအသိရှိပါ Mask တပ်ဖို့သတိရပါ။ ကိုဗစ်၁၉ကို မည်သူမဆို မိမိကစပြီး ကာကွယ်ရမှာဖြစ်လို့ လွိုင်ကော်မြို့နယ်မှာရှိတဲ့ ပြည်သူလူထုတွေအားလုံး Mask တပ်ဆင်ပြီး အပြင်ထွက်ကြပါလို့ ကျတော်တိုက်တွန်းပါတယ်” လို့ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ရက်နေ့မှာလည်း တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ပြည်သူလူထုတွေ အပြင်ထွက်တဲ့အချိန်မှာ Mask မဖြစ်မနေတပ်ဆင်ဖို့၊ တပ်ဆင်တဲ့အခါမှာလည်း စနစ်တကျတပ်ဆင်ဖို့၊ တစ်ယောက်နဲ့တစ်ယောက် ခပ်ကွာကွာနေဖို့၊ စကားပြောကြတဲ့အခါမှာ Mask တပ်ဆင်ကြဖို့၊ Mask တပ်ဆင်မှသာ ကူးစက်မှုမှကာကွယ်နိုင်တဲ့အသိပညာတွေကို ပြည်သူလူထုကြား ကျယ်ကျယ်ပြန့်ပြန့်သိရှိဖို့အတွက် Mask ကမ်ပိန်းတွေ ပြုလုပ်ခဲ့ပါတယ်။

ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က “ကိုဗစ်၁၉ရောဂါသည် ပြဿနာကဘာလဲဆိုတော့ အမှုန်အမွှား ချောင်းဆိုနှာချေကနေ ကျလာတဲ့အခြေအနေကနေ ကူးစက်ကြတယ်။ အခုနောက်ပိုင်း တဖြေးဖြေးတွေ့လာတဲ့အခါမှာ ပိုးကအသွင်ပြောင်းပြီးတော့ တစ်ယောက်ယောက်က စကားပြောရင် ကြာကြာစကားပြောရင်ကူးတယ် အဲကနေ Airborne Infections (လေထဲကနေတဆင့်ကူးခြင်း) မျိုး တဖြည်းဖြည်းဖြစ်လာတဲ့အခါကျတော့ အခုလောလောဆယ် ကမ္ဘာမှာတောင် ကာကွယ်ဆေးပေါ်ခါကျစပဲရှိသေးတယ်။ ကာကွယ်ဆေးတွေမထိုးနိုင်တဲ့အချိန်ထိ အကောင်းဆုံးကာကွယ်ခြင်းက တစ်ယောက်နဲ့တစ်ယောက်စကားပြောရင် လေထဲကနေကူးတာတွေကိုကာကွယ်ဖို့ Maskတပ်ခြင်းက အင်မတန်အရေးကြီးတဲ့ကိစ္စဖြစ်ကြောင်း သိရှိဖို့အတွက်ကို အဓိကပြည်သူတွေသိရှိဖို့အတွက်ကို ကျတော်တို့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကလမ်းညွှန်ချက်နဲ့ အစည်းအဝေးလုပ်ပြီးတော့ တိုင်းနဲ့ပြည်နယ်အသီးသီးမှာ ပြည်သူလူထုသည် Mask ကိုစနစ်တကျတပ်နိုင်ဖို့အတွက်ကို ဆောင်ရွက်ဖို့ကို လမ်းညွှန်မှာကြားတာရယ် ကျတော်တို့တွေရဲ့အသိပညာတွေကို ပြည်သူလူထုကြားမှာ ပြန့်ပွားအောင်ရယ် ဒီ Mask ကမ်ပိန်းကိုလုပ်ရခြင်းဖြစ်ပါတယ်။” လို့ပြောပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့အထိ ကယားပြည်နယ်မှာ ယာယီကုန်တင်ယာဉ်ရပ်နားစခန်းမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် နဲ့ Community Based Facility Quarantine ဝင်ရောက်နေသူထံမှ ပိုးတွေ့သူ စုစုပေါင်း ၂၄ ဦးရှိနေပြီး ဆေးရုံဆင်းနဲ့ ဆေးရုံလွှဲပြောင်းသူ ၁၇ ဦးနဲ့ လက်ရှိ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေသူ ၇ ဦးရှိကာ ၎င်းတို့ရဲ့ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိတယ်လို့ သိရပါတယ်။

spot_img
spot_img

Recent posts