spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

ဖမ်းဆီးထားရာကနေ ပြန်လွတ်မြောက်လာတဲ့ ဖရူဆိုမြို့နယ် ဆရာဝန် နဲ့ အင်တာဗျူး

ဘလဲဇင်း/ ကန္တာရဝတီတိုင်း(မ်)

ဖရူဆိုမြို့နယ်ဆေးရုံ ဆရာဝန် ဒေါက်တာရဲလင်းစိုး

ကရင်နီပြည်မှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဉ်းသားတွေကို နိုင်ငံတကာ အဖွဲ့အစည်း က တောင်းဆိုမှု၊ လူသားချင်းစာနာထောက်ထားမှုတွေကြောင့် ဖမ်းဆီးထိန်းသိမ်းထားသူ ၁၂၆ဦး ထဲက ၂၄ဦး ကို ပြီးခဲ့တဲ့ မေလ (၂၆)ရက်နေ့က ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။

ပြန်လွှတ်ပေးတဲ့ အထဲမှာ ပါဝင်တဲ့ ဖရူဆိုမြို့နယ်ဆေးရုံ ဆရာဝန် ဒေါက်တာရဲလင်းစိုး နဲ့ ကန္တာရဝတီတိုင်း(မ်)က တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။

မေး။ ။ ဘယ်ချိန်တုန်းကဖမ်းဆီးထိန်းသိမ်းခံရတာလဲ။

ဖြေ။ ။ ဒီဇင်ဘာ ၃၀ရက်နေ့မှာ ဖရူဆိုကနေထွက်လာတယ်။ ထွက်လာတဲ့အချိန်မှာ  လမ်းမှာအဖွဲ့အစည်းတစ်ခုက ကျနော်တို့ ကို ဖမ်းတယ်ဗျ။ ဘာအမှု လဲတော့ မသိဘူးပေါ့။ နောက်ပြီး ဒီဆရာတွေ လက်ထဲကို အပ်တယ်ဗျ။ အဲ့လောက်ပါပဲ။

မေး။ ။ အာဏာသိမ်းပြီးနောက်ပိုင်း ဘာတွေဆက်လုပ်ဖြစ်လဲ CDM လုပ်လား။

ဖြေ။ ။ အဲ့ဒီတုန်းကတော့ ဆေးရုံမှာ ကျနော့် တပည့်လေး နည်းနည်းလေး ကျန်တယ်ပေါ့။ အဲ့ဒီနည်းနည်းလေး နဲ့ ကျနော်ကလည်း အကြီးဆိုတော့ သူတို့နဲ့ ဆက်နေခဲ့ရတယ်။ ပြီးတော့ ကျနော့် မိသားစုလည်း ရှိသေးတာကို မိသားစုနဲ့ နေခဲ့ရတယ်။ ကျနော်တို့ကလည်း သွားဖို့ လာဖို့ အဆင်မပြေတော့ အဲ့ဒီကနေ CDM မလုပ်ဖြစ်ဘူးပေါ့။ အစောပိုင်းက။

မေး။ ။ ပြန်လွှတ်မယ့်အကြောင်း ဘယ်လိုကြားရသိလဲ။

ဖြေ။ ။ ကျနော်ကတော့ ပြီးခဲ့တဲ့ တစ်ပတ်ဖြစ်ကောင်းဖြစ်မယ်။အဲ့ချိန်ကျမှ ကျနော်တို့က ပြန်ခွင့်ရှိပြီဆိုတာ ကျနော်တို့ သိပါတယ်ဗျ။ ဒါပေမယ့် ခုနက ပြောသလိုပေါ့ ဒီမှာ လည်း အမှုဘာကြောင့် ဖြစ်သလဲ ဆိုတာလည်း ကျနော် ကောင်းကောင်းမသိဘူး။ ဒါပေမယ့် နောက်တစ်ခု ကျနော့်ကို ဘယ်လိုအကြောင်းပြချက်နဲ့ ပြန်လွှတ်လဲ ကျနော် မသိပါဘူး.။ ကောင်းကောင်းပါပဲ နေရတာတော့။ ထူးထူးခြားခြားတော့ ဘားမရှိဘူး။ ဒါပေမယ့် ကျနော့်ကိုတော့ ပေးတော့ ပြန်ပြီးဆိုတာ ကြားရပါတယ်။

မေး။ ။ ဖမ်းဆီးထိန်းသိမ်းခံရတဲ့တလျှောက် ဘယ်လိုပုံစံမျိုး နေထိုင်ရလဲ။

ဖြေ။ ။ ကျနော် ပထမဆုံး ဒီဇင်ဘာ ၃၀ရက်လောက်ရောက်ပြီး ၃၊ ၄ရက် ကြာတဲ့အချိန်မှာပေါ့။အဲ့မှာ ဒီအဖွဲ့အစည်းရဲ့ လူကြီး ပိုင်းတွေ ရောက်လာတယ်။ သူတို့က ကနေပြီး ကျနော် လိုတဲ့ ဆေးတွေ မေးတယ်။ ဘာတွေ လုပ်ပေးနိုင်လဲမေးတယ်။ ကျနော် လိုချင်တဲ့ ဆေးကို သူတို့ တတ်နိုင်သမျှရှာပေးတယ်။ အဲ့ဒီဆေးတွေနဲ့ ကျနော် ရွာထဲက ပုဂ္ဂိုလ်တွေ၊ ကျနော့်ဆီလာတဲ့ လူနာတွေပေါ့သူတို့ကို ဆေးကုပေးခဲ့တာ တောက်လျောက်ရှိခဲ့တယ်။ အခုနောက်ပိုင်းတော့ ပိုများလာတယ်ပေါ့။ ဒီလ တွေက ဖျားတဲ့ ရာသီဆိုတော့ ပိုများလာတယ်။ နောက်တချို့ ရွာလေးတွေ ကို ကျနော်တို့က ဆင်းတယ်။ ကျနော်နဲ့ အတူလိုက်ပေးတယ်။ ရွာတွေကိုလည်း သွားပြီးတော့ ဆေးကုသပေးတယ်။ ရွာနှစ်ရွာရှိပြီပေါ့။

မေး။ ။ အကျယ်ချုပ်နဲ့နေရတယ်လို့သိရတယ်။ ဘာတွေလုပ်ဖြစ်လဲ။

ဖြေ။ ။ ကျနော်က ဆရာဝန်ဆိုတော့ ဆေးကုတဲ့အလုပ်ပေါ့ အဓိက ဆေးကုတဲ့ အလုပ်လုပ်တယ်။ ဒါပေမယ့် တကယ့်ဆေးတွေကျတော့ ဒီဆရာတွေက ကူတယ်။ ဘယ်ရောဂါတွေ တွေ့သလဲ ပြောရင်တော့ ဒီရာသီ မှာ အဖြစ်များဆုံးကတော့ ရာသီတုပ်ကွေးပေါ့ တစ်ခု။ နောက်တစ်ခုက ဝမ်းပျက်ဝမ်းလျော၊ နောက် ဒီဖက်တွေက အဝေးကနေ စစ်ရှောင်လာကြတယ်ဆိုတော့ သူတို့တွေက ဒီမှာ ရေရှားတဲ့ နေရာလေးတွေ ရှိလို့ရှိရင် သူတို့တွေမှာ တစ်ကိုယ်ရေသန့်ရှင်းရေး ညံ့ဖျင်းတဲ့အတွက် ယားနာပေါ့၊ အရေပြားရောဂါတွေ ဒါလေးတွေက ပိုများတယ်။ နောက်ပြီး သက်ကြီးပိုင်းတွေမှာတော့ စစ်ရှောင်တဲ့အထဲမှာ သက်ကြီးပိုင်းတွေများတဲ့အတွက်  သွေးတိုးပေါ့၊ ဆီးချိုကျတော့ ကျနော် ၁ယောက် ၂ယောက်ပဲ တွေ့ဖူးတယ်။ ကျန်ဒါသွေးတိုးတော့များပါတယ်။

ကျနော့်ကိုတော့ ဒီမှာ စခန်းမှာပဲ ခေါ်ထားတဲ့ သဘောလောက်ပါပဲ။ အကျယ်ချုပ်နဲ့ ကျနော် သွားချင်တဲ့ နေရာဆိုလည်း သူတို့ပေးသွားတယ်။ လူနာရှိရင်လည်း သူတို့အိမ် တွေကိုလည်း သူတို့ လိုက်ပို့တာရှိတယ်။ နောက် ကျန်တဲ့ ဆက်ဆံရေးကတော့ သူတို့နဲ့ အတူတူပေါ့။ အတူတူနေတယ်။ အတူတူစားတယ်။ ညီအစ်ကိုမောင်နှမတွေလိုပဲ နေကြပါတယ်။

မေး။ ။ ဘာဆက်လုပ်ဖို့ရှိမလဲ။

ဖြေ။ ။ ဒီတစ်လတော့ ကျနော်က အရင်ပေါ့ ကျနော့်လူနာတွေ သွားခဲ့တဲ့ ရွာတွေမှာ ရှိခဲ့တဲ့လူနာတွေ အကြွင်းကျန်သေးတယ်။ သူတို့ ဆေးလေးများရခဲ့ရင် ဆက်ကုပေးမယ်ပေါ့။ အဲ့တော့ ဒီလထဲမှာ ကျနော်က ဆရာတွေ အကူအညီနဲ့ ဆေးတောင်းကြည့်ဦးမယ်။ ဆေးတွေရရင် အဲ့ရွာတွေ ပြန်သွားပြီး ဆေးထပ်ကုချင် သေးတယ်။ အကြွင်းကျန်သေးတယ်။ ကျနော်ပြန်လာမယ် ပြောထားတာကို။ ဒီဆရာတွေကို အဲ့ဖက်ကလည်း ကူညီရင်းနဲ့ ကျနော်လည်း ဒီမှာနေဦးမယ်လို့ ဒီတစ်လပေါ့။

မေး။ ။ မိသားစုနဲ့အဆက်သွယ်ရလား။ စိတ်ပူကြလား။

ဖြေ။ ။ အခုနောက်ပိုင်းတော့ စိတ်ပူသံတော့ မကြားရတော့ပါဘူး ။နေကောင်းလား ဘာလားတို့ လှမ်းမေးရုံလောက်ပါပဲ။

မေး။ ။ စစ်ကောင်စီ လက်အောက် အလုပ်ပြန်ဝင်ဖို့ရှိမလား။ ဘာတွေဆက်လုပ်သွားဖို့ရှိမလဲ။

ဖြေ။ ။ အဲ့တာတော့ မရှိတော့ပါဘူး။ ကျနော် တတ်နိုင်တဲ့ ကျနော့်ဟာ ကျနော်ပဲ အပြင်မှာ ဆေးခန်းဖွင့်မလား။ ဘာညာပေါ့။ တခြား အခြေအနေတစ်ခု စဉ်းစားမှာပါ။

spot_img
spot_img