spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ်အတွင်း ပြောင်းစိုက် ဧက ၁၀ဝနီးပါး၌ ငမြှောင်တောင်ပိုးများ ကျရောက်နေ

Author

Date

Category

နော်ဒွေးအယ်ခူ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ဟိန်ဓ္မရပ်ကွက် ဧလာစိုက်ကွင်းနှင့် ညောင်ပင်သာကွင်းရှိ စိုက်ခင်းအချို့တို့၌ ငမြှောင်တောင်ပိုးများ ကျရောက်နေပြီဖြစ်ကြောင်း ဖယ်ခုံမြို့ စိုက်ပျိုးရေးဦးစီးမှူး ဒေါ်သင်းသက်ထက်က ပြောသည်။

၎င်းက ’’၁၀ဝနီးပါး ပိုးကျရောက်တယ်။ အခုချိန်ထိတော့ ထိခိုက်တာနဲ့ ပျက်စီးတာ တွက်လို့မရသေးဘူး။ ပိုးဆေးတော့ ဖြန်းထားတယ်။ အနီးအနားက ပတ်ဝန်းကျင်က တောင်သူတွေကိုလည်း ဖြန်းဖို့ပြောပေမယ့် အဲနားက ပိုင်တဲ့သူတွေက တစ်ယောက်ကို ၁၅ဧက ၃ဝ ဆေးဖိုးတအားများတယ်ပေါ့။ ကျမတို့ဌာနကလည်း တတ်နိုင်တဲ့ဖက်က သူတို့ကို နည်းပညာကော ဆေးကော ပံ့ပိုးပေးမှာပေါ့နော” ဟု ဆိုသည်။

ဇွန်လ ၁၂ ရက်နေ့တွင် ဖယ်ခုံစိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ငမြှောင်တောင်ပိုးကျနေသော စိုက်ခင်းများကို လိုက်လံစစ်ဆေးခဲ့ပြီး ယခင်နှစ်ထက် ပိုစောကျကြောင်း သုံးသပ်ထားသည်။

ယခင်နှစ်ကလည်း ဖယ်ခုံမြို့စိုက်ခင်းအချို့တွေ ငမြှောင်တောင်ပိုး အများအပြား စိုက်ခင်းကို စားသောက်ဖျက်ဆီးသည့် ဖြစ်စဉ်ရှိခဲ့သည့်အတွက် ယခုနှစ်တွင် ငမြှောင်တောင်ပိုးများ ထပ်မံမကျရောက်အောင် သင်္ကြန်မတိုင်ခင်ကတည်း တောင်သူများထံ ပညာပေးခြင် ဆွေးနွေးပွဲပြုလုပ်ခြင်း ဖြန်းရမည့် ဆေးနမူနာများကို ပြသခြင်း စသည့် လုပ်ငန်းမျးကို ဆာင်ရွက်ခဲ့ကြောင်း ဒေါ်သင်းသင်းထက်က ဆိုသည်။

၎င်းက “ဖယ်ခုံမှာ ဒီနှစ်လည်း ငမြှောင်တောင် အန္တရာယ်ရှိတယ်ဆိုတာ သုံးသပ်ထားပြီးသား။ အဲ့ကြောင့်မလို့ သင်္ကြန်မတိုင်ခင် မျိုးစေ့တွေဝယ်တယ် စုဆောင်းတယ် လုပ်တဲ့အချိန်ကတည်းက ထပ်ပြီးတော့ ပညာပေးဆွေးနွေးပွဲတွေလုပ်တယ်။ တောင်သူတွေကိုခေါ် နားလည်အောင်ရှင်းပြတယ် ကြိုတင်လုပ်ထားရမှာကို ပြောတယ်ပေါ့ “ဆက်ပြောသည်။

စိုက်ခင်းထဲ ငမြှောင်တောင်ပိုးများ မကျရောက်စေရန် ပညာပေးဆွေးနွေးပွဲများ ပြုလုပ်ပေသော်လည်း တောင်သူအချို့အနေနဲ့ ငမြှောင်တောင်ပိုးသတ်ဆေး မသုံးနိုင်သည့်အခြေအနေရှိသည့်အတွက် ငမြှောင်တောင်ပိုးများမှာ မသေဘဲ တဖြည်းဖြည်းကြီးလာသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ဆိုသည်။

ဒေါ်သင်းသင်းထက်က “ဘယ်လောက်ပဲ သတိပေးထား သူတို့ရဲ့ လိုက်နာမှုကတော့ အားနည်းသေးတာပေါ့နော။ တစ်ချို့တောင်သူတွေကတော့ လိုက်လုပ်ထားတယ်” ဟု ဆိုသည်။

တောင်သူတစ်ဦးကလည်း “ မျိုးစေ့၊ မြေဩဇာ၊ နွားချေး၊ အလုပ်သမားခ ကုန်သွားတာပေါ့” ဟု ငမြှောင်တောင်ပိုးများ ပြောင်းစိုက်ခင်းကို စားသောက်ဖျက်ဆီးလိုက်ခြင်းနှင့် ပတ်သက်ပြီး ပြောဆိုထားသည်။

ငမြှောင်တောင်ပိုးသည် ပြောင်းနှင့် အခြားသီးနှံများဖြစ်သော စပါး၊ မြေပဲ၊ ဟင်းသီးဟင်းရွက်အပါအဝင် သီးနှံအမျိုးပေါင်း (၈၀)ကျော်ကို စားသောက်ဖျက်ဆီးနိုင်သည့်အပြင် တစ်ညအတွင်း ကီလိုမီတာ (၁၀၀) အထိ ပျံသန်းနိုင်စွမ်းရှိသည့် ဖျက်ပိုးဖြစ်ကြောင်း သီးနှံကာကွယ်ရေးဌာနခွဲ၏ ထုတ်ပြန်ချက်အရ သိရသည်။

Advertisement

“ငမြှောင်တောင်ရဲ့ အလေ့အထကလည်း အများကြီး ပျံသန်းနိုင်တယ်ဆိုတော့ ပြောင်းဖူးရိုးအကြွင်းအကျန်တွေမှာ ခိုအောင်း အစကတည်းက ရှိခဲ့တယ်ထင်ရတယ်ပေါ့။ ထင်လို့ပဲ အခု အပင်ငယ်ကတည်းက တခါတည်း ဖျက်ဆီးစားသောက်နေတာကို တွေ့ရတယ်” ဒေါ်သင်းသင်းထက် က ဆိုသည်။

ယင်းငမြှောင်တောင်ပိုးသည် အိနိ္ဒယနိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံတွင်း ဒေသအချို့ရှိ စိုက်ခင်း၌လည်း စားသောက်ဖျက်ဆီးနေပြီဖြစ်ကြောင်း သိရသည်။

ငမြှောင်တောင်ပိုးများ ဖျက်ဆီးသည့် လက္ခဏာကို ပြောရမည်ဆိုပါက အရွက်များတွင် ဖျက်ဆီးခံထားသည့်အပေါက်များရှိနေခြင်း၊ အရွက်အနားများ စုတ်ပြတ်နေခြင်း၊ လောက်ကောက် မစင်များ ရှိနေခြင်း စသည့်အရာများကို တွေ့မြင်ရမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၈ခုနှစ် စက်တင်ဘာလတွင် ငမြှောင်တောင်ပိုးများ ဖျက်ဆီးမှုကြောင့် ရှမ်းပြည်နယ် သီပေါတွင်ဧက ၂ဝဝကျော်နှင့် ဖယ်ခုံတွင် ဧက ၃ဝ ကျော်ခန့်၊ နောင်ချိုတွင်လည်း ဧကပေါင်း ၂ဝဝ ခန့် ပျက်စီးသွားကြောင်း သိရသည်။

spot_img
spot_img

Recent posts