spot_imgspot_imgspot_imgspot_img
Saturday, April 20, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေးကြောင့် ကြိုတင်မဲကောက်ယူရာမှာ အခက်အခဲဖြစ်

Author

Date

Category

ခွန်းကလိုင်းဖရီး

ရှမ်း/တောင်၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းကျေးရွာအုပ်စုတွင်း လမ်းပန်းဆက်သွယ်ရေး အဆင်မပြေမှုကြောင့် ကြိုတင်မဲကောက်ယူရာမှာ အခက်အခဲတချို့ဖြစ်ပေါ်နေတယ်လို့ အလယ်ကယန်းကျေးရွာအုပ်စုမဲကော်မရှင် ဥက္ကဌ စခွန်းမောင်ညိုက ပြောပါတယ်။

“လမ်းပန်းဆက်သွယ်ရေးတအားခက်ခဲခါကျတော့ သွားရလာရတာ သိပ်အဆင်မပြေဘူးပေါ့နော်။ နောက် တစ်ခုက ဘယ်လိုဖြစ်လဲဆိုတော့ ရိတ်သိမ်းကာလလည်းဖြစ်ခါကျတော့ သူတို့လည်း လုပ်ငန်းခွင်မှာ ရောက်နေ တော့ စောင့်နေရတယ်ပေါ့နော်။ အချိန်က မြန်မြန်ပြီးရမယ့်ဟာကို အချိန်ကြာသွားတဲ့ သဘောတော့ ရှိပါတယ်။” လို့ပြောတယ်။

အလယ်ကယန်းကျေးရွာအုပ်စုမှာ မဲဆန္ဒရှင်ဦးရေ ၃၆၀၄ ဦးရှိတဲ့အတွက် မဲရုံ ၁၂ ရုံထားရှိထားပြီး လက်ရှိအချိန်ထိ ကြိုတင်မဲထည့်ပြီးသူ ၂၂၀ ဦးရှိတယ်လို့ ဆိုပါတယ်။

ထို့အပြင် အခုလိုမျိုး လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ မဲကိစ္စနဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေ အချိန်မီ မရောက်နိုင်မှာကို စိုးရိမ်တယ်လို့ ၎င်းက ဆိုပါတယ်။

“မဲကိစ္စနဲ့ ပတ်သက်ရင် ကျနော်တို့ ဖယ်ခုံမြိုနယ်က သူများမြို့နယ်နဲ့ မတူဘူး။ ဘာဖြစ်လို့ မတူလည်းဆိုရင် လမ်းပန်းဆက်သွယ်ရေးတအား ခက်ခဲခါကျတော့ ဒီမဲရုံပစ္စည်းရော၊ မဲလက်မှတ်ရော၊ ဘာညာကို အကုန်လုံး အဆင်သင့်ဖြစ်နိုင်တော့ ကောင်းတာပေါ့နော်။ ခုနနေ ၆ ရက်နေ့မှ ၇ရက်နေ့မှ ပို့မယ်ဆိုရင်တော့ အဝေးကို ပို့ရမယ့် မဲရုံတွေရှိတာပေါ့နော်။ ဟိုးရီနွဲ့အုပ်စုတို့၊ ဟိုဖက်ကျတော့ တစ်ရက်နှစ်ရက် ကြိုတင်မပို့ထားရင် လုပ်တဲ့ ရက်မှ ပို့မယ်ဆိုရင်တော့ ဒီပစ္စည်းတွေ မရောက်လာပဲနဲ့ မဲဆန္ဒရှင်တွေ လာစောင့်ရင်းနဲ့ ပစ္စည်းမစုံဘူးဆိုရင် အဲ့တစ်ခုပဲ စိုးရိမ်ရတာပေါ့နော်။”

ရွေးကောက်ပွဲကော်မရှင်ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ စာရင်းအရ ဖယ်ခုံတစ်မြို့နယ်လုံးမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၆၆၀၀၀ ကျော်ရှိပြီး မဲရုံပေါင်း ၁၁၀ ရုံထားရှိသွားမယ်လို့ ဆိုပါတယ်။

ဖယ်ခုံမြို့နယ်မှာ နိုင်ငံရေးပါတီ (၉) ပါတီမှ လွှတ်တော်ကိုယ်ကိုစားလှယ်လောင်း ၂၄ ဦး ဝင်ရောက်ယှဉ်ပြိုင် အရွေးကောက်ခံကြမှာ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts