spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံ၊ လွယ်ဟွဲမှာ တိုက်ပွဲဖြစ်နေ၊ စစ်တပ်က ပြည်သူအိမ်မီးရှို့

ဓါတ်ပုံ – ဖယ်ခုံPDF

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့(နိုဝင်ဘာ ၃ရက်) မွန်းလွဲပိုင်း ၂နာရီခွဲဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဖယ်ခုံ PDFက ကန္တာရဝတီတိုင်း(မ်)ကို မွန်းလွဲ ၃နာရီအချိန်မှာ အတည်ပြုပြောပါတယ်။

” တိုက်ပွဲကတော့ ပြင်းပြင်းထန်ထန်ဖြစ်နေကြတယ်။ အခုတော့ နည်းနည်းလေး ပြန်ငြိမ်ပြီးတော့ ပစ်တော့ ပစ်နေတယ်။ ရှေ့မှာလည်း မြင်နေရတယ်။ တချို့ဟာတွေ နာရီ ဝက်တော့ရှိပြီ တော်တော်ကြာပြီ။ “

စစ်ကောင်စီဖက်ကနေပြီးတော့လည်း ပြည်သူနေအိမ်မီးရှို့နေတာတွေရှိနေပြီး လက်ရှိအချိန်ထိတော့ ပြည်သူနေအိမ် သုံးလုံး မီးလောင် ပြာကျသွားတယ်လို့ သိရပါတယ်။

” လောင်တဲ့အချိန်ကတော့ နည်းနည်းတော့ကြာပြီ ကျနော်တို့လည်း တိုက်ပွဲဖြစ်နေတော့ အချိန်မှတ်မထားဘူး။ သူတို့ရှို့တဲ့မီးကတော့ များတယ်။ ကျနော်တို့ရောက်တော့ ၃အိမ်တော့ပြောင်သွားတယ်။ ကျန်တဲ့အိမ်တော့ မီးငြိမ်းနိုင်တယ်ဗျ။ “

ဖယ်ခုံဖက်မှာဆိုရင် စစ်ဘေးရှောင် နှစ်ထောင်ဝန်းကျင် ရှိနေပြီး မနေ့က တိုက်ပွဲကြောင့် အသက်(၇၀)ဝန်းကျင် ဒေသခံ ပြည်သူ တစ်ဦး သေဆုံးခဲ့ရပါတယ်။

spot_img
spot_img