spot_imgspot_imgspot_imgspot_img
Tuesday, March 19, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုဒေသရဲ့ ရွှေ့ပြောင်းတောင်ယာ စပါးစိုက်ပျိုးမှု ယခုနှစ် အထွက်နှုန်းတစ်ဝက်လျော့ကျ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဖရူဆိုမြို့မှာ နေထိုင်ကြတဲ့ လူထုတွေဟာ ရွေ့ပြောင်းတောင်ယာ စပါးစိုက်ပျိုးတာကို အဓိကထားလုပ်ကိုင်ကြပြီး ယခုနှစ်မှာဆိုရင် စိုက်ပျိုးချိန် မိုးမရွာတာ၊ အပင်မပေါက်တာ ၊ အပင်သေတာတွေ ကြောင့် စပါးအထွက်နှုန်း တစ်ဝက်လောက် လျော့ကျနေတယ်လို့ တောင်သူတွေက ဆိုကြပါတယ်။

ရွှေ့ပြောင်းတောင်ယာ ပြန်လည်လုပ်ကိုင်တာ ၂နှစ်ရှိပြီဖြစ်တဲ့ ဦးရီဖဲ ကလည်း ယခုနှစ် စပါး သေတာတွေ၊ အဆံမရှိတာတွေ ရှိတဲ့အတွက် စပါးမရိတ်သိမ်းကြရတော့တာရှိတယ်လို့ ဆိုပါတယ်။

“ ကျနော်တို့ စပါးက သိပ်တော့အဆင်မပြေဘူး။ ကျနော်တို့ ရွာထဲကတချို့ဆို အဖျင်းတွေဖြစ်ကုန်တယ် အဆံမပါဘူး။ မရိတ်တော့တာ ၃၊ ၄အိမ်ရှိတယ်။ ကျနော်တို့ ဟာလည်း အဲ့လိုပဲ။ တခြားရွာတချို့လည်း အဲ့လိုပြောတယ်။ တချို့က မရိတ်လိုက်ရတာတွေရှိတယ်တဲ့။ “ လို့ ဦးရီဖဲက ပြောပါတယ်။

ဒါ့အပြင် ရွှေ့ပြောင်းတောင်ယာတွေမှာ သဘာဝမြေဩဇာဖြစ်တဲ့ လင်းနို့ချေးတွေ ထည့်ကြပေမယ့် ဒီနောက်ပိုင်းမှာဆိုရင် လင်းနို့ချေး ရှာဖွေရခက်ခဲလာတဲ့အတွက် မထည့်နိုင်တော့တာတွေရှိတယ်လို့ ဆိုကြပါတယ်။

“ တစ်အိမ်သွားမေးကြည့်လည်း ဒီနှစ်တော့ အိမ်တိုင်းလိုလို အထွက်နည်းတယ်ပြောတယ်။ တခြား အိမ်မေးကြည့်လည်း ဒီနှစ်တော့မရဘူး စပါးတွေက အဖီးပဲရှိနေတယ်။ အသေများတယ် အဲ့လိုတော့ ပြောကြတယ်ပေါ့။ “ လို့ ဖရူဆို ဒေသခံ တစ်ဦး က ပြောပါတယ်။

ဖရူဆိုမြို့နယ် ဒိုးပရယ်အုပ်စု ၊ မိုဆိုအုပ်စု မှာ ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်သူအများစု စပါး သေဆုံးမှုနဲ့ အထွက်နှုန်း ပုံစံတူနေပြီး လောထောတနော၊ ထီးသော်တနီးကူး၊ ဒေါကူလယ် စတဲ့ကျေးရွာတွေလည်း အလားတူဖြစ်ပါတယ်။

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ကျေးရွာတွေဟာ ရွေ့ပြောင်းတောင်ယာ အဓိက အားထားရတာကြောင့် လာမယ့်နှစ်အတွက် တောင်ယာခုတ်နိုင်ရေးကို စတင်နေရာရှာဖွေနေပြီဖြစ်ပြီး စစ်ဘေးရှောင်နေရတဲ့ တောင်သူတွေ အများစုဖြစ်တဲ့အတွက် မြေသြဇာ ဝယ်ယူနိုင်ရေး အခက်အခဲရှိသလို သဘာဝမြေသြဇာ အသုံးပြုနိုင်မှုမှာလည်း ထင်သလောက် မအောင်မြင်ဘူးလို့ ဆိုကြပါတယ်။

ဖရူဆိုမြို့နယ်အတွင်း စပါးကြိတ်တဲ့ စက်ရုံမရှိတဲ့အတွက် ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်သူတွေ မှာလည်း ရရှိလာတဲ့စပါးကနေ ဆန်ပြန်ကြိတ်နိုင်ဖို့လည်း အခက်အခဲ တစ်ခုအဖြစ်ကြုံနေကြရပါတယ်။

ယခုနှစ် ရွေ့ပြောင်းတောင်ယာခုတ်ဖို့အတွက်ဆိုရင် ဇန်နဝါရီ လပိုင်း ၊ ဖေဖော်ဝါရီ လပိုင်းလောက်မှ သာ စတင်ပြန်ခုတ်ကြမှာဖြစ်ပြီး ယခုဆောင်းတွင်း ရိတ်သိမ်းကာလမှာ စတင်နေရာရွေးချယ်ထားကြလေ့ရှိပါတယ်။

spot_img
spot_img

Recent posts